Chinese butcher specialises in selling mice

Thursday, March 22, 2012

စားကြမယ်ဟေ့ ကောင်းကောင်း...တရုတ်ပြည်ကကြွက်သား...


အသားဆိုင်ပိုင်ရှင် ၀မ်ရှန်းအနေနဲ့ သူ့ ဆိုင်က အသားတွေဟာ တကယ့် ကိုလတ်လတ်ဆတ်
ဆတ်တွေပါပဲလို့ အာမခံနိုင်တာကတော့ သူရောင်းသမျှဟာတွေအားလုံးဟာ လတ်တလော
ဖမ်းမိထားတဲ့ ကြွက်အရှင်တွေဖြစ်နေတာမို့ ပဲဖြစ်ပါတယ်...
တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်တုန်ပြည်နယ်မှ ဒေသခံတရုတ်လူမျိုးများဟာ ဘယ်လိုအကောင်
ဘလောင်ပဲဖြစ်ဖြစ်၊ ဘယ်လိုအစားအသောက်ပဲဖြစ်ဖြစ်၊ ဘယ်လောက်ထူးဆန်းပါစေ ချက်ပြုတ်
ဖုတ်၊ ကင် ပြီးစားသောက်တတ်ကြတယ်လို့ နာမည်ကျော်ကြားကြပါတယ်...



ကြွက်ကြွ့ပ်ကင်ချိုမြမွှေး...
စီးပွားဖြစ်မွေးလို့ ရတယ်နော်...


အခုအခါမှာတော့ သူတို့ ဟာကြက်သား၊ ၀က်သားတွေထက် ဈေးပိုကြီးပြီး အရသာလည်းပိုရှိ
တဲ့ သူတို့ ဒေသရဲ့ အကောင်းဆုံးစားသောက်ကုန်ပစ္စည်း ကြွက်သားကို နိုင်ငံရဲ့ တစ်ခြားဒေသ
တွေကို တင်ပို့ ဖို့ စိုင်းပြင်းနေကြပါတယ်...
ကြွက်သားကြိုက်နှစ်သက်သူတွေဟာ စိတ်ရှည်လက်ရှည်၊ ကျနသေချာစွာ အရေခွံဆုတ်ကာ အ
သားထွင်ထားသည့် အထူးကြွက်ပေါင်ခြောက်များကိုပင် မှာကြားဝယ်ယူနိုင်ကြပြီဖြစ်ပါတယ်လို့ 
တုန်ဂွမ်းအရပ်မှ ၀မ် ကရှင်းလင်းပြောပြခဲ့ ပါတယ်...
" ကြွက်တွေဟာ သန့် ရှင်းမှုမရှိဘူးလို့ တစ်ချို့ လူတွေကစိုးရီမ်ကြပါတယ်...ဒါပေမယ့် ဒီကကြွက်
တွေအားလုံးက လယ်ကြွက်တွေဖြစ်ပြီး အလွန်ကျန်းမာသန်စွမ်းကြကာ ကျေးလက်တောရွာတွေ
ဖမ်းဆီးကြတာဖြစ်ပါတယ်....အဲဒီကြွက်တွေကို အထူးသီးသန့် လို့ ကိုသတ်မှတ်ထားတာဖြစ်ပါ
တယ်..." လို့ ဝမ် ကထပ်ပြီးပြောပြခဲ့ ပါတယ်...
ဝယ်ယူစားသုံးသူ မိုလင်း ကလည်း " ကျွန်တော်ဟာ ကြွက်သားစားလာတာ ၁၀ နှစ်ရှိပါပြီ...တစ်
ခါမှ ကြွက်သားစားလို့ မကျန်းမမာဖြစ်ခဲ့ ဖူးပါဘူး...ကြွက်သားကိုကြော်မလား၊ ကင်မလား၊ ပြုတ်
မလား ကြိုက်သလိုချက်စားနိုင်ပါတယ်...သိပ်ချိုပြီး သိပ်အရသာရှိပါတယ်..." လို့ ပြောကြားခဲ့ ပါ
တယ်....

သူပြောမှပဲ ကိုယ်တောင် လယ်ကြွက်သားစားရမလိုဖြစ်လာပြီ...

It's the butcher's shop where owner Wan Shen can guarantee that all his meat is squeaky clean - because all he ever sells are freshly caught mice.
Locals in Guangdong province, southern China, have a reputation for being able to cook and stomach any food, no matter how bizarre.
Now they're trying to export to the rest of the country one of their most highly rat-ed delicacies which is considered so tasty that pound for pound it's more expensive than chicken or pork. Fans can even buy a specially cured mouse bacon made into tiny rashers by delicate carving, explained Wan, from Dongguan.
"Some people worry that mice aren't clean but these are all wild, free range mice caught in the countryside and are very healthy. They are thought of as a special treat," added Wan. Customer Mo Lin added: "I've been eating mice for 10 years with no ill effects. You can fry them, roast them or boil them. They're very sweet and tasty."

1 comments:

T T Sweet said...

ငယ်ငယ်ကတော့ အိမ်မှာ အကိုတွေ ဘဲခြံထဲက ဘဲဥခိုးတဲ့ မြေကြွက်တွေ ထောင်ပြီး စားကြတာ ကြုံဖူးတယ်။ ကျွန်မတော့ မစားရဲဘူး။

ကြွက်ပေါင်ခြောက်ဆိုတော့ ၀က်ပေါင်ခြောက်တောင်စားရတာ အူယားလာပြီး)