World's Most Friendliest Countries
Wednesday, April 10, 2013
ကမ္ဘာပေါ်မှာခင်မင်နှစ်လိုဖွယ်ရာအကောင်းဆုံး (သွားရောက်လည်ပါတ်ဖို့ ) နိုင်ငံများစာရင်းမှာ ရေခဲပြင်တွေ
ဖုံးလွှမ်းနေတဲ့ အိုက်စ်လန်နိုင်ငံက ထိပ်ဆုံးအမှတ် ၁ နဲ့ ဗိုလ်စွဲသွားပါတယ်လို့ ကမ္ဘာ့ စီးပွားရေးဖိုရမ်က အ သစ်ထုတ်ပြန်လိုက်တဲ့ သတင်းအရသိရှိရပါတယ်...
သာယာလှပတဲ့ ရှုခင်းများရှိသော်ငြားလည်း ဘိုလီးဗီးယားနိုင်ငံသူ၊ နိုင်ငံသားများကတော့ ဖော်ရွှေမှုမရှိဆုံး
ခင်မင်နှစ်လိုဖွယ်ရာမရှိဆုံးအဖြစ် သတ်မှတ်ခံရပါတယ်...
This map ranking countries from red (most welcoming) to pale blue (least welcoming) shows the top 20 friendly countries in the world. The UK comes 55th and the US 102nd
ခင်ဖို့ အကောင်းဆုံးနိုင်ငံအဖြစ် အနီရောင်များနှင့် ဆေးခြယ်ထားပြီး အပြာရောင်ဖျော့ ဖျော့ ကတော့ 
ခင်မင်နှစ်လိုဖွယ်ရာမရှိဆုံးပါပဲတဲ့ ...
This map ranking countries from red (most welcoming) to pale blue (least) shows the top 20 friendly countries in the world. The UK comes 55th and the US 102nd
ကမ္ဘာကျော်အမေရိကန် အန်ကယ်ဆန်ကတော့ သိပ်ပြီး မဖော်ရွေတဲ့ စာရင်းအဖြစ် သူငယ်ချင်းဖြစ်ဖို့ အ
ကောင်းဆုံး ၁၀၂ နိုင်ငံ ( စုစုပေါင်း နိုင်ငံ ၁၄၀ မှာ ) အဖြစ်နံပါတ်ချိတ်ခဲ့ ပြီး ကိန်းကြီးကန်းကြီးနိုင်လှတဲ့ 
အင်္ဂလန်နိုင်ငံသားများကတော့ နံပါတ် ၅၅ ချိတ်ပါတယ်...
ကျေးပျူငါမှု၊ ဧည့် ဝတ်ကျေမှုတွေကိုအခြေခံပြီး အဆင့် ခွဲခြားသတ်မှတ်ပေးခဲ့ တာဖြစ်ပါတယ်...
ကမ္ဘာ့ ခင်မင်နှစ်လိုဖွယ်အကောင်းဆုံး ထိပ်ဆုံးဆယ်နိုင်ငံတွေကတော့ အိုက်စ်လန်၊ နယူးဇီလန်၊ မော်ရိုကို၊  မက်စီဒိုးနီးယား၊ သြစတြီးယား၊ ဆီနီဂေါ၊ ပေါ်တူဂီ၊ ဘော့စ်နီးယား ဟာဇီဂိုဗီနား၊ အိုင်ယာလန် နဲ့ ဘာကီနာ ဖာဆို နိုင်ငံတွေပဲဖြစ်ပါတယ်....
ကမ္ဘာ့ ဖော်ရွေမှုမရှိဆုံး၊ ခင်ဖို့ မကောင်းဆုံးနိုင်ငံများကတော့ မွန်ဂိုလီးယား၊ ဘူလ်ဂေးရီးယား၊ဆလိုဗက်၊ ပါ ကစ်စတန်၊ အီရန်၊ လတ်ဗီးယား၊ ကူဝိတ်၊ ရုရှားဖယ်ဒရေးရှင်း၊ ဗင်နီဇွဲလား နဲ့ ဘိုလီဗီးယားတို့ ဖြစ်ပါတယ်...
အကောင်းဆုံးနံပါတ် ၁၅ အဖြစ် ယူအေအီးကိုထည့် ထားကတော့ ထူးဆန်းလှပါတယ်...
ဒူဘိုင်းက အဖြူကောင်တွေကို အလိုလိုက်အကြိုက်ဆောင်ထားလို့ ဆိုတာ မမေးလည်းသိသာပါတယ်...)
Cold place, warm heart: Reykjavik, in Iceland, offers visitors a friendly welcome
သဘာဝပါတ်ဝန်းကျင်က ရေခဲပြီးအေးစက်နေပေမယ့် နွေးထွေးတဲ့ နှလုံးသားလှလှလေးတွေ
Cold place, warm heart: Reykjavik, in Iceland, offers visitors the friendliest welcome in the world (as well as some stunning scenery)
This smiling Icelandic woman - dressed for the freezing climate - is typical of the cheery reception given to foreign visitors, the report says
ရိုးသားနွေးထွေးတဲ့ အပြုံးပိုင်ရှင်မို့ ဧည့် သည်နိုင်ငံခြားသားကို အားပေးကူညီတဲ့ စိတ်မျိုးဖြစ်စေတာပါ...
This smiling Icelandic woman - dressed for the freezing climate - is typical of the cheery reception given to foreign visitors, the report says
Foreign visitors to Bolivia may not find the warmest welcome, according to a new report by the World Economic Forum
ရိုးရိုးကုတ်ကုတ်နဲ့ အကျင့် ပျက်လာဘ်စားခြင်းမရှိတဲ့ ကမ္ဘာ့ လာဘ်စားမှုအကင်းဆုံး သမ္မတကြီး
ရှိတဲ့ ဘိုလီဗီးယားနိုင်ငံသားများကတော့ မဖော်ရွေကြပါဘူးတဲ့ .... ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံအရ
အများသူငါနဲ့ ခင်ခင်မင်မင်မနေတတ်တာလည်းဖြစ်နိုင်ပါတယ်...
Foreign visitors to Bolivia may not find the warmest welcome, according to a new report by the World Economic Forum
Bolivia, home to the Death Road from La Paz to Coroico (the world's most dangerous road) also boasts the world's least friendly people, according to a new report
မို့  လူတွေကလည်း မဖော်ရွေတာများလားလို့ ထင်မှတ်မှားနိုင်ပါတယ်...
Bolivia, home to the Death Road from La Paz to Coroico (the world's most dangerous road) also boasts the world's least friendly people, according to a new report
Despite the freezing climes, the people of Iceland are a friendly lot who will give the international visitor a warm welcomeအေးချမ်းလှတဲ့ နေရာမှာ ရေပူစမ်းနဲ့ အပမ်းဖြေ...
လာခဲ့ လှမ်းခဲ့ ပါလေ မိတ်ဆွေ....
Despite the freezing climes, the people of Iceland are a friendly lot who will give the international visitor a welcome as warm as their hot springs
ဘာသာရေး၊ လူမျိုးရေးဆိုင်ရာဒေသတွင်းပဋိပက္ခများကြောင့် လိုရာဆွဲကာ ဖော်ပြနေတဲ့ သတင်းတွေ
ကြောင့် ကျွန်တော်တို့ ရွှေနိုင်ငံကြီးမှာတော့ အိမ်နီးချင်းထိုင်းနိုင်ငံထက်အဆင့် များစွာနောက်ကျကျန်ပြီး
ဖော်ပြခံခဲ့ ရပါတယ်...
တစ်ကယ်ဆို ခင်မင်နှစ်လိုဖွယ်ရာအပြုံးနဲ့ ကုတင်ပေါ်တက်ပြီးတော့ တောင်နှစ်ယောက်တွဲဓါတ်ပုံအရိုက်ခံ
ခဲ့ သေးတာပဲ အဆင့် သတ်မှတ်ချက်လေးတော့ မြှင့် ပေးသင့် တာပေါ့....
1 comments:
kokomaung said...
တစ်ကယ်ဆို ခင်မင်နှစ်လိုဖွယ်ရာအပြုံးနဲ့ ကုတင်ပေါ်တက်ပြီးတော့ တောင်နှစ်ယောက်တွဲဓါတ်ပုံအရိုက်ခံ
ခဲ့ သေးတာပဲ အဆင့် သတ်မှတ်ချက်လေးတော့ မြှင့် ပေးသင့် တာပေါ့....
the photo was shot at the TVC shooting of a product.
the journal will be in trouble soon.