Thursday, March 1, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်


 



ချစ်မိတ်ဆွေ ဆရာလေးကိုသက်တန့် က ငါးထောင်တန်ဆင်းကဒ် အကြောင်းလေးသဘောထား
ရေးပေးဖို့ တိုက်တွန်းလို့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လွန်ခဲ့ သည့် ရက်များမကြာခင်က မိတ်ဆွေတစ်
ဦးနှင့်ထိုကိစ္စပြောခဲ့ တာလေးအမှတ်ရမိသည်...
ထိုငါးထောင်တန်ဆင်းကဒ်အကြောင်းကား အွန်လိုင်းမီဒီယာ ဖိုရမ်၊ ဖေ့ ဘွတ်များတွင် ရေးသား
ပြောဆိုငြင်းခုန်နေကြသည်မှာ အုတ်အော်သောင်းနင်းပင်ဖြစ်နေသည်မှာ ကာလအတန်ကြခဲ့ 
လေပြီ....
ထိုနေ့ က မိတ်ဆွေက ငါးထောင်တန်ဆင်းကဒ်ကိစ္စမှာ မြန်မာနိုင်ငံအနေဖြင့် နည်းပညာပိုင်း
ဆိုင်၇ာလိုအပ်ချက် အရလောလောဆယ်မဖြစ်နိုင်သေးကြောင်း၊ network backbone အတွက်
အရေးကြီးဆုံးဖြစ်သည့် tower တိုင်များ တိုင်းပြည်နေရာအနှံ့ ( အထူးသဖြင့် တောင်းတန်း၊ပြည်
နယ်ဒေသများတွင် ) စိုက်ထူရန်လိုအပ်နေသေးကြောင်း၊ လက်ရှိ bandwitch ဖြင့် ဆင်းကဒ်များ
အား ဈေးပေါပေါဖြင့် ရောင်းလိုက်လျှင် bandwithc မနိုင်သည့် ပြဿနာဖြစ်မှာသေချာကြောင်း
စသည့် ပညာရှင်တစ်ဦးပီပီ နည်းပညာပိုင်းဆိုင်ရာကိစ္စများကိုအခြေခံကာ အကျိုးအကြောင်း
ဂှုင်းပြသလို ထိုကိစ္စကိုစတင်ပြောဆိုခဲ့ သည့် ရွှေပြည်တန်ခွန်ကုမ္ပဏီဟာ ၂၀၁၁ သြဂုတ်လမှာ
စဖွဲ့ တယ်၊ ၂၀၁၂ ဇန်န၀ါရီလ ၁၆ ရ၇က်နေ့ မှာ စီမံ/ စီးပွားက မှတ်ပုံတင်ခွင့် ပြုတယ်၊ ဒီတော့ 
၅၀၀၀ ထောင် ဆင်းကဒ်အကြောင်းပြောတဲ့ အချိန်မှာ မှတ်ပုံတင်တောင်မကျသေးကြောင်း ၊
ဒါရိုက်တာအဖွဲ့ မှာ ဦးလွင်နိုင်ဦး ( သတင်းစာရှင်းလင်းပွဲလုပ်သူ ) က အုပ်ချူပ်မှုဒါရိုက်တာ၊ သူ့ 
ရဲ့ မိန်းမဖြစ်သူ ဒေါ်စုစုလွင်က ဒါရိုက်တာ၊ သူ့ ရဲ့ အမေ ဒေါ်ဝင်းဝင်းကြည်က ဒါရိုက်တာ စတဲ့ ဒါ
ရိုက်တာအဖွဲ့ သုံးဦးနဲ့ ဖွဲ့ ထားကြောင်း၊ သူတို့ ကုမ္ပဏီရုံးခန်းက အောက်ကြည့် မြင်တိုင်လမ်းမှာရှိ
တဲ့ ရွှေဂုံသူ ကွန်ဒိုမှာ မီဒီယာတက်ခ် ဆိုတဲ့ တစ်ခြားကုမ္ပဏီတစ်ခုနဲ့ ရုံးခန်းတောင်တွဲဖွင့် ထား
တယ်ဆိုတဲ့ အကြောင်း အဲဒီကုမ္ပဏီသူဌေးဦးလွင်နိုင်ဦးနေတာက အမှတ် ၃၇၊ အေ လှိုင်မြစ်
လမ်း၊ ၁ ရပ်ကွက် ၊ လှိုင်မြို့ နယ်မှာ အခန်းငှားနေတယ်၊ သူ့ ဇာတိက ပျဉ်းမနား သူ့ ရဲ့ အဖေက
စက်မှုလယ်ယာက စက်ကြီးမောင်း စသည်ဖြင့် လူပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းတွေပြောကာ
ထိုကုမ္ပဏီအားစိတ်မချရကြောင်း၊ ယခုလည်းထိုဖုန်းကဒ်အကြောင်းပြောကာ ကုမ္ပအစုရှယ်ရာ
များရောင်းရန်ကြံစည်နေကြောင်းဖြင့် ပြောပြပါတယ်...


ကျွန်တော်ကတော့ ထိုကုမ္ပဏီ စိတ်ချယုံကြည်မှုရှိမရှိဆိုတာထက် မြန်မာပြည်သူတွေ မိုဘိုင်း
ဆင်းကဒ် တစ်ခုကိုငါးထောင်ထဲနဲ့ ဝယ်လို့ ရနိုင်တယ်ဆိုတဲ့ အသိတစ်ခုရသွားတာနဲ့ တင် ထိုသူ
ကိုကျေးဇူးတင်တယ်...

ကဲ အခုတော့ ကိုသက်တန့် မေးထားတဲ့ မေးခွန်းလေးတွေပဲအယင်ဖြေပါရစေဦး...


၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။


ဟုတ်ကဲ့ ကိုယ်တိုင်က ဆင်းရဲသားလူတန်းစားအလွှာထဲပါနေလို့ နှစ်သိန်းဆိုတာဟာလည်း မြန်
မာပြည်က သာမာန်ပြည်သူတစ်ယောက်ရဲ့ ဝင်ငွေနဲ့ တွက်ယင် များနေသေးတာပါပဲဆိုတာ အ
သေအချာပါ...

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

နိုင်ငံသားတိုင်းဟာ မိမိတို့ ရဲ့ ဆန္ဒကို စည်းကမ်းတကျလွတ်လပ်စွာထုတ်ဖော်နိုင်ခွင့် ( တစ်ခြား
ပြည်သူတွေကို မထိခိုက်လျှင် ) ရှိရမှာမို့  လုပ်ဆောင်လိုသူများလုပ်ဆောင်နိုင်ခွင့် ရှိရပါမယ်...
 
၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။

ဒါဟာလည်း အများပြည်သူကောင်းကျိုးအတွက် သဘောချင်းညီမျှသူတွေပြုလုပ်တာမို့ လုပ်
ဆောင်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ...

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

ကြိုဆိုရုံမျှမက ၊ အမှန်တကယ်ဖြစ်စေချင်တာပါ....

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

တစ်ကယ်တော့ ဒီလိုဖြစ်သင့် နေတာကြာလှပြီပေါ့ ဗျာ...
မြန်မာ့ ဆက်သွယ်ရေးအနေနဲ့ ကိုယ်မလုပ်နိုင်လည်း လုပ်နိုင်မယ့် သူတွေကို စည်းကမ်းတကျ
နည်းလမ်းတကျ ကန်ထရိုက်ပေးပြီးလုပ်စေမယ်ဆိုယင် ဒီကိစ္စဟာမဖြစ်နိုင်စရာမရှိပါဘူး...
နည်းပညာပိုင်းဆိုင်ရာပညာရှင်တစ်ယောက်မဟုတ်လို့ အသေးစိတ်မသိပေမယ့် ကမ္ဘာမှာ မြန်
မာပြည်လောက် မိုဘိုလ်းဖုန်းအမျိုးအစား ( ဂျီအက်စ်အမ်၊ စီဒီအမ်အေ၊ ကမ်းရိုးတမ်း၊ ခြင်းဖုန်း
စသည်ဖြင့် အမျိုးလည်းစုံသလို ဈေးလည်း ကြီးလှပါတယ်...) စုံပြီး ဈေးကြီးတဲ့ တိုင်းပြည် မရှိ
လောက်ပါဘူး...
ရောက်ခဲ့ သမျှတိုင်းပြည်ကလူတွေကလည်း မြန်မာပြည်ကမိုဘိုင်းဆင်းကဒ် ဈေးနှုန်းကိုကြားရ
ယင် မယုံကြည်ကြပါဘူး...
ကျွန်တော်တို့ ကိုတစ်ခြားကမ္ဘာကလာသလားလို့ တောင်ထင်နေကြသလားမသိပါဘူး...
ဒါကြောင့် တစ်နိုင်ငံလုံးမှ လူတန်းစားအားလုံးသုံးစွဲနိုင်မည့် ဈေးနှုံးဖြင့် မိုဘိုင်းဆင်းကဒ်များ 
အားရောင်းချနိုင်ရေးဟာ လိုလားအပ်တဲ့ ကိစ္စတစ်ရပ်အဖြစ်ရှုမြင်သုံးသပ်မိပါတယ်...
 

0 comments: