Sunday, December 11, 2011


The  Most Powerful Images Of 2011 (2)

ဘာလိုလိုနှင့် သက္ကရာဇ် ၂၀၁၁ ကားကုန်ဆုံတော့ ပေမည်...

ကုန်လွန်ခဲ့ သည့် နှစ်အတွင်း ကမ္ဘာကိုကိုင်လှုပ်ခဲ့ သော်အဖြစ်အပျက်များကား များလှပါဘိတောင်း...

တွေ့ မိသည့် မှတ်တမ်းမှတ်၇ာပုံများပြန်လည်မျှဝေပါသည်...

ဓါတ်ပုံတစ်ပုံဟာ စကားလုံးတစ်ထောင်ကို ကိုယ်စားပြုသည်ဟုဆိုထားလေသည်မဟုတ်တုံလော...


လွန်ခဲ့ သည့် နှစ်ဦးဖေဖော်ဝါရီလက ချီကာဂိုမြို့ ကန်ပါတ်လမ်းတွင် နှင်းမုန်တိုင်းအကြီးအကျယ်ကျပြီး
နောက် ကားလမ်းများပိတ်ဆို့ ခဲ့ ကာ ကားများအား စွန့် ထားခဲ့ ရပုံ...
Cars are abandoned on Chicago's Lake Shore Drive during the "Snowpocalypse" in February.

အာရပ်ကမ္ဘာရဲ့ အာဏာရှင်တွေကျဆုံးစေခဲ့ တဲ့ အဓိကအကြောင်းအချက်တွေထဲမှာ လူထုဆက်သွယ်ရေး
ကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့ စ်ဘွတ် (မျက်နှာစာမျက်နှာ) ကလည်းအထူးအရေးကြီးတဲ့ အခန်းကဏ္ဍမှ
ပါဝင်ခဲ့ ပါတယ်...
Facebook played an extremely important role in the uprisings throughout the Middle East.


ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ ၊ ဘရစ်တစ်ရှ် ကိုလံဘီယာအရပ်တွင်ဖြစ်ပွားခဲ့ သည့် 
အားကစားပွဲအပြီး ရှုံးခဲ့ ရသည့် အသင်းသားများနှင့် ဖြစ်ပွားခဲ့ သည့် အဓိကရုဏ်းတွင် 
နှိမ်နင်းရေးရဲအရာရှိ၏လက်ချက်ဖြင့် ဒါဏ်ရာရကာလဲကျခဲ့ သည့် ကနေဒါနိုင်ငံသူ၊ ချစ်သူမိန်းကလေး
အဲလက်စ်သောမတ်စ် အား သြစတေးလျနိုင်ငံသား စကော့ ဂျူံးမှ နှစ်သိမ့် အနမ်းချွေနေခဲ့ စဉ်...
(ဒီဓါတ်ပုံလည်း ကမ္ဘာကျော်သွားခဲ့ တာပါပဲ...)
Australian Scott Jones kisses his Canadian girlfriend Alex Thomas after she was knocked to the ground by a police officer's riot shield in Vancouver, British Columbia. Canadians rioted after the Vancouver Canucks lost the Stanley Cup to the Boston Bruins.

  
ကင်ညာနိုင်ငံမှ ၇ လသားအရွယ်ရှိ မီဟက်ဂဒီဖာရာ အား ၎င်း၏မိခင်ဖြစ်သူမှ ဒါဒက်ဘ်မြို့ ရှိ အပြည်ပြည်
ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ ဆေး၇ုံတွင် ထွေးပွေ့ ထားစဉ်...
အဆိုပါကလေးငယ်မှာ ယခုအခါတွင် ပြန်လည်ကျန်းမာလာခဲ့ ပြီဖြစ်ပါတယ်... Mihag Gedi Farah, a seven-month-old child, is held by his mother in a field hospital of the International Rescue Committee in the town of Dadaab, Kenya. The baby has since made a full recovery.

လွန်ခဲ့ သည့် သြဂုတ်လက လန်ဒန်မြို့ တွင်ဖြစ်ပွားခဲ့ သည့် အဓိကရုဏ်းတွင် မီးလောင်နေသည့် အဆောက်
အဦးပေါ်မှ အမျိုးသမီးတစ်ဦးခုန်ချခဲ့စဉ်...
A woman jumps from a burning building during the London riots in August.  


ဥရောပသမဂ္ဂ နိုင်ငံများတွင် အလုပ်သမားများဆိုင်ရာအခွင့် အရေး၊ အလုပ်အကိုင်လုံခြုံရေးအတွက်
ဘရပ်ဆဲလ်မြို့ တွင်ပြုလုပ်သည့် တောင်းဆိုဆန္ဒပြမှုတွင်ဆန္ဒပြသူတစ်ဦးမှ ရဲများအား
မဖွယ်မရာလှစ်ဟပြနေပုံ...
A demonstrator shows his bottom to riot police during a protest by European workers and trade union representatives to demand better job protection in the European Union countries in Brussels on March 24.



အာဏာရှင်ကဒါဖီ၏ တပ်ဖွဲ့ ဝင်များ ဘင်ဂါဇီမြို့ မှဆုတ်ခွာသွားပြီးဟု ဆိုသော သတင်းအပေါ် 
သူပုန်တပ်ဖွဲ့ ဝင်များအား ထောက်ခံအားပေးသည့် အမျိုးသမီးတစ်ဦးမှ မတ်လ ၁၉ရက်နေ့ တွင်
အေကေ ၄၇ သေနတ်ဖြင့် ပစ်ဖောက်ကြိုဆိုခဲ့ စဉ်...
A woman rebel fighter supporter fires an AK-47 rifle as she reacts to the news of the withdrawal of Libyan leader Muammar Gaddafi's forces from Benghazi on March 19.


ချီလီနိုင်ငံတွင် ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုအတွက် တောင်းဆိုဆန္ဒပြနေသည့် ကျောင်းသား
တစ်ဦးအား ရဲတပ်ဖွဲ့ ဝင်တစ်ဦးမှ ထိုးကြိတ်နေပုံ...
A student is punched in the face by a police officer in Chile. Students in Chile are demanding a new framework for education.

အစာရေစာငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးခဲ့ ကာ ပုပ်သိုးနေခဲ့ သည့် နွားတစ်ကောင်၏ရုပ်ကြွင်းအား
ကူညီထောက်ပံ့ လှူဒါန်းရေးဆိုင်ရာဝန်ထမ်းတစ်ဦးမှ ကင်ညာ၊ဆိုမာလီနယ်စပ်၊ ၀ဇီယာဒေသတွင်
ဂျူလိုင်လ ၂၃ ရက်နေ့ က အိုင်ပက်ဒ် ဖြင့် မှတ်တမ်းတင်ရိုက်ကူးနေစဉ်...
An aid worker using an iPad captures an image of a dead cow's decomposing carcass in Wajir near the Kenya-Somalia border on July 23.


မေလ ၂၂ ရက်နေ့ မှာ တစ်ကယ်ကို၊ အဟုတ်ကို ကမ္ဘာကြီးပျက်မှာပါ လို့ ရုပ်တည်နဲ့ ပြောတဲ့ 
ဆရာကြီး ဟာရိုးလ်ဒ် ကမ်ပင်း....
(အဲဒီနောက် ဘာမှမဖြစ်လို့ သူလည်း ပြေးရတာပါပဲ...)
Harold Camping speaks about the end of the world. The world was supposed to end on May 22 of this year.     



အမှန်အကန်ခြောက်တဲ့ အမေရိကန်စစ်သားတွေရဲ့ ပထမဦးဆုံး လူသိရှင်ကြား ဂုဏ်ယူဝံ့ ကြွားပွဲဆိုပဲ...
လူခြောက်ပေမယ့် စိတ်ဓါတ်မခြောက်ဘူးဆိုယင်တော်ပါသေးတယ်....
လူကတော့ မခြောက်၊ စိတ်ဓါတ်ကတော့ အခြောက်ထက်နိမ့် တဲ့ စစ်သားဆိုယင်တော့ သိပ်မနိပ်ဘူး...
US gay service members march in a gay pride parade for the first time ever. 


 ထိုင်းနိုင်ငံမြို့ တော် ဘန်ကောက်မြို့ စွန်ရှိ၊ ရန်စစ် လမ်းပေါ်တွင်ရေဘေးဒုက္ခသည်တစ်ဦးဓါတ်တိုင်အား
မှီတွယ်ထားသည်ကို အောက်တိုဘာလ ၂၄ ရက်နေ့ ကတွေ့ ရစဉ်...
A woman hangs onto a street sign in chest deep water along the flooded streets in Rangsit on the outskirts of Bangkok on October 24.

လက်ထပ်ထိမ်းမြားရန်စေ့ စပ်ထားသည့် သတို့ သားမှ လက်ထပ်ပွဲဖျက်သိမ်းရန်ပြောကြားခဲ့ သည့် အတွက်
ကြောင့် စိတ်ဓါတ်ကျကာ စိတ်ဆင်းရဲခဲ့ ရသည့် တရုတ်နိုင်ငံမှ သတို့ သမီးတစ်ဦး ၇ထပ်အမြင့် အခန်း
ပြတင်းပေါက်မှခုန်ချကာ ကိုယ့် ကိုယ်ကို အဆုံးစီရင်ရန်ကြိုးစားခဲ့ စဉ် အမျိုးသားတစ်ဦးမှ အချိန်မှီ
ကယ်တင်နိုင်လိုက်ခဲ့ ပါတယ်...
A distressed bride attempts suicide in China after her fiance abruptly called off their marriage. Still in her wedding gown, she tried to kill herself by jumping out of a window of a seventh floor building. Right as she jumped, a man managed to catch and save her.

သူတို့ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက်လာတာပါ....အဲဒီအပေါ်မှာ ကိုယ့် နိုင်ငံက တတ်နိုင်သမျှ
ထိခိုက်နစ်နာမှုအနည်းဆုံးနဲ့ အကျိုးအမြတ်များအောင်ရယူနိုင်ဖို့ လိုတယ်...
ကလေးအတွေးနဲ့ တော့ အဆိုးမြင်လွန်း၊ အကောင်းမြင်လွန်းနေယင် လွဲမယ်...
A U.S. Army soldier takes five with an Afghan boy during a patrol in Pul-e Alam, a town in Logar province, eastern Afghanistan.

0 comments: