Myanmar Music Concert 2011 To Be Held In Dubai

Wednesday, October 26, 2011

ဒူဘိုင်းတွင် ပထမဦးဆုံးပြုလုပ်မည့် မြန်မာ့ စင်တင်

တေးဂီတပွဲ...


အရှေ့ အလယ်ပိုင်းဒေသတွင် ပထမဦးဆုံးမြန်မာ့ စင်တင်တေးဂီတပွဲမို့ 
မြန်မာတို့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လာရောက်အားပေးလှည့်ပါလို့ 
ဖိတ်ခေါ်ပါရစေလားဗျာ...


ယူအေအီးနိုင်ငံရောက် မြန်မာနိုင်ငံသားများစီစဉ်ကျင်းပသည့် မြန်မာ့ စင်တင်တေးဂီတပွဲတစ်ခုကို လာ
မည့် အောက်တိုဘာလ ၂၈ ရက်၊ သောကြာနေ့ တွင် ဒူဘိုင်းမြို့ ရှိ၊ ရှိတ်ရာရှစ်ခန်းမဆောင်တွင် ကျင်းပ
မှာဖြစ်ပါတယ်....

ဤတေးဂီတပွဲဟာ အရှေ့ အလယ်ပိုင်းဒေသတွင် ပထမဦးဆုံးကျင်းပမည့် မြန့် မာဂီတပွဲတော်ဖြစ်ပြီး ယူ
အေအီးနိုင်ငံရောက် မြန်မာနိုင်ငံသားများစုစည်းတည်ထောင်ဖွဲ့ စည်းထားသည့် ကန္တာရ၀ဿလူမှုရှေ့ 
ဆောင်အသင်း၏ တည်ထောင်ခြင်းနှစ်ပါတ်လည်အထိမ်းအမှတ်အဖြစ်ပြုလုပ်တာဖြစ်ပါတယ်...
ပါဝင်သီဆိုဖျော်ဖြေမည့် အနုပညာရှင်များကတော့ အာဇာနည်၊ ဇော်ပိုင် နှင့် ဝိုင်းစုခိုင်သိန်းတို့ အပြင် ယူ
အေအီးနိုင်ငံရောက် ဂီတ၀ါသနာရှင် လူငယ်မောင်မယ်များလည်း ပါဝင်သီဆိုကြမှာဖြစ်ပါတယ်...
အဆိုပါတေးဂီတပွဲဖြစ်မြောက်ရေးအတွက် ဒူဘိုင်းရှိ ရွှေမြန်မာစားသောက်ဆိုင်အပါဝင် စီးပွားရေးလုပ်ငန်း
ကုမ္ပဏီများကလည်း ပူးပေါင်းပါဝင်ကူညီကြတယ်လို့ သိရှိရပါတယ်...

လက်မှတ်တန်ဖိုးများကတော့ ...

200 DHS  (VIP) ၊ 150 DHS ( PLATINUM ) ၊ 125 DHS ( GOLD ) ၊ 100 DHS ( EMERALD ) ၊
75 DHS ( BALCONY SAPPHIRE ) တို့ ဖြစ်ပါတယ်...

အရှေ့ အလယ်ပိုင်းဒေသရောက်မြန်မာနိုင်ငံသားများ၏ အခက်အခဲများအား ကူညီပံ့ ပိုးပေးခြင်း၊မြန်မာနိုင်ငံ
ရှိလူမှုရေးအထောက်အကူပြုလုပ်ငန်းများအားတတ်အားသရွေ့ ကူညီလှူဒါန်းခြင်းစသည့် မြန်မာလူ့ ဘောင်
လောကသာယာစေရေးအတွက်အားသွန်ကြိုးပမ်းလုပ်ဆောင်လျှက်ရှိသည့် ယူအေအီးရောက်ရွှေမြန်မာများ
စုစည်းတည်ထောင်သည့် ကန္တာရ၀ဿလူမှုရှေ့ ဆောင်အသင်းနှစ်ပါတ်လည်အထိမ်းအမှတ်အဖြစ်ကျင်းပ
မည့် စင်တင်တေးဂီတပွဲတွင် အမြတ်အစွန်းများရရှိခဲ့ ပါလျှင်လည်း ထိုငွေများအားလုံးကို မြန်မာနိုင်ငံသို့ 
ပို့ ဆောင်လှူဒါန်းမှာဖြစ်တာမို့ နွမ်းသမျှအပန်းလည်းဖြေ၊ အလှူဒါနပြုကြသူငါလည်း ဖြစ်အောင် ယူအေအီး
ရောက် ရွှေမြန်မာတို့ မျိုးချစ်စိတ်ဓါတ်များ၊ ပရဟိတစိတ်ဓါတ်များဖြင်လာရောက်အားပေးကြပါလို့ နှိုးဆော်
တိုက်တွန်းလိုက်ရပါတယ်...

အင်္ဂလိပ်လိုသတင်းလေးကတော့ enchantingmyanmar website မှာဖော်ပြထားတာဖြစ်ပါတယ်...

Myanmar nationals working in the United Arab Emirates(UAE) plans to hold a Myanmar Music Concert 2011 at Dubai on October 28 at Sheik Rashid Auditorium in Dubai.

This would be the 1st Music Concert ever to be held in the Middle East and is organized by the Kantarya Watha Association(ကန္တာရ ဝဿ လူ မှု ရှေ့ ဆောင် အ သင်း), the leading association of Myanmar expatriates working in the UAE, to commemorate the 1st Anniversary of its founding . The vocalists will include popular singers like Wine Su Khine Thein, R Zarni and Zaw Paing.
It is learnt that the concert is being supported and sponsored by many Dubai based Myanmar owned commercial enterprises.


1 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ
ကိုပီတာ ကြီးတစ်ယောက်အလုပ်များနေရောပေါ့-
အဝေးကနေ အားပေးနေပါတယ်ဗျို့ -
“ ဝိုင်းစုခိုင်သိန်း ” မပါ