Are you sure this is the right way? Thrillseekers risk their lives a taking a walk along 'world's most-dangerous path'

Sunday, October 9, 2011

အပျင်းပြေလျှောက်ကြဦးမလား...ကမ္ဘာ့ အန္တရာယ်အကြီး
ဆုံးလမ်း....



ပေပေါင်း ၃၂၈ ပေကျော်မြင့် သည့် နေရာတွင် တစ်စစီပျက်စီးနေသည့် လူသွားလွမ်းပေါ်ဝင်စမ်းတ၀ါးဝါး 
လျှောက်လှမ်းနေကြသည့် ရဲစွမ်းသတ္တိနှင့် ပြည့် စုံသည့် မကြောက်မရွံ့ ကြသောခရီးသွားအုပ်စုတစ်စုဟာ
ကမ္ဘာ့ အန္တရာယ်အကြီးဆုံးလမ်းဟု ခေါ်ဆိုနိုင်သည့် တောင်နံရံပေါ်မှ လမ်းကလေးပေါ်တွင် တစ်ရွေ့ ရွေ့ 
ဖြင့် လျှောက်လှမ်းနေကြပါတယ်...
ထိုလမ်းကလေးကို လျှောက်လှမ်းခဲ့ ကြတာကတော့ သူတို့ အုပ်စုတင်မဟုတ်ပါဘူး... သဲထိတ်ရင်ဖို၊ စိတ်
လှုပ်ရှားမှု၊ စွန့် စားရတာကိုမှ နှစ်သက်တတ်သူများဟာ နှစ်ပေါင် ၁၁၀ သက်တမ်းရှိပြီဖြစ်သည့် စပိန်နိုင်ငံ
တောင်ပိုင်းရှိ အယ်လ်ကာမီနီတို ဒယ်ရေး တောင်နံရံကပ်လမ်းကို လာမည့် နှစ်တွင် ပြန်လည်မပြင်ဆင်မှီ
( ခနော်နီခနော်နဲ့ အခြေအနေမျိုးက ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်...) လျှောက်လှမ်းမြည်းစမ်းခွင့် ရ
ဖို့ တစ်ဖွဲဖွဲလာရောက်လျှက်ရှိနေကြပါတယ်...
တောင်နံရံတစ်လျှောက်လမ်းကျဉ်းလေးပေါ်တွင် လမ်းလျှောက်သူတစ်ဦးရဲ့ ကြက်သီးမွှေးညှင်းထမခန်း
ကတ်သီးကတ်သတ် ခဲယဉ်းစွာလျှောက်နေခဲ့ သည့် ဗီဒီယိုကလစ်တစ်ခု ယူကျုပေါ်တွင် တင်ခဲ့ ပြီး လူအ
များမြင်တွေ့ ကြည့် ရှုခဲ့ ပြီးနောက် ခရီးသွားကုမ္ပဏီများဟာ တစ်မူထူးခြားသည့် ခရီးစဉ်ကို ယခုအခါမှာ
တော့ ကြေငြာကမ်းလှမ်းနေကြပါတယ်...


Don't look down! Climbers braving Spain's El Caminito Del Rey tackle a sheer a cliff face where the dilapidated walkway has completely fallen through
ကြောက်တတ်ယင်အောက်ငုံ့ မကြည့် နဲ့ ...
လက်ရမ်းမပါ...အကွယ်အကာမရှိနဲ့ တွေးကြည့် ရုံနှင့် ပင် ကျောချမ်းစရာ...
Don't look down! Climbers braving Spain's El Caminito Del Rey tackle a sheer a cliff face where the dilapidated walkway has completely fallen through

On the edge: A close-up shows sheer drop. Adrenaline junkies are flocking to take on the path after a youtube video appeared of a walker making the crossing wearing minimal safety equipment
လျှောက်လမ်းတံတားကျဉ်းကျဉ်းလေးတောင်မှ ကြားထဲမှာ ပြတ်နေလိုက်သေးတယ်...
ဒီလိုမျိုးတော့ မစွန့် စားဝံ့ ပေါင်ဗျာ...
On the edge: A close-up shows the hair-raising crossing. Adrenaline junkies are flocking to take on the path after a YouTube video appeared of a walker tackling the trail wearing minimal safety equipment


ထိုလမ်းခရီးကိုလျှောက်လှမ်းဖို့ သင့် အနေနှင့် အတွေ့ အကြုံရင့် ကျက်နေသည့် တောင်တက်သမားတစ်ဦး
ဖြစ်ဖို့ မလိုသလို အနည်းဆုံးအသက် ၁၂ နှစ်ပြည့် ပြီးသူ အမြင့် မကြောက်သူ မည်သူမဆိုတက်ရောက်နိုင်
ပါတယ်...
ဘုရင့် လမ်းကြောင်း လို့ အမည်တွင်တဲ့ ထိုလမ်းဟာ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံနှစ်ခုအကြား အ
လုပ်သမားများသွားလာနိုင်ရန် ၁၉၀၅ ခုနှစ်မှာ ဆောက်လုပ်ခဲ့ တာဖြစ်ပြီး စွန့် စားလျှောက်လှမ်းသူနှစ်ဦး
ပြုတ်ကျသေဆုံးခဲ့ ပြီးနောက် ၂၀၀၀ ခုနှစ်တွင် ထိုလမ်းကို ပိတ်ထားခဲ့ ပါတယ်...

ထိုလမ်းဟာ စပိန်နိုင်ငံ၊ မလာဂါမြို့ မှ မိုင် ၃၀ အကွာ အယ်ချိုရို ရှိုမြောင်ချောက်ကမ်းပါးတွင် ကွေ့ ကာဝိုက်
ကာဖြင့် ကျောက်နံရံအစွန်းများပေါ်တွင် မြင့် မားစွာတည်ရှိဖြတ်သန်းနေတာဖြစ်ပါတယ်...
သုံးပေမျှသာကျယ်သည့် လူလျှောက်လမ်းအများစုဟာလည်း သံချေးတက်နေသည့် ယက်မတန်းများ၊ အ
ပေါက်ကြီးများနှင့် ယိုယွင်းပျက်စီးနေပြီး လက်ကိုင်တန်းများလည်းမရှိသည့် အပြင် တံတားလျှောက်လမ်း၏
အစိတ်အပိုင်းတစ်ချို့ ဟာလည်း လုံးဝပျက်စီးပြိုကျသွားခဲ့ပြီဖြစ်ပါတယ်...

အတိုင်းအတာတစ်ခုအထိ စိတ်ချလုံခြုံမှုရှိစေရန် ယာယီပြုလုပ်ထားသည့် သံကြိုးတစ်ခုကို ကျောက်တောင်
မျက်နှာပြင်ပေါ်တွင် တပ်ဆင်ထားသော်လည်း ဖြတ်သန်းလျှောက်လှမ်းသူအများစုကတော့ လုံခြုံရေးအ
တွက်မည်သည့် ကိရိယာတန်ဆာပလာမျှ ယူဆောင်အသုံးမပြုဖို့ ပိုမိုနှစ်သက်၊လိုလားကြပါတယ်...
ယခုအခါမှာတော့ ထိုဒေသသို့ လာရောက်လည်ပါတ်သူများ ပိုမိုရောက်ရှိစေဖို့ ဆွဲဆောင်သည့် အနေဖြင့် 
လည်းကောင်း၊ ထိုခရီးလမ်းကြောင်းအား စိတ်ချလုံခြုံစေဖို့ အတွက်လည်းကောင်း ဒေါ်လာ ၈.၃ မီလျှံ ကုန်
ကျမည့် ပြန်လည်ပြင်ဆင်သည့် စီမံကိန်းတစ်ခုအား မကြာခင်စတင်တော့ မှာဖြစ်ပါတယ်...

History: El Caminito Del Rey, also known as the King's Pathway, was originally built in 1905 for workers to travel between two hydroelectric power plants but was closed-off in 2000 after two walkers fell to their deaths
 ပြုတ်ကျလိုက်ယင်တော့ အသက်ရှင်ဖို့ လုံးဝမရှိ....
History: El Caminito Del Rey, also known as the King's Pathway, was originally built in 1905 for workers to travel between two hydroelectric power plants but was closed-off in 2000 after two walkers fell to their deaths

No walk in the park: The final stages of the path have fallen through so walkers must abseil down around 100 metres in order to complete the trail
  တံတားအစိတ်အပိုင်းတွေပျက်စီးပြိုကျသွားခဲ့ ပြီမို့ လမ်းဆုံရောက်ဖို့ ကျောက်တောင်မျက်နှာပြင်ကို
ကြိုးဖြင့် တွဲကာ ပေ ၃၀၀ ကျော်ဆင်းပြီးဆက်လျှောက်ရပါတယ်...
No walk in the park: The final stages of the path have fallen through so walkers must abseil down around 100 metres in order to complete the trail 

ထိုကျောက်တောင်မျက်နှာပြင်ကမ်းပါးယံ တံတားလမ်းအား လက်ကိုင်၊လက်ရမ်းများတပ်ဆင်ခြင်း၊ အတား
အဆီးများထည့် သွင်းစီမံခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ဧည့်သည်များအတွက် နားနေဆောင်ဆောက်
လုပ်ခြင်းအပါအ၀င် ပြန်လည်မွမ်းမံတည်ဆောက်ရန်အတွက် ၃ နှစ်မျှကြာမည်ဖြစ်ပါတယ်....
" ဒီမရဏလမ်းတံတားကို ပြန်လည်ပြုပြင်မယ်ဆိုတာကတော့ ရှက်ဖို့ ကောင်းပါတယ်...အဲဒီလိုလုပ်လိုက်
ယင် သွားရလာရတာအဆင်ပြေသွားပြီး စိတ်လှုပ်ရှားစရာ၊ သဲထိတ်ရင်ဖိုဖြစ်စရာကောင်းတော့ မှာမဟုတ်
ပါဘူး....
အခုတော့ အဲဒီကိုသွားရတာ ၀င်ကြေးမပေးရပဲအလကားဖြစ်ပေမယ့် နောင်ဆိုယင်တော့ အခကြေးငွေပေး
ရမှာအသေအချာပါပဲ " လို့ ထိုလမ်းသို့ သွားရောက်လျှောက်လှမ်းခဲ့ သူတစ်ဦးကဆိုပါတယ်...

Crumbling: Repair work to the 110-year-old park is due to start later this year
 နှစ်ပေါင်း ၁၁၀ ကျော်ကြာပြီဖြစ်လို့ ပျက်စီးယိုယွင်းနေသည့် အဆိုပါတံတားလျှောက်လမ်းအား
လာမည့် နှစ်တွင် စတင်ပြင်ဆင်မှာဖြစ်ပါတယ်...
Crumbling: Repair work to the 110-year-old park is due to start later this year

Mind your step: The walkway is riddled with hundreds of holes လမ်းလျှောက်ယင်တော့ သတိသာထားပါဗျာ...အပေါက်တွေကအများကြီးပါပဲ...
Mind your step: The walkway is riddled with hundreds of holes 

 

2 comments:

မိုးယံ said...

မသွားလိုပါ မသွားလိုပါ။

မဒမ်ကိုး said...

အောင်မလေး
မသွားရဲပေါင် .
ေ၇ွှ ၁၀ သားပေးမယ်ဆိုတောင်မသွားဘူးး(