Couple who claim to be Jesus Christ and Mary Magdalene set up base in Australia

Thursday, May 19, 2011

ယေရှုခရစ်နှင့် မေရီမက်ဒယ်လင်း ၀င်စားသူဟုဆိုသည့်ဇနီးမောင်နှံ....

ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကဲ့ သို့ ရုပ်ရည်ချောမောကြပါပေတယ်...

၎င်းတို့ ကိုယ်၎င်းတို့ ယေရှုခရစ်တော်နှင့် မေရီမဂ်ဒယ်လင်း ( ခရစ်တော်ပြန်လည်ရှင်သန်ထမြောက်လာခဲ့ 
သည်ကိုတွေ့ မြင်ခဲ့ ရသည့် ယုံကြည်သူ တပည့် မ ) ဟုအခိုင်အမာယုံကြည်ပြောဆိုနေကြသည့် ဇနီးမောင်
နှံတစ်စုံတို့ ဟာ (သြစတေးလျနိုင်ငံ) ကွင်းစလန်ပြည်နယ်၊ ဘိုင်ဘယ်ဘဲ့ လ်တ် အရပ်တွင် အခြေစိုက်ဌာန
ချူပ်၊ ကျောင်းတောင်တည်ထောင်ခဲ့ ကြပြီး နိုင်ငံတစ်ဝှမ်းမှ ကြည်ညိုယုံကြည်သူ တပည့် သာဝကများစွာ ရ
ရှိလာနေခဲ့ ကြပါတယ်...

နာမည်အစစ်အမှန်အားဖြင့် အလန်ဂျွန်မေလာ နှင့် မေရီဆူဇန်လပ် ဟုခေါ်ဆိုကြသည့် အဆိုပါမောင်နှံဟာ
ကင်ဂါရွိုင်းဒေသအနီး၊ ၀ီကက်စ်ဒေးလ် တောအရပ်ဒေသတွင်အခြေချနေထိုင်ကာ စည်းရုံးဟောပြောလျှက်
ရှိပြီး နောက်လိုက်နောက်ပါအယောက် ၃၀ မှ ၄၀ အထိရှိနေပြီဟု ၎င်းတို့ ကဆိုပါတယ်...
" ကျွန်တော့် နာမည်က ယေရှုဖြစ်ပါတယ်...ဒါဟာ ( နောက်နေတာမဟုတ်ပါဘူး...) အမှန်တကယ်၊ အလေး
အနက်ကိုပြောတာဖြစ်ပါတယ်..." လို့ မစ္စတာမေလ်လာ ကဆိုပါတယ်...
အင်ဂလိကန်အသင်းတော်၊ကက်သလစ်အသင်းတော်နှင့် ဘာသာရေးဆိုင်ရာဂိုဏ်းဂဏများအား စောင့် 
ကြည့် လေ့ လာသူများက ၎င်းတို့ ဆက်လက်ရှင်သန်နေထိုင်နိုင်ရေးအတွက် နောက်လိုက်နောက်ပါများအား
အလှူငွေကြေးထည့် ဝင်လှူဒါန်းခိုင်းသည့် အဆိုပါစုံတွဲဟာ ( မသိနားမလည်သည့်၊ ယုံကြည်လွယ်သူ )
နောက်လိုက်နောက်ပါများ ကိုစည်းရုံးသိမ်းသွင်းလာနိုင်ဖွယ်ရှိတယ်လို့ စိုးရိမ်မကင်းဖြစ်နေကြပါတယ်...



မစ္စတာမေလ်လာဟာ ၀ီလ်ကိစ်ဒေး အရပ်ရှိ ၁၆ ဟက်တာကျယ်ဝန်းသည့် ခြံမြေ၊ အိမ်ယာကို ၂၀၀၇ ခုနှစ်
တွင် ၀ယ်ယူခဲ့ တာဖြစ်ပြီး ၎င်း၏ မြင့် မြတ်သည့် သစ္စာတရား ယုံကြည်လိုက်နာသူတွေဟာလည်း ၎င်းတို့ ၏

ခင်မင်နှစ်လိုဖွယ်ရာ၊ ကြည်ညိုချစ်ခင်ဖွယ်ရာရုပ်ရည်အဆင်းရှိကြသည့်  အသက် ၄၇နှစ်ရှိဘာသာရေးခေါင်း
ဆောင်နှင့် ၎င်း၏ဇနီး အသက် ၃၂ နှစ်ရှိ မစ္စလပ် တို့ နှင့်နီးနီးနားနားနေထိုင်နိုင်ရန် ပါတ်ဝန်းကျင်အနီးအနား
ရှိမြေကွက်များကို ၀ယ်ယူလျှက်ရှိကြပါတယ်...


 ပြောသမျှယုံဖို့ ဆိုတာ...
ဥပဓိရုပ်ကလည်းအရေးကြီးတယ်နော်...

ထိုအဖွဲ့ ( ၀င်များ ) ၏ နေအိမ်ခြံယာများဝယ်ယူမှုကြောင့် အိမ်ခြံမြေဈေးကွက်အရောင်းအ၀ယ်များတိုးတက်
လာနိုင်လိမ့် မယ်လို့ အိမ်ခြံမြေအကျိုးဆောင်များနှင့် ဒေသခံများက အတည်ပြုပြောဆိုခဲ့ ကြပြီး နောက်
လိုက်တပည့်များက ထိုဒေသတွင် မြေကွက် ၃၀ အထိဝယ်ယူခဲ့ ကြပြီး နောက်ထပ်အိမ်ခြံမြေများလည်း အ
လွန်ပဲ အ၀ယ်လိုက်နေတယ်လို့ ဆိုပါတယ်...


နောက်လိုက်၊နောက်ပါများဟာ ၂၀၀၉ ခုနှစ်မှာ ဒေါ်လာ လေးသိန်းတန် အကျယ် ၂၄၀ ဟက်တာရှိအိမ်ခြံမြေ
တစ်ခုကိုဝယ်ယူကာ အပါတ်စဉ်အစည်းအဝေးမျာုးများပူးပေါင်းပါဝင်ပြုလုပ်ကာ အပြည်ပြည်ဆိုင်ရာမှ လာ
ရောက်ကြသူများအတွက် ဗဟိုဌာနတစ်ခုတစ်ဆောက်ဖို့ စီစဉ်နေကြပါတယ်...


 
ကောင်းကင်မှကြည့်လျှင် လက်ဝါးကပ်တိုင်ပုံပင်ဖြစ်ပေါ်နေပါတယ်...


ထူးထူးခြားခြားတိုက်ဆိုင်စွာပင် အဆောက်အဦးများဆောက်ရန် သစ်ပင်ခြုံပုတ်များရှင်းလင်းခဲ့ သည့် နေရာ
တွင် ကြီးမားသည့် လက်ဝါးကပ်တိုင်ပုံသဏ္ဍာန်ကြီးတစ်ခုပေါ်ပေါက်လာနေခဲ့ ပါတယ်...
ထိုနေရာတွင်နေထိုင်သူများကတော့ ယခုကဲ့ သို့ ဖြစ်ပေါ်စဉ်ရန် တမင်ပြုလုပ်ခဲ့ တာမဟုတ်ပါဘူးလို့ ပြောဆို
ခဲ့ ပါတယ်...


ထူးထူးဆန်းဆန်းပါပဲ...



A couple who claim they are Jesus Christ and Mary Magdalene have set up base in Queensland's Bible Belt and are drawing in disciples from across the country. The pair, real names Alan John Miller and Mary Suzanne Luck, operate from rural Wilkesdale, near Kingaroy, where they claim to have been joined by 30-40 followers.
"My name is Jesus and I'm serious," Mr Miller says. Cult watchers and the Anglican and Catholic churches are concerned the pair, who ask followers to donate to sustain them, could draw in the vulnerable.

Mr Miller bought a 16ha property at Wilkesdale in 2007 and his Divine Truth followers have since been buying nearby blocks to be close to the charismatic leader, 47, and Ms Luck, 32.
Locals and real estate agents confirmed the group had sparked an unlikely property boom, with estimates they have bought up to 30 blocks and with new properties in high demand.
Followers joined forces in 2009 to buy a $400,000, 240ha property where they hold weekly meetings and plan to build a centre for international visitors. In an apparent coincidence, land clearing has created a giant cross on neighbouring properties. Locals insisted it was not carved deliberately.

3 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
လက်ဝါးကပ်တိုင်ပုံစံတူပေါ်နေတဲ့အပေါ်ကိုတော့အထူးစိတ်
ဝင်စားမိတယ်ဗျာ-

jeremiahkhai said...

this is nonsense ... Matthew 24:24 "For there shall arise false Christs, and false prophets, and shall shew great signs and wonders; insomuch that, if it were possible, they shall deceive the very elect."
This is what Jesus Said in the Bible ... I would Rather Believe in What Jesus Said than that anti-Christ claimed ...! for the Lord good ... !
Jeremiah khai

jeremiahkhai said...

Matthew 24:24 "For there shall arise false Christs, and false prophets, and shall shew great signs and wonders; insomuch that, if it were possible, they shall deceive the very elect."
I would rather Believe In What the Bible said than that anti-Christ said ...for the Lord is good ... !