Friday, October 5, 2012
အောင်မှတ်မရတဲ့ အမေးအဖြေ...
ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် မြင်တွေ့ ကြားသိနိုင်တဲ့ မြန်မာနိုင်ငံသမ္မတ
မေးသူကမေးလို့ ဖြေသူကပြေးတဲ့ ပွဲပါပဲ...
Sorry ရယ်၊ Regret ရယ်၊ Imprisonment ရယ်၊ Military ရယ်၊ People's choice ရယ် စတဲ့ စကား
လုံးတွေပါတဲ့ မေးခွန်းတွေမှာ အောင်မှတ်ရအောင်မဖြေနိုင်ရှာပါဘူး...
နိုင်ငံရေးသမားဆိုယင် မေးခွန်းတွေကို တိုက်ရိုက်မဖြေပဲ ကွေ့ ပါတ်သွယ်ဝိုက်ဖြေရတယ်လို့ ဆို
ကြပေမယ့် ပညာသားပါပါ လှလှပပဖြေရတာမျိုးပါ... မဆီမဆိုင်ဒီစကားတစ်ခွန်းထဲပဲထပ်တလဲ
လဲပြောနေတာကတော့ တယ်နေရာမကျလှပေဘူး...
ပြည်သူကအဆုံးအဖြတ်ပေးပါလိမ့် မယ်၊ ပြည်သူ့ ဆန္ဒပါပဲ၊ ပြည်သူ့ လုံခြုံရေးအတွက်လုပ်ရတာပါ
လို့ ဆိုတော့ ဘယ်ပြည်သူပါလိမ့် လို့ လည်းတွေးမိပါသေးတယ်...
သြော်....အချိန်တွေအားနေ၊ စာတွေဖတ်နေတဲ့ ပြည်သူပဲဖြစ်ပါလိမ့် မယ်ဗျာ...နော်...
1 comments:
Myanmar said...
ငါတို့နိုင်ငံသမတကို တ၇ားခံစစ်စစ်နေတာ သဘောမကျဘူးကွာ။ သမတအနေနဲ့ ဒီအင်တာဗျူးကို လက်မခံသင့်ဘူး။ ။