Awesome Guinness World Records 2012
Monday, October 24, 2011
ထူးထူးခြားခြားဂင်းနက်စ်စံချိန်များ...( ၁ )
အသက်အငယ်ဆုံးကမ္ဘာကို တစ်ဦးတည်း လေယာဉ်ဖြင့် ပျံသန်းပါတ်မောင်းခဲ့ သူ...
လူမည်းတွေထဲမှာလည်း ပထမဦးဆုံးကမ္ဘာပါတ်ပျံသန်းတဲ့ သူပါပဲတဲ့ ...သူကမ္ဘာပါတ်ပျံသန်းတာ ၉၇ ရက်
ကြာပါတယ်... သူဟာ ဖလော်ရီဒါ တက္ကသိုလ်က လေကြောင်းအတတ်ပညာသင်ကျောင်းသားတစ်ဦးပါ..
 မက္ကစီကို နိုင်ငံမှ ဗစ်တာလာရီဂိုမက်ဇ်၊ ဂေဘရီရယ် ဒန်နီရာမို့ စ်ဂိုမက်ဇ်၊ လူဝစ်စာလီလီယာဒီလီယာ
အဆီဗက်စ် နှင့် ဂျီးစက်မန်နူအယ်ဖာဂျာဒိုအဆီဗက်စ် ( ပုံတွင်ဖော်ပြထားသူ ) တို့ ဟာ မိသားစု ၁၉
ယောက်ရှိသည့် အနက် မွေးရာပါ အမွေးထူရောဂါဆန်းအခြေအနေခံစားနေရသူ ၄ ဦးတို့ ဖြစ်ပါတယ်...
သူတို့ မိသားစုဟာ ဆွေစဉ်မျိုးဆက် ၅ ဆက်အထိ အဆိုပါ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ အပြား အမွေးအ
မျှင်များထူထပ်စွာပေါက်ရောက်နေကြတာဖြစ်ပါတယ်...အမျိုးသမီးများကတော့ အမွေးအမျှင်များသိပ်မထူ
ထပ်ကြပေမယ့် အမျိုးသားများတော့ ခြေထောက်နှင့် လက်များမှလွဲပြီး ခန္ဓာကိုယ်၏ ၉၈ ရာခိုင်နှုံးအထိ
အမွေးအမျှင်များထူထပ်စွာပေါက်ရောက်လျှက်ရှိပါတယ်...
ယော့ ခ်ရှိုင်းယားနယ်မှ အသက် ၁၁ နှစ်အရွယ်ရှိ နွားမကြီး Swallow ကတော့ ကမ္ဘာ့ အရွယ်အစား
အသေးဆုံး၊ အငယ်ဆုံး နွားမအဖြစ်မှတ်တမ်းတင်ခံခဲ့ ရပါတယ်... အမြင့် ၃၃ လက်မသာရှိပါတယ်...
နွားထီးကြီး ဖရက်ဒီ နှင့် အတူယှဉ်တွဲဓါတ်ပုံရိုက်ထားတာဖြစ်ပါတယ်...
ကမ္ဘာ့ ဆံပင်အရှည်ဆုံးပိုင်ရှင်ဆုကိုတော့ အရှည် ၁၈ ပေ၊ ၅.၅၄ လက်မ ဖြင့် တရုတ်နိုင်ငံမှ ရှီချူပင်း
ကရရှိသွားပါတယ်...သူမဟာ ၁၉၇၂ ခုနှစ် အသက် ၁၃ နှစ်အရွယ်ကတည်းက ဆံပင်မဖြတ်ပဲအရှည်
ထားခဲ့ တာဖြစ်ပါတယ်...
ဤကဲ့ သို့ အနေအထားဖြင့် အရှည်ကြားဆုံးစံချိန်အဖြစ် အိုင်အိုနာအိုယွန်ဂျာရဲလ်လဗ်ဆန်ဒေါ့ 
သည့်  ပြပွဲတွင် စက္ကန့် ၅၀ ကြာ တင်ဆက်ပြသနိုင်ခဲ့ ပါတယ်...
နှာခေါင်းဖြင့် ပူပေါင်းအများဆုံးမှုတ်နိုင်သည့် စံချိန်ကိုတော့  အမေရိကန်နိုင်ငံမှ အန်ဒရူးဒါလ် က 
ပူပေါင်း ၂၃ ခုမှုတ်ပြကာ အစွမ်းပြစံချိန်တင်နိုင်ခဲ့ ပါတယ်...
ကမ္ဘာ့ အရပ်အရှည်ဆုံးလူသားဘွဲ့ ကိုတော့ ( ၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၁၀ နေ့ ဖွား ) တူရကီနိုင်ငံသား
ဆူလ်တန်ကိုးဆင် က အရပ် ၈ပေ၊ ၁ လက်မဖြင့် ဆွတ်ခူးသွားပါတယ်...
အမေရိကန်နိုင်ငံမှ ဒေါက်တာ ဒေးဗစ်အာ အဒါမိုဗစ်ခ်ျ ဟာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင် 
၁၄ လက်မဓါးမြှောင်ပေါင် ၁၀၂ ချောင်းတိတိပစ်ပြပြီး ဓါးပေါက်ချန်ပီယံဆုကိုရရှိသွားခဲ့ ပါတယ်...
အရှည် ၂၄ ပေရှိသည့် မြွေကြီးဖလပ်ဖီကတော့ ဖမ်းမိသမျှအသက်ရှင်ဆဲ ကမ္ဘာ့ အရှည်ဆုံးမြွေအဖြစ်
၂၀၀၁၁ ခုနှစ်အတွက်မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်...
အင်္ဂလန်နိုင်ငံမှ ဖရန့် ဒင်မော့ ခ် စိုက်ပျိုးဖြစ်ထွန်းခဲ့ သည့် သခွားသီးကြီးကတော့ အရှည် ၄၁.၂၅ လက်မ
ဖြင့် ကမ္ဘာ့ အရှည်ဆုံးသခွားသီးစံချိန်ကို ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ တွင်တင်နိုင်ခဲ့ ပါတယ်...
တစ်နာရီ ၆၂ မိုင်နှုံးမောင်နှင်ခဲ့သည့် အမြန်ဆုံး လက်ထပ်ပွဲပြုလုပ်နိုင်သည့် ဝတ်ပြုဆုတောင်းရာကျောင်း
ဘွဲ့ ကိုတော့ အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ်ပြည်နယ်၊ ရှယ်ဘိုင်ဗီးလ်ဒေသမှ The Best Man မော်တော်
ယာဉ် ကရရှိခဲ့ ပါတယ်...ထိုမော်တော်ယာဉ်တွင် ဆေးမှုတ်ကာအရောင်ခြယ်ထားသည့် မှန်ပြတင်းများ၊
တရားဟောစင်မင်းလမ်းမ၊ တရားဟောစင်၊ အော်ဂင်၊ ၀ပ် ၁၀၀၀ အားရှိ စတီရီယို စနစ်၊ အထပ်သုံးခုရှိ
သံလက်တန်းများလည်းပါရှိသည့် နောက်တွဲပါ ပါဝင်ပါတယ်...
ပတ်ဂီလို့ ခေါ်သည့် ဤခွေးကတော့ လျှာအရှည် ၄.၅ လက်မ ရှိတာမို့ ကမ္ဘာ့ ရှာအရှည်ဆုံးခွေးအဖြစ်
စံချိန်တင်နိုင်ခဲ့ ပါတယ်...
0 comments: