Hu Jintao Bends Over to Pick Up National Flag at G20 Summit
Wednesday, June 27, 2012
ဂျီ ၂၀ ထိပ်သီးအစည်းအဝေးမှာ ဟူကျင်တောင်း ယူသွားတဲ့ အမှတ်...
လွန်ခဲ့ သည် ဇွန်လ ၁၈ ရက်နေ့ က မက္ကစီကိုနိုင်ငံ၊ လော့ စ်ဘဘို့ စ် တွင်ပြုလုပ်ခဲ့ သည့် ဂျီ
၂၀ ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ နိုင်ငံခေါင်းဆောင်များ အစဉ်အလာအရ အုပ်စုလိုက်
အမှတ်တရဓါတ်ပုံစုပြီးရိုက်ခဲ့ ကြပါတယ်... 
ပွဲစီစဉ်ကျင်းပသည်များက ခေါင်းဆာင်များအားစနစ်တကျနေရာယူနိုင်ရန်သက်ဆိုင်ရာနိုင်
ငံများ၏ အလံငယ်များအား ချပေးထားပြီး ညွှန်ပြခဲ့ ကြပါတယ်...
အုပ်စုဓါတ်ပုံရိုက်ပြီးနောက်ခေါင်းဆောင်များပြန်လည်ထွက်ခွာချိန်မှာတော့ အလံငယ်လေး
များဟာ ကြမ်းပေါ်တွင်ပျံ့ ကျဲနေခဲ့ ပြီး တက်ရောက်နင်းချေခံခဲ့ ရပါတယ်...
သို့ သော်လည်း တရုတ်နိုင်ငံသမ္မတဟူကျင်တောင် ကတော့ သူ့ နိုင်ငံကိုယ်စားပြု တရုတ်
အလံစတစ်ကာလေးကို ကုန်းကောက်လိုက်ပြီး သေသေချာချာပင်ခေါက်ကာ သိမ်းဆည်းခဲ့ 
ပါတယ်...
များ အမြောက်အများပေါ်ထွက်လာပါတော့ တယ်...
အသေးအဖွဲကိစ္စရပ်ကလေးတစ်ခုပင်ဖြစ်လင့် ကစား သေသေချာချာဂရုစိုက်မယ်ဆိုယင်နိုင်
ငံရေးမှာ မထင်မှတ်တဲ့ အားပေးထောက်ခံမှုတွေရရှိုနိင်တယ်ဆိုတာ ဒီအဖြစ်အပျက်လေးက
သက်သေခံနေပါတော့ တယ်...
အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပါတ်သက်လာယင် အကဲဆတ်တတ်ကြ
တဲ့ အာရှသားများအတွက်တော့ ဒါဟာ အလေးထားစရာဖြစ်ရပ်ပါပဲ...
 နိုင်ငံအလိုက်ခေါင်းဆောင်များနေရာယူနိုင်ရန် ဤကဲ့ သို့ အလံငယ်လေးများ
ချထားပြီး ညွှန်ပြပေးထားခဲ့ ပါတယ်...
 ဓါတ်ပုံရိုက်ပြီးလို့ ထွက်ခွါကြတာ့ သမ္မတဟူကျင်တောင်းက အခုလိုပဲ သူ့ နိုင်ငံအလံလေးကို
သူများတွေအနင်းမခံရအောင်....
ကုန်းကောက်ပြီး တစ်ရိုတစ်သေပဲ ခေါက်ကာ သိမ်းဆည်းလိုက်ခဲ့ ပါတယ်...
ဟူကျင်တောင် တို့ ယူသွားတဲ့ အမှတ်ကတော့ အတုယူဖွယ်ပါပဲ...
The G20 Summit opened on June 18th at Los Cabos, Mexico. When it came time for the leaders to pose for their group photograph, the organizing party used national flags to indicate each of their positions. After the pictures were taken and the leaders began to clear out, the various flags were trampled upon left and right. However, China’s Chairman, Hu Jintao, bent over at the waist to pick up his little flag sticker, and folded it up with care. This scene has evoked hot discussion online.
2 comments:
သိ င်္ဂါ ရ said...
နိုင်ငံခေါင်းဆောင် တစ်ယောက်ရဲ့ စိတ်က ဒီလိုရှိနေတာကို လေးစားမိပါတယ်ဗျာ ... ။ တရုတ်တွေအကြောင်း မန္တလေးမြို့သေဆုံးခြင်းမှာ ကိုလင်းလင်း ဆိုထားသလိုကျတော့လည်း ဆိုးလိုက်ပ ... လူမျိုးတွေထက် လူတစ်ဦးချင်းစီ ရဲ့ စိတ်နေစိတ်ထားကို ပိုတွေးရမယ် ထင်ပါရဲ့ ခင်ဗျာ ...
AH said...
မျိုးချစ်တယ်ဆိုတာကတော့ အဟုတ်.. တရုတ်တွေကို ကွန်မြူနစ်ပါတီ မကောင်းကြောင်းပြောလိုက်ရင် မျက်နှာကြီးကို ပုပ်သိုးသွားတာပဲ... သူတို့ပြောတယ်.. ထမင်းစားစရာ ပေးတယ်၊ နေစရာ တိုက်ခန်းပေးတယ်၊ အလုပ်ပေးတယ်၊ မိသားစုနဲ့ အတူ ရင်အုပ်မကွာနေခွင့်ပေးတယ်၊ ကားနောက်ဆုံးပေါ်တွေစီးလို့ရတယ်၊ အ၀တ်အထည် အတုတွေအကုန်လုံးမှ ဖောခြင်းသောခြင်း တရုတ်နိုင်ငံမှာ အားလုံး ရတယ်။ ဘာကို မကြေနပ်စရာရှိလဲ... ဘ၀က ပျော်ပျော်ကြီး တစ်နေ့ ၈ နာရီမှာ ၅ နာရီလောက်အလုပ်လုပ်ရတဲ့ နိုင်ငံ။ ဟုတ်တော့လည်း ဟုတ်နေတာပဲ။ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့.. ကိုယ်ပြည့်ကိုယ်ရွာပြန်ကြည့်တော့ ဟင်း... ဆို သက်ပြင်းချ.. သူ့အစိုးရက သူ့ပြည်သူအပေါ်ပြန်ကြည့်သကိုး လို့ ကောက်ချက်ဆွဲမိရယုံပါပဲ။