Ants build nest in teen's ears

Saturday, May 21, 2011

နားထဲမှာပုရွက်ဆိတ်အုံတည်...

 The girl's right ear is red and swollen

     
ထိုင်ဝမ်နိုင်ငံမှ အသက် ၁၆ နှစ်အရွယ်ရှိ မိန်းမပျိုလေးတစ်ဦး၏ နားထဲတွင် ပုရွက်ဆိတ်အုံတစ်ခုလုံးဖြစ်
တည်၊ ဖွဲ့ စည်းနေသည်ကိုတွေ့ ရှိခဲ့ ရသည်ဟုဆိုပါတယ်...
ထိုင်ဝမ်နိုင်ငံ၊ မြို့ တော် တိုင်ပေတွင်နေထိုင်သည့် အဆိုပါ မိန်းကလေးဟာ သူမ၏နားများယားယံသဖြင့် ဆ
ရာဝန်ထံသွားရောက်ပြသရာတွင်မှ ထိုကဲ့ သို့ ( ကလေးစိတ်က မကုန့် တစ်ကုန်၊ ပုရွက်ဆိတ်ကအုံ ဆိုတာ
အဲဒါမှ အမှန်ပါပဲဗျာ...) အဖြစ်ဆန်းဖြစ်နေသည်ကိုတွေ့ ရှိခဲ့ ရခြင်းဖြစ်ပါတယ်...
တိုင်ပေမြို့ တော် ဆေးရုံကြီး၏ နားနှင့် လည်ချောင်းရောဂါဌာနမှ ဆရာဝန်ကြီး ဒေါက်တာဟုံယွန်ဆန်း ကိုယ်
တိုင် သူမ၏ ညာဖက်နားအတွင်း ပုရွက်ဆိတ် အကောင် ၂၀ ကျော် အသိုက်ဖွဲ့ နေသည်ကိုတွေ့ ရှိခဲ့ ရခြင်း
ဖြစ်ပါတယ်...
သူမ၏ဘယ်ဖက်နားအတွင်းတွင်လည်း ပုရွက်ဆိတ်အနည်းငယ်ရှိနေပါသေးတယ်...
သကြားလုံးနှင့် အချိုကြိုက်တတ်၊ စားတတ်လေ့ ရှိသည့် မိန်းကလေးဟာ ထိုအချိုမုန့် များစားပြီး သူမ၏နား
ကို ကုတ်မိ၊ထိမိရာမှ ထိုနားသို့ ပုရွက်ဆိတ်များဝင်ရောက်လာခဲ့ ခြင်းဖြစ်ပုံရပါတယ်...

သူမ၏နားအတွင်းမှ ပုရွက်ဆိတ်များထွက်လာခဲ့ သည်ကို ယခင်ကတွေ့ ဖူးခဲ့ သော်လည်း ယခုကဲ့သို့ အိမ်ဖွဲ့ 
နေလိမ့် မည်ဟု လုံးဝမတွေးထင်ထားခဲ့ ပါဘူးဟု မိန်းကလေးကဆိုပါတယ်...
သူမ၏နားများဟာ နီရဲ၊ ယောင်ကိုင်းနေခဲ့ ပေမယ့် ကံကောင်းထောက်မစွာ ဆေးရုံသို့ အရောက်စောသွားသ
ဖြင့် သူမရဲ့ နားစည်ကို မထိခိုက်မှီ ( နားမကန်းမှီ ) ကုသနိုင်လိုက်ခဲ့ ပါတယ်...

သြော်...
ကိုယ့် နားထဲပုရွက်ဆိတ်အသိုက်ဝင်လုပ်၊ အိမ်ဖွဲ့ နေတာတောင်မသိတဲ့ မိန်းကလေးရယ်...
မင်းဘ၀ရှေ့ ရေးတော့ တစ်ကယ်ကိုရင်လေးမိပါတော့ တယ်...

A 16-year-old Taiwanese girl was found to have a whole nest of of ants in her ears.
The girl, from Taipei, discovered this when she went to see a doctor after suffering from itchiness in ears.
Dr Hung Yuan-Tsung, chief of the Otolaryngology division of Taipei City Hospital found over 20 ants in her right ear.

There were also a few ants in her left ear.
Apparently, the girl who loves eating sweet food on her bed had scratched her ears and that had attracted the ants.

The girl said there were a few occasions when she found ants crawling out from her eats, but had never imagined that the insects were actually living there.
Her infected ears were red and swollen but luckily for her, early treatment saved her ear drums.
Source: BCC

3 comments:

Angelhlaing(May everybody be happy and healthy! said...

တော်တော်လေး ရင်လေးစရာပါလားနော်..

Unknown said...

တစ်နေ့ တစ်ပုဒ်လောက်တော့ တင်ပေးပါဗျာ.. မနက်မိုးလင်းတာနဲ့ အကို့ ဆိုက်ကို ၀င်ဖတ်နေကြဖြစ်နေလို့..အကို့ ဆိုက်က ဗဟုသုတ အရမ်းရလို့ ပါ .. ကျေးဇူးတင်ပါတယ်ဗျာ..

ကိုဇော် said...

တကယ်အံ့သြစရာပဲ။ ဘာလို့လဲ ဆိုတော့ နားဆိုတာ တစ်ခုခု ဝင်လို့ပဲ ဖြစ်ဖြစ် ၊ သဘာဝကြောင့်ပဲ ဖြစ်ဖြစ် ယားလို့ လက်နဲ့ပဲ ဖြစ်ဖြစ် အထဲကို နှိုက်ပြီး ကုတ်လိုက်မိရင် သူက အလိုလို အထဲက အရည်ထွက်လာတယ်။ အဲဒါက ပိုးသတ်ဆေးရည်ပဲ။ တကယ်လို့ အထဲမှာ အကောင် တစ်ကောင်ကောင် ရှိနေရင် ဒီအရည်ကြောင့် သေသွားတယ်။ ဒါဆို နားကို အန္တရာယ် မရှိတော့ဘူးပေါ့။ ဒီအရည်ကို အရက်ထဲ ထည့်လိုက်တော့ သေတာလေ။ အခုတော့ ဒီကလေးမက ဒီအရည် မထွက်တာများလား။