Friday, June 29, 2012

အပန်းဖြေစရာ၊ ပုံရိပ်ကမ္ဘာ...

အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ ဖေ့ စ်ဘွတ်မှာတွေ့ မိတာ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါ
တယ်...

အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမ
တတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ 
တင်တာမို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...

ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...
ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
 အဲဒီ ဖ၀ါးကြောလေးထိတယ်... ဆက်ဆွဲပေးပါဦး...
သူ့ အလုပ်တော့ လွယ်မယ်မထင်...
 သင်သွားလိုရာသွား....သူ့ ကိုတော့ ဒီမှာခဏထားသွားနိုင်ပါတယ်...

 မုတ်ဆိတ်ဖက်ရှင်....

 လုပ်တော့ လုပ်နေတာပဲ.... နောက်တော့ လည်း အခြေအနေနဲ့ မကိုက်ညီပါဘူးဆိုပြီး
နောက်ပြန်လှည့် သွားနိုင်သေးတယ်...

မီးလျှံမြေခွေး...fire fox ဆံပင်ဒီဇိုင်း...

 ကြံကြံဖန်ဖန် လုပ်နိုင်တယ်ဗျာ...

 ဟိုတုံးက ဆံပင်ပုံစံဒီဇိုင်းအဆန်း...

 စိတ်လွတ်ကိုယ်လွတ် ဘောလုံးပွဲမကြည့် ကြမိဖို့ ...

 သူတို့ အချစ်ကတစ်မျိုး...
ဖိုးကံကောင်းပေါ့ ...


 ဟုတ်တော့ လည်းဟုတ်တယ်နော်....ရေကူးဝတ်စုံနဲ့ ဆို ဘယ်သူတွေကြည့် ကြည့် အရေး
မလုပ်ဘူး.... အောက်ခံဘောင်းဘီလေးနဲ့ များ မတော်တစ်ဆမြင်ကြည့် ပါလား....
တရားမစွဲခံရယင်ကံကောင်း...

 ပါတီမှာ၊ ကလပ်မှာတွေ့ တုံးကတော့ ဒီလို....
ညအိပ်ပြီးမနက်လည်းကျရော...ဒီလိုရုပ်ကြီးမျိုးနဲ့ ဖြစ်နေတတ်တယ်နော်...

 သိမှတ်ဖွယ်ရာ အတိုကောက်သုံးကြပုံ...

 ဖားခုန်ယောဂပေါ့ ...

 နှမျောစရာ....

 မိခင်မေတ္တာဆိုတာ တိရိစ္ဆာန်တွေမှာတောင်ရှိတတ်ပါတယ်...

ကဲ....လေးခွပစ်ချင်သူများ အားရပါးရပစ်ကြပါကုန်...


0 comments: