နော်ဝေမှ ရင်သပ်ရှုမောဖွယ်တောင်ထွတ်....

Wednesday, July 6, 2011



နော်ဝေအသံထွက်ဖြင့် ပရေကီစတိုလင် (သို့ မဟုတ်) ပရီကီစတိုလင် ဟုခေါ်သည့်  တရားဟောစင်မြင့် /
တရားဟောကျောက်တောင်ထွတ် ဟူ၍လည်းအဓိပ္ပါယ်ရသည့် ဒေသခံများက ဟိုင်ဗလာတိုညာ ဟုလည်း
အမည်သညာမှည့် ဆိုထားသည့် ကျောက်တောင်ထွတ်ဟာ ပေပေါင်း ၁၉၈၂ ပေ ( ၆၀၄ မီတာ ) မြင့် ပြီး
နော်ဝေနိုင်ငံ၊ ရိုင်ဖိုင်ခ် ၊ ဖော်ဆန်း အရပ်၊ ကဂျာရက်ဂ် ကုန်ပြင်မြင့် ရဲ့ တစ်ဖက်ခြမ်း လိုင်စက်ဖ်ဂျော်ဒင်
တောင်ထိပ်မှာတည်ရှိပါတယ်...
ထောင်ထွတ်ရဲ့ အကျယ်ကတော့  ၈၂ စတုရန်းပေ ပါတ်လည်ရှိပြီး မျက်နှာပြင်ညီဖြစ်ပြီး နော်ဝေနိုင်ငံရဲ့ နာ
မည်ကျော် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပါတယ်...
 ထိုဒေသဟာ နော်ဝေနိုင်ငံရဲ့ တောင်ပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်...ထိုနေရာကိုရောက်ဖို့ နာရီအနည်း
ငယ်သာ တောင်တက်ခရီးနှင်ရမှာဖြစ်ပါတယ်....
ထိုတောင်ခြေမှာတော့ နွေရာသီတွင် ကမ္ဘာလှည့် ခရီးသည်များ ပြည့် ကျပ်နေသည့် ယာဉ်ရပ်နားစခန်းတစ်
ခုလည်းရှိပါတယ်...
ဒါကြောင့် သင့် အနေနှင့် ပရီကီစတိုလင်တောင်ထွတ်ကို ကိုယ်တိုင်သာကြည့် ချင်တယ်ဆိုယင်တော့ လူအ
များနှင့် အုပ်လိုက်သွားခြင်း၊ လူများချိန်သွားရောက်ခြင်းမပြုသင့် ပါဘူး...
လူအများလာရောက်ချိန်ထက်စောပြီးသွားသင့် ( သို့ မဟုတ်ဆောင်းတွင်းအခါမှာသွားသင့် ) ပါတယ်...
နောက်ဆုံးသတိပေးလိုတဲ့ အချက်ကတော့ တောင်ထွတ်ပေါ်ကို တိမ်ထူထပ်နေတဲ့ အခါ သို့ မဟုတ် မိုးရွာနေ
တဲ့ အခါများမှာတော့ မသွားသင့် ပါဘူး...ထိုအခါမျိုးမှာဆိုယင်တော့ သင့် အနေနှင့် ထောင်ထွတ်ပေါ်မှ အ
သက်ရှူမှားလောက်စရာမြင်ကွင်း ကိုမြင်ရမှာမဟုတ်ပါဘူး...

အမြင့် ကိုကြောက်တယ်လို့ ဆိုတဲ့ ဆရာချစ်ဦးညိုကိုသတိရမိသေးတော့ တယ်...

Preikestolen or Prekestolen, also known by the English translations of Preacher's Pulpit or Pulpit Rock, and by the old local name Hyvlatonnå, is a massive cliff 604 metres (1982 feet) above Lysefjorden, opposite the Kjerag plateau, in Forsand, Ryfylke, Norway. The top of the cliff is approximately 25 by 25 metres (82 by 82 feet) square and almost flat, and is a famous tourist attraction in Norway.

Preikestolen is in the south of Norway, Lysefjord. It is a few hours hike towards this place. Below there is a parking place which is crowded with tourists in summer time. So if you want to see Preikestolen for your self, not shared with hundreds of other tourists, it might be a good idea to start rather early (or come in winter). One last thing: don’t go up there when it is cloudy or raining. Because then you won’t see this incredible view.

တောင်တက်လမ်းကြောင်းအတွက် လမ်းပြမြေပုံ....
(လမ်းပျောက်မြေပုံတော့ မဖြစ်စေနဲ့ နော်...ရှေ့ မှာဖြစ်ခဲ့ တဲ့ သာဓကရှိခဲ့ တယ်)

ရင်သပ်ရှုမောဖွယ် မြင်ကွင်း...

တစ်ကိုယ်ရေလွမ်းဆွတ်မှု....သူ့ လိုတော့ မလွမ်းရဲပေါင်ဗျာ....
မတော်ပြုတ်ကျသွားမှဖြင့် ဆက်မလွမ်းရပဲနေဦးမယ်...
တို့ အချစ်က ဘယ်တော့ မှမသေဆုံးမယ့် အချစ်လေ...( undying love )
ဒီလောက်ဆိုတော်သေးတယ်...နည်းနည်းတော့ ကြောက်ဖို့ ကောင်းနေပါသေးတယ်...

ကြည်နူးတိတ်ဆိတ်ထိုတောင်ထွတ်ထိပ်...
သဘာဝကိုက လွမ်းဆွေး၊ ကြည်နူးဖို့ ကောင်းလွန်းလှပါတယ်...

အတားအဆီးအကာအကွယ်မထားတာကိုက ခရီးသွားဧည့် သည်တွေလာဖို့ ဆွဲဆောင်ချက်တစ်ခု
လေလားပါပဲ...

တို့ တော့ အဲဒီလို မကြည့် ရဲပေါင်...

သွားရောက်လည်ပါတ်ရကျိုးနပ်ပါလိမ့် မယ်...

သမီးတို့ လည်းရောက်ခဲ့တယ်...

3 comments:

မိုးယံ said...

ဟ...လူတွေအများကြီးပဲ ကသန်းကယမ်းကောင် တစ်ကောင်က ၀င်တိုက်လိုက်မှ ဟုတ်ပေ့ဖြစ်နေဦးမယ်... အကာအရံလည်းမရှိပဲ

အက်ကြောင်းကြီးနဲ့ မသာကာ လူဝိတ်တွေများလာလို့ ပြိုကျသွားတယ်ဆို အခက်.


သေချာတာက ဒိုင်ဗင်ပစ်လို့ကောင်းမယ့်ပုံဗျ

T T Sweet said...

အမယ်မင်း ... မြင့်လှချည်လား။ ကြောက်စရာကြီး၊ ဒီလူတွေ တော်တော်သတ္တိကောင်းတယ်။

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ-
အသဲတုန်းအူတုန်ဖြစ်လိုက်တာဗျာ-