Man who met God has drawn map of heaven

Thursday, March 22, 2012

အာဖရိကမှ ကောင်ကင်ဘုံသွား လမ်းပြမြေပုံ.... 

လမ်းပြမြေပုံနှင့် ဘဘကြီး...

ကောင်းကင်ဘုံသို့ ၎ ကြိမ်တိုင်တိုင်ရောက်ဖူးသည်ဟု အခိုင်အမာပြောဆိုပြီးထိုနေရာသို့ သွားရ
သည့် မြေပုံအား ၎င်းနေအိမ်နံရံတွင် ရေးဆွဲထားသည့် တောင်အာဖရိကနိုင်ငံသားတစ်ယောက်
၏နေအိမ်သို့ လူအမြောက်အများလာရောက်လျှက်ရှိနေပါတယ်...
ဘုရားသခင်၏တမန်တော်ဟု မိမိကိုယ်ကို ပြောဆိုကြေငြာထားသည့် အသက် ၆၄ နှစ်အရွယ်ရှိ
ကွာဇူလူ-နေတယ် ဒေသ၊ မန်ဒီနီအရပ်မှ ဆီဘူဆီဆိုမသမ်ဘူ က ကောင်းကင်ဘုံ ၁၁ ခု ( နတ်
ပြည် ၁၁ ထပ် ) ရှိပြီးထိုဘုံအားလုံးသို့ သူရောက်ဖူးကြောင်း ပထမဦးဆုံးကောင်းကင်ဘုံသို့ သွား
ရောက်ခဲ့ သည်မှာ ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်...
မသမ်ဘူ က ၎င်း၏ကောင်းကင်ဘုံသို့ သွားရောက်ခဲ့ သည့် နောက်ထပ်ခရီး ၃ ခုမှာ ၂၀၀၄ ခုနှစ်
၂၀၀၆ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်များတွင် ပြုလုပ်ခဲ့ တာဖြစ်တယ်လို့ လည်းအခိုင်အမာပြောဆိုခဲ့ ပါ
တယ်...
ထိုခရီးများမှအပြန်တွင်တော့ သူဟာ ကောင်းကင်ဘုံရဲ့ တည်ရာမြေပုံနှင့် ဖွဲ့ စည်းနေထိုင်ပုံတို့ 
ကိုရေးဆွဲခဲ့ ပါတယ်...
နတ်ပြည် ၁၁ ထပ်ရှိသော်ငြား အဓိကကောင်းကင်ဘုံက ဆလမ်ဖြစ်ပြီး ထိုအထပ်တွင် ထာဝရ
ဘုရားသခင်၏ ကျောင်းတော်ရှိတာဖြစ်ပါတယ်လို့ မသမ်ဘူ ကဆိုပါတယ်...
ယေရှုသခင်က အဖြူရောင်အဆင်းရှိပြီး ထာဝရဘုရားသခင်ကိုယ်တော်က အညိုရောင် အသား
အရည်ရှိပါတယ်...ထာဝရဘုရားသခင်ဟာ ငယ်ရွယ်နုပျိုလျှက်ရှိနေပြီး သူဟာ ထာဝရဘုရားသ
ခင်ကို ၂၀၀၄ ခုနှစ်မှာသွားရောက်ခဲ့ သည့် ကောင်းကင်ဘုံသို့ ဒုတိယခရီးတွင် တွေ့ ဆုံခဲ့ တာ
ဖြစ်ပါတယ်လို့ လည်း သူကဆိုပါတယ်....

သူ့ အတွက်တော့ အာဖရိက ဗားရှင်း ရှန်ဘဲလားလေလား...


လွန်ခဲ့ သည့် နှစ်မေလတွင် ကမ္ဘာကြီးအပြီးတိုင်ပျက်သုဉ်းလိမ့် မည်ဟု ကြိုတင်ဟောကိန်းထုတ်
ခဲ့ သူများ မှန်ကန်ကြောင်းလည်း မသမ်ဘူ ကပြောဆိုခဲ့ ပါတယ်...
" အဖြစ်မှန်ကဘာဖြစ်ခဲ့ သလည်းဆိုတော့ အဲဒီနေ့ ( မေလ ) က အီလ်ဘန်တ အမည်ရှိ ကောင်း
ကင်ဘုံ၊ နတ်နန်းမှာ ( နတ်သဘင် ) အစည်းအဝေးကြီးတစ်ခုပြုလုပ်နေကြပါတယ်...စေတန်လို့ 
ခေါ်တဲ့ မကောင်းဆိုးဝါးကို အကြီးအကျယ်တိုက်ခိုက်နှိမ်နင်းဖို့ ပေါ့ ...
တမန်တော်က ဘုရားသခင်ရဲ့ တစ်ရက်တာဟာ ကမ္ဘာနှစ် ၈၉၁ နှစ်နဲ့ ညီမျှတာမို့ မေလ ၂၃
ရက်နေ့ ဟာ ကမ္ဘာပျက်မယ့် နေ့ ရဲ့ အစနေ့ ဖြစ်တယ်လို့ ဆိုပါတယ်..." လို့ သူကဆိုပါတယ်...
သူ့ အနေနဲ့ ထိုလမ်းပြမြေပုံကိုလည်း ပုံနှိပ်ထုတ်ဝေပြီး တစ်ကမ္ဘာလုံးအား သိမြင်စေလိုသည်ဟု
လည်း သူကဆိုပါတယ်...
" တစ်နေ့ မှာ ဂျပန် သို့ မဟုတ် တရုတ် ဒါမှမဟုတ် ဗြိတိန်နိုင်ငံက လူတစ်ဦးဦးက ထာဝရ
ကောင်းကင်ဘုံရဲ့ မြေပုံကိုဆွဲပြီး တောင်အာဖရိက ကလူတွေကတော့ မူလပထမမြေပုံဟာ
တောင်အာဖရိကမှာဆွဲခဲ့ တယ်ဆိုတာကို မေ့ သွားကြမှာမို့ လူတွေအနေနဲ့ အခုမြေပုံကို လာ
ကြည့် သင့် ကြပါတယ်..."  လို့ သူကပြောကြားခဲ့ ပါတယ်...

A South African man is drawing huge crowds to his home after claiming that he has been to heaven four times and has drawn a map of it on a wall. Self-proclaimed prophet, 64-year-old Sibusiso Mthembu, from Mandeni, in KwaZulu-Natal, says there are 11 heavens, each of which he has visited, with his first heavenly journey having taken place in December 1998.
Mthembu claims his other three journeys took place in 2004, 2006 and the last was in 2008. On his return, he drew a map of heaven and its residents. Mthembu said though there were 11 heavens, the main one was Salem, where God's temple was. "Jesus is white and God is greyish in complexion. God is in his youth." He claims he met God during his second journey in 2004.

Mthembu said those people who predicted the end of the world in May last year were correct. "Actually, what was happening on that day is that there was a big meeting in heaven, called Il-Banta to discuss the biggest war to fight Satanism," he said. "The prophet says that God's single day is equivalent to 891 years, so May 23 was the beginning of the count-down to the end of the world."
He said he would like to see the map being printed for the whole world to see. "People must come and see the map as one day someone from Japan or China or Britain will design a map of heaven and the people of South Africa will have forgotten that the map was originally made in South Africa."

1 comments:

AH said...

အင်း သူ့ဟာနဲ့ သူတော့ ဟုတ်နေတာဘဲ... ကောင်းကင်ဘုံကို ၄ ခေါက်တောင်ရောက်ဖူးတယ်ဆိုတော့ သူ့ဟာနဲ့သူတော့ တော်တော့်ကို ကျေနပ်မယ့် ပုံပဲ...