Art student's performance led to death by asphyxiation

Monday, May 23, 2011



မော်ဒါန်အနုပညာရှင်ကျောင်းသားရဲ့ သရုပ်ဖော်တင်ဆက်မှုအနုပညာ... 

ကိုလံဘီယာနိုင်ငံမှအနုပညာကျောင်းသား ဂျွန်ဂျိုင်ရိုဗီလာမေးလ် ဆိုသူဟာဖန်တီးမှုသရုပ်ဆောင်အနုပညာ
ပြကွက်တစ်ခုတွင် ၎င်း၏ဦးခေါင်းကို အမှိုက်အိတ်တစ်လုံးဖြင့် စွပ်ခဲ့ပြီးနောက်သေဆုံးသွားခဲ့ ရပါတယ်...
၎င်းဟာ သူ့ ရဲ့ မွေးရပ်မြေဖြစ်သည့် ဘိုဂိုတာမြို့ နှင့် ပါတ်သက်ပြီးရည်ညွှန်းသရုပ်ဖော်သည့် အနေဖြင့် (လွတ်
လပ်မှုမရှိ၊ မွန်းကြပ်ပိတ်လှောင်ခြင်းကို ရည်ညွှန်းချင်လေသလားတော့ မသိပါဘူး...) အဆိုပါအမှိုက်အိတ်ကို
စွပ်ပြီးသရုပ်ပြနေခဲ့ စဉ် အသက်ရှူကြပ်ကာသေဆုံးခဲ့ ခြင်းဖြစ်ပါတယ်....

(မော်) ဒန်ဆရာ...ကံကြမ္မာငင်လေတော့ ...


သူ့ ရဲ့ မော်ဒန်သရုပ်ဆောင်မှုမှာ ဦးခေါင်းကိုအိတ်တစ်လုံးဖြင့်စွပ်ကာဖုံးအုပ်လိုက်ပြီး ခြေထောက်များကို
တော့ ရေထည့်ထားသည့် ပုံးတစ်ခုထဲမှာရှိစေကာ လက်တစ်ဖက်က ကြေငြာစာရွက်များနှင့် သံကြိုး၊ အခြား
လက်တစ်ဖက်က သစ်ရွက်တစ်ခုကို စွဲကိုင်ထားတာဖြစ်ပါတယ်...
ကိုလံဘီယာနိုင်ငံ၊ ဒယ်လ်ဘို့ စ် တက္ကသိုလ်မှာပြုလုပ်ခဲ့ သည့် အသက် ၂၅နှစ်အရွယ်ရှိ အနုပညာသင်တန်း
သားရဲ့ ပရိတ်သတ်များက ၎င်းအသက်ရှုကြပ်ကာ အကြောလိုက်ပြီး ဆန့် ငင်ဆန့် ငင်ဖြင့် တက်နေသည်ကို
အနုပညာသရုပ်ဖော်မှုအထွတ်အထိပ်ရောက်နေသည်ဟု ( အနုပညာမြောက်သရုပ်ဆောင်နေသည်ဟု ) ထင်မှတ်ကာ မည်သူမျှတုတ်တုတ်မလှုပ်ပဲအားပေးကြည့် ရှုနေခဲ့ ကြတာဖြစ်ပါတယ်...


YouTube link.

ပြပွဲပြီးနောက်မှာ သူဟာဦးနှောက်ပိုင်းဆိုင်ရာတုံ့ ပြန်လှုပ်ရှားမှုလုံးမရှိတော့ ကြောင်း၊ ၎င်းနောက်ငါးရက်အ
ကြာမှာတော့ သေဆုံးသွားပြီဖြစ်ကြောင်းကြေငြာခဲ့ ပါတယ်...
၎င်း၏မိခင်ဖြစ်သူက အနုပညာမြောက်တင်ဆက်ပြသရာမှာ ပိုမိုပြင်းပြစွာ၊ ထိရောက်စွာပြသနိုင်ဖို့ နည်းပေး
လမ်းပြမှုတွေပြုလုပ်ခဲ့ တယ်လို့ ဆိုခဲ့ ကြပြီး ယခုအခါမှာတော့ သေဆုံးရမှုအပေါ် တက္ကသိုလ်မှအလေးမထား
ဂရုမစိုက်ခြင်းကြောင့် ဖြစ်ရတာလို့ အပြစ်တင်ခဲ့ ကြပါတယ်...

အခုခေတ်ပေါ်တဲ့ မော်ဒါန်အနုပညာဆိုတာတွေကို အများစုတော့ နားမလည်၊ ခံစားလို့ မရတာအမှန်ပါပဲ...
ကိုယ်တိုင်ကပဲ ထိုးထွင်းဥာဏ်ချို့ တဲ့ လို့ လားမသိပါဘူး...
သူတို့ ဘာကိုရည်ညွှန်းသလည်းဆိုတာ စဉ်းစားလို့ ကိုမရပါဘူး...တည့် တည့် ပြောလည်းရတဲ့ဟာကို လူနား
မလည်အောင် သွယ်ဝိုက်ကွေ့ ကောက်ပြီး၊ မခက်ခက်အောင်ရေးနေ၊ ပြေနေတာကိုကပဲ မော်ဒါန်လားမသိ
တော့ပါဘူး...

Colombian art student John Jairo Villamil has died after covering his head with a rubbish bag during a performance piece. He suffocated during a performance about his perception of his hometown Bogota.
It involved him covering his head with a bag and placing his feet inside a bucket of water while holding a chain with bills in one hand and a leaf in the other.

The 25-year-old’s audience at the Universidad del Bosque, in Colombia, thought his heavy breathing and convulsions were part of the performance and did not react.

He was described as brain dead immediately after the show – which aimed to depict the perception of his hometown Bogota – and declared dead five days later. His mother is said to have provided tips on how to make the performance more shocking and is now blaming the university for neglect.

1 comments:

အင်္ဂါဟူး said...

ဟွန့် ပြောရက်လိုက်တာ...

မော်ဒန်ဆိုတာ မန်ဒေါ်ပေါ့ ကိုပီတာရဲ့..ခက်ပါသကွဲ.။