အံ့ သြဖွယ်ကျေးဇူးတော်....

Saturday, September 12, 2009
အံ့ သြဖွယ်ကျေးဇူးတော်....

Man killed in church after stone altar falls on him





Austria နိုင်ငံမှထာဝရဘုရားသခင်ကို အလွန်ကြည်ညို ယုံကြည်သူ ကက်သလစ်ဘာသာဝင်
Gunther Link ဟာသူဓါတ်လှေကားတစ်ခုအတွင်းမှာပိတ်မိနေစဉ်ဘုရားသခင်ထံဆုတောင်းခဲ့ ၍ထို
အန္တရယ်အခက်အခဲမှလွတ်မြောက်ခဲ့ ရာကျေးဇူးတော်ကိုချီးမွမ်းရန်ဘုရားကျောင်းသို့ သွား၍၀တ်ပြုဆု
တောင်းနေစဉ်ကျောက်သားအတိပြီးသောဘုရားစင်ကြီး၎င်းအပေါ်လဲပြိုကျပြီးသေဆုံးခဲ့ ရသည်....

အသက် ၄၅ နှစ်ရှိ Link သည် Austria နိုင်ငံ၊ Vienna မြို့ ရှိ Weinhaus ဘုရားရှိခိုးကျောင်းတွင်ဝတ်
ပြုပြီးကျေးဇူးတော်ကိုချီးမွမ်းနေစဉ်အလေးချိန်ပေါင် ၈၆၀ ရှိသောရှေးဟောင်းကျောက်သားဘုရားစင်
ကြီး၎င်းအပေါ်ပြုကျပြီးနေရာတွင်ပင်ချက်ချင်းသေဆုံးခဲ့ သည်ဟုဆိုသည်....

” သူဟာဘာသာတရာကိုအလွန်ကိုင်းရှိုင်းပါတယ်...ဓါတ်လှေကားထဲမှာသူပိတ်မိတော့ အလွန်ကြောက်
ရွံ့ ထိတ်လန့် ပြီးအန္တရယ်မှလွတ်မြောက်ဖို့ ထာဝရဘုရားသခင်ထံဆုတောင်းခဲ့ ပါတယ်... သူ့ ကိုဓါတ်
လှေကားထဲကနေဆွဲထုတ်ကယ်တင်ပြီးသိပ်မကြာခင်ပဲသူဟာဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းဖို့ ဘု
ရားရှိခိုးကျောင်းကိုတိုက်ရိုက်ထွက်ခွာသွားခဲ့ တာပါပဲ...သူဟာကျောက်သားစင်ပေါ်ကကျောက်တိုင်ကို
ကိုင်ပြီးဆုတောင်းခဲ့ ပုံရပြီး၊အဲဒီကျောက်တိုင်ပေါ်မှာတည်ရှိနေတဲ့ ကျောက်စင်ကသူ့ အပေါ်ပြုတ်ကျပြီး
သူ့ ကိုချက်ချင်းသေစေခဲ့ တာပါပဲ ....”  လို့ ရဲတပ်ဖွဲ့ ပြောခွင့် ရပုဂ္ဂိုလ် Roman Hahslinger ကပြော
ပြခဲ့ ပါတယ်...

” ကျွန်တော်တို့ သူ့ ရဲ့ လက်ဗွေရာတွေကိုအဲဒီကျောက်တိုင်ပေါ်မှာတွေ့ ရပါတယ်...ဒီကိစ္စနဲ့ ပတ်သက်
ပြီးဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်...” လို့ အဆိုပါရဲ အရာရှိကဆိုပါတယ်...

Link ရဲ့ ရုပ်အလောင်းကိုသူ့ ရဲ့ ညီအစ်ကိုဝမ်းကွဲတစ်ယောက်ကသူပျောက်ဆုံးနေကြောင်းရဲတပ်ဖွဲ့ ကို
အကြောင်းကြားပြီးနောက်တစ်နေ့ စုပေါင်းဝတ်ပြုပွဲကိုလာရောက်တဲ့ လူအများကဘုရားကျောင်းမှာ
တွေ့ ရှိခဲ့ တာဖြစ်ပါတယ်...

သြော်...ဒုက္ခလေးထဲကလွတ်ပြီးဒုက္ခအကြီးနဲ့ တစ်ခါတည်းပွဲသိမ်းသွားတာပါပဲလား....

မူရင်းလေးကဒီလိုပါ...

Gunther Link, a devout Catholic, prayed to be saved after he was trapped in a lift – but was killed when he went to church to give thanks and the stone altar fell on him.

Link, 45, died instantly as he was crushed under the ancient 860lb monument in the Weinhaus Church in Vienna, Austria.

Roman Hahslinger, a police spokesman, said: "He was a very religious man and had been scared when he was trapped in the lift and had prayed for release.

"A short while later he was pulled out of the elevator and he went straight to the church to thank God. He seems to have embraced a stone pillar on which the stone altar was perched and it fell on him, killing him instantly.

"We have found his fingerprints on the pillar. We are now investigating the case further," he added.

Link's body was found by parishioners attending Mass the next day after he had been reported missing by his cousin.

6 comments:

khin oo may said...

kom: ဖြစ်ရလေ.

Kaw Mu Doh said...

ဖြစ်တတ်ပါတယ်။ ဘုန်းကြီးဝတ်ပြီး လူထွက်လိုက်တာ နောက်နေ့ကျ ကားတိုက်ပြီးသေသွားတဲ့ အဖြစ်အဖျက် မှော်ဘီမှာဖြစ်ဖူးတယ်

Beauty Studio USA Branded Store said...

final destination လို့ပဲဆိုရမလား။ သူရဲ့ သေခြင်းက သူကို နမိတ်ပြတာ လွတ်မြောက်မှု မရှိသွားပဲကို။

သားကြီး said...

ဖြစ်ရပလေတယ်ဗျာ

Anonymous said...

သေဖို့ရာ ကံပါလာရင် ရှောင်လွှဲလို့ မရနိုင်ဘူးနော်။

စိမ်း... said...

final destination ကိုသတိရသွားတယ်
ကံ ကံဧ။်အကျိုးပါပဲ...