Holy men of India, very colorful characters

Tuesday, October 4, 2011

ဆာဒူးမျိုးစုံအရောင်စုံ....



ယခုခေတ်တွင်ဆာဒူးဟုခေါ်ဆိုကြည့် အိန္ဒိယနိုင်ငံမှယောဂီကြီးများကာ ဗုဒ္ဓဘုရားရှင်မတိုင်မီလက်ထက်
ကတည်းကပင် တိတ္တိများ၊ တက္ကတွန်းများ၊ ပုရဗိုဇ်များစသည်ဖြင့် အမည်အမျိုးမျိုးဖြင့် ရှိလာခဲ့ တာဖြစ်
ပါတယ်...
ကိလေသာတရားများကုန်ခန်းစေရန်၊ ဆင်းရဲငြိမ်းစေရန်တည်းဟူသောရည်ရွယ်ချက်ကားကောင်းမွန်လှ
သော်လည်း သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်းအကျင့် မှန်မဟုတ်သည့် ဆင်းရဲပင်ပန်းသည့် အ
ကျင့် နည်းလမ်းများကိုသာယုံကြည်ကျင့် ကြံတတ်ကြပါတယ်...
သာမန်လူများလိုက်နာကျင့် ကြံရန်မလွယ်ကူသည့် ခက်ခဲပြင်းထန်သည့် အကျင့် များအားကျင့် ကြံအား
ထုတ်နေကြသည်မို့ ဝီရိယနှင့် စိတ်ဓါတ်အရာတွင်တော့ အားကျအတုယူသင့် ပါတယ်...

အပြစ်တွေကို မြစ်ရေနဲ့ အတူမျှောပစ်ဖို့ ဂင်္ဂါမြစ်ထဲဆင်းလာတဲ့ 
အ၀တ်မလွှမ်းတဲ့ တိတ္တိ၊တက္ကတွန်းဆာဒူးတွေ...

အိန္ဒိယနိုင်ငံရဲ့ အမျိုးသားအားကစားလို့ ခေါ်နိုင်တဲ့ ခရစ်ကက်အသင်းအားပေးသူ 
ခရစ်ကက်ဝါသနာရှင် ခရစ်ကက်ဆာဒူး...

ပြုံးပြုံးလေးသာနေပါကွယ်...
ကင်မရာမင်းဆာဒူး...

ဆေးပေးမီးယူ သူကြည်ဖြူတဲ့ ဆာဒူး...
အ၀ိဇ္ဇာနဲ့ တဏှာတရားကဖုံးလွှမ်းထားတော့ နှစ်ဦးစလုံး ရှက်ရကြောက်ရကောင်းမှန်းမသိကြတော့ ဘူး...

ဆောင်းနှင်းပွင့် လေးတွေနဲ့ အတူ အေးရာအေးကြောင်း ဆာဒူး...

အတ္တလိကမထာနုယောဂလို့ ခေါ်ရမယ့် အကျင့် မှားနဲ့ ဆာဒူး...
အနတ္တသံဟိတော...ကိုယ်အတွက်အကျိုးမရှိတဲ့ အကျင့် ပါတဲ့ ...မတော်လို့ ပြုတ်ကျယင်ဒုက္ခရောက်
ဦးမယ်မဟုတ်လားဗျာ...

ချေးအထပ်ထပ်ဆံကြစ်ခွေနဲ့ အရည်းကြီးဆာဒူး...

ရမ်းကုဆာဒူး...

ရေထဲမှာကိုယ်ဖော့ ပညာပဲတစ်ကယ်စွမ်းသလား...အာပေါကသိုဏ်းပဲရလေသလား...
လွန်ခဲ့ တဲ့ အနှစ် ၂၀လောက်က ပုသိမ်က င၀န်မြစ်ထဲမှာတော့ အဲဒီလိုရေထဲမှာ
ကိုယ်ဖော့ ပြီးအိပ်နိုင်တဲ့သူကိုတွေ့ ခဲ့ ဖူးပါတယ်...

နှစ်ပေါင်းများစွာ ညာလက်ကိုမြှောက်ထားသည့် ဆာဒူး...
သူ့ အကြောင်းသတင်းတစ်ပုဒ်တင်ပြခဲ့ ဖူးပါတယ်...

ဘုရားအလောင်းတော် သုမေဓါရှင်ရသေ့ ကတော့ အလျားမှောက်ကာ တံတားဆောက်ကာဖြင့် ပါရမီတော်
ဖြည့် ခဲ့ ပါတယ်....ဒီဆာဒူးကတော့ တံတားဆောက်တာမဟုတ်ပဲ ၀တ်ပြုဆုတောင်းနေပုံပါပဲ...

တံပိုးမှုတ်သည့်ဆာဒူး...

ယောဂအစွမ်းပြနိုင်သည့် ဆာဒူး...
ရုရှားတို့ အမေရိကန်တို့ က ကလေးမလေးတွေလည်းအဲဒီလိုအကြောပျော့ ကြပါတယ်...
သူတို့ လေးတွေကျတော့ ဒီလိုပုံစံမျိုးနဲ့ ဓါတ်ပုံအရိုက်ခံကြတာ ကမ္ဘာကျော်တယ်ဗျာ...

ဗလာအတိုင်းနေမှ ဗလာဖြစ်မှာ...
(ဗလာဆာဒူး...)

ကိုယ့် ကိုကြည့် ယင်သူ့ ကိုတွေ့ တယ်နော်...
သူလေးလည်း အိန္ဒိယရဲ့ ထက်ထက်မိုးဦးဖြစ်နေမလားပဲ...ဆာဒူးတောင်သဘောကျတယ်ထင်တယ်...

 

နူ

4 comments:

ကိုဇော် said...

ခုနကပဲ မိုးယံကိုတောင်မှ ပြလိုက်သေးတယ်။
တိုက်ဆိုင်လိုက်တာဗျာ။
http://www.youtube.com/watch?feature=player_embedded&v=s_ydEz6KMNQ&noredirect=1
ဒီမှာ . .

မဒမ်ကိုး said...

ထမင်းစားရင်းတောင် သီးပါရဲ့အကိုရယ် .ရီရတား)

မိုးယံ said...

အနော်လဲ ရေထဲမှာ ကိုယ်ဖေါ့နိုင်တဲ့...စာဒဂူးပါ ကပီတာရဲ့.. ဒါပေမယ့် ယက်ကန်ယက်ကန် နဲ့ပေါ့အေ...

Aeimt Kabyar Mon said...

ဟိဟိ တို့ မြန်မာနိုင်ငံက အရည်းကြီး အတိုင်းပဲ