Friday, December 9, 2011
ကိုကို့ ညီမ...


လက်ရှိထိုင်းဝန်ကြီးချူပ် ယင်လပ်ရှင်နာဝပ် ထိုင်းဘုရင့်သမီးတော် သီရိဒုံအား ၀ပ်တွားခစား တွေ့ ဆုံနေ
တဲ့ ပုံ အခုရက်ပိုင်းအတွင်း အင်တာနက်ပေါ်မှာ ပျံ့ နှံ့ နေပါတယ်... ( အထူးသဖြင့် ဖေ့ စ်ဘွတ်ပေါ့ ....)
သူ့ နိုင်ငံရဲ့ ရိုးရာဓလေ့ စရိုက်နဲ့ သူမို့ အခုလိုတော်ဝင်မင်းသမီးတစ်ပါးကို အစိုးရအဖွဲ့ ခေါင်းဆောင်ဝန်ကြီး
ချုပ်က အရိုအသေပေးရတာကိုဘာမှမပြောလို့ ပေမယ့် သူမရဲ့ အစ်ကိုဖြစ်သူ ၀န်ကြီးချူပ်ဟောင်း သက်ဆင်
က ဘုရင့် မိသားစုနဲ့ ဆက်ဆံရေးအဆင်မပြေတာမို့ ရာထူးကနေဖယ်ရှားခံခဲ့ ရတာကြောင့် အခု ညီမဖြစ်သူ
ကအဲဒီလိုမျိုးအခြေအနေမရောက်အောင်ဘုရင့် မိသားစုနဲ့ နီးစပ်အောင်ကြံဆောင်တယ်လို့ ပဲထင်မိပါတယ်...

( အခုတော့ ဆိုင်းငံ့ ပြစ်ဒါဏ်ကျထားတဲ့ သက်ဆင် လည်းနိုင်ငံကူးလက်မှတ်ပြန်ရလို့ ထိုင်းနိုင်ငံတောင်ပြန်
လာတော့ မယ်လို့ ဆိုနေပါတယ်...ကန့် ကွက်တဲ့ သူတွေကလည်းကန့် ကွက်ကြနဲ့ ပေါ့ ...)

ဓါတ်ပုံကိုတော့ ဖေ့ စ်ဘွတ်ရှိ ယင်လပ်ရဲ့ ကိုယ်ပိုင်စာမျက်နှာမှ တွေ့ ရှိရယူဖော်ပြပါတယ်...


အစ်ကိုဖြစ်သူ ချောချောမောမော ပြည်တော်ပြန်နိုင်ဖို့ များ ပြောဆိုလျှောက်ထားနေလေသလားပဲ...
တစ်ခြားအကြောင်းအရာတွေလည်းရှိနိုင်ပါသေးတယ်...

5 comments:

Crystal said...

သူ့အစ်ကို ကိစ္စ တစ်ခုတည်းတော့ ဟုတ်ဟန်မတူဘူး၊ အခြားအခြားသော ကိစ္စတွေလည်း ရှိသေးတယ်၊ အတိမ်အနက် ခန့်မှန်းရခက်ပါတယ် ကိုပီတာ....

Leo said...

ဘုရင့်မိသားစုကို အနားကပ်ရင် မည်သူမဆို အဲသလိုခစားရပါတယ်ခင်ဗျ။ တခါတလေဆို အသက် (၇၀) လောက် အဖိုးကြီးတွေကအစ အဲသလိုပြားပြားဝပ်ပြီး ရိုသေရပါတယ်။ သီရိဒုံကအသက်ကြီးလို့ တော်ပါသေးတယ်။ တခါတလေဆို အိမ်ရှေ့မင်းသားရဲ့ သမီးတော်လေးတွေဆို အသက် ၂၀ ကျော်ကို အခုလိုခစားနေတဲ့ပုံတွေမြင်ရတာ ဘယ်လိုမှ ကြည့်ရတာ အဆင်မပြေဘူးဗျ။ သက်ဆင်ကိစ္စပါပါ မပါပါ ၀န်ကြီးချူပ်သည် မင်းမျိုးမင်းနွယ်မဟုတ်လို့ ခုလိုပဲနေရမှာပါ။ အရင်ခေတ်ကဆို ဖူးစေလို့ပြောမှ မော်ဖူးရတာမဟုတ်လား။
(လီယို)

Leo said...

သူ့အစ်ကို ကိစ္စ ပါပါ မပါပါ ၀န်ကြီးချူပ်သည် မင်းမျိုးမင်းနွယ်မဟုတ်လို့ ခုလိုပဲ ခစားရပါတယ်။ သီရိဒုံက အသက်ကြီးလို့တော်သေးတယ်။ တခါတလေဆို အသက် (၂၀) လောက်ပဲ ရှိသေးတဲ့ အိမ်ရှေ့မင်းသားရဲ့ သမီးတော်လေးကို အသက် (၇၀) လောက် အဖိုးကြီးတွေက ခုလိုဝပ်တွားခစားနေတာ မြင်ရတာ စိတ်ထဲ တမျိုးပါပဲ။

မဒမ်ကိုး said...

သြော်ဘုန်းကြီးလိုက်ပုံများ ကြက်သီတောင်ထမိပါရဲ့
အင်းးး ကိုသန်းကြိုင်တို့လဲဒါကိုအားကျတာနေမှာ ..

ဘုရင့်ဘုန်းတန်ခိုးကထွားနေဆဲဆိုတော့ နောက်အငယ်တွေမြင်ဖူးသွားတာပေါ့

Mr.Zaw Linn Htun said...

လေးစားမှုတစ်ခုလို့ ဆိုရမှာပဲနော်.........