အပန်းဖြေစရာပုံရိပ်ကမ္ဘာ...

Saturday, October 8, 2011


အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေတာမို့ 
ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိသမျှ ၊ တစ်ချို့ 
လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါတယ်...


အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာချင်း
လွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...

မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်
မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမတတ်နိုင်ပေဘူးပေါ့ ...
သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ တင်တာမို့ သိခဲ့ လျှင်တောင်မှ
ခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...

ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...
 ကမ္ဘာကြီးကိုပြောင်းလဲ(ကိုင်လှုပ်)စေခဲ့ တဲ့ ထိုပန်းသီးသုံးလုံး ပါတဲ့ 
နောက်ဆုံးပန်းသီးရဲ့ ဖန်တီးရှင်ကြီးတော့ သွားရှာလေပြီ...

 လေဒီမျိုးစုံ၊ ဆိုဒ်မျိုးစုံ၊ အခေါ်အဝေါ်မျိုးစုံ...

 စရိုက်နှင့်အကြိုက်...( အင်တာဗျူးတဲ့ သူတောင်ပက်လက်လန်သွားနိုင်တယ်...)

 နာယူမှတ်သား ပညာရှိစကား...

 မရခင် ဖျာလိုလိပ်ကာထိပ်မှာတင်...လို့ လည်းဆိုကြလေရဲ့ ....

 အထက်အရာရှိနှင့် လက်အောက်ငယ်သားတို့ အပြန်အလှန် မြင်ကြရပုံ....

 ဘ၀ကိုသင်္ချာတွက်နဲ့ တွက်ကြည့် ယင်အချစ်ရေး၊ စီးပွားရေး၊ လူမှုရေး
လုပ်ငန်းခွင် စသည်မှာ ဒီလိုမြင်ကြတယ်တဲ့ ...

 သူ့ ဖက်ကကြည့် တော့ ခွေးဆိုး...ကိုယ့်ဖက်ကကြည့် တော့ ခွေးလိမ္မာ...


 နူကလီးယားကျတော့ ဓါတ်ပေါင်းဖိုအန္တရာယ်...၊ ကမ်းလွန်ေ၇နံကျတော့ ပိုက်လိုင်းပေါက်လို့ 
မိုင်းတွင်းကတော့ ပြိုကျလို့ ...ဒါပေမယ့် ကိုယ့် ခြံထဲတော့ လာမလုပ်လေနဲ့ တဲ့ ...
တွေ့ လား ...သူတို့ ဆို အဲဒီလိုသိတတ်တာ...

 ကိုရေ...၀မ်းသာစရာသတင်းပြောမယ်...ကိုယ်ဝန်ရှိနေပြီ သိလား...
ဘာ...ကိုယ်ကကလေးမရနိုင်တဲ့ ( သန္ဓေမအောင်တဲ့ ) သူလေ...

 တရုတ်လည်း ဆာဒူးလောက်တော့ အရိုးပျော့ အကြောပြေပါတယ်...

 သူမို့ အားအားယားယား...ငါတို့ တော့ စိတ်မ၀င်စားနိုင်ပေါင်...
(သြော်...အဒေါ်က အသက်ကြီးပြီကိုး ခင်ဗျ...)

 စပယ်ယာ လိုနေတာအမှန်ပဲ...

 တားပါရစေ အစ်ကိုရယ်...
စိတ်ကြီးတယ်နော်...နှစ်လုံးစလုံးဝင်အောင်သွင်းမယ့် ပုံပဲ...
သူများတွေ တစ်လုံးတောင်အနိုင်နိုင်ရယ်...
 အလွယ်ကူဆုံးမှတ်မိလေ့ လာသင်ယူနိုင်မည့် လက်နှိပ်စက်အမြန်ရိုက်နည်း...

 ဒါပဲနော်...မယားနေစ ကြောင်သေမှဆိုတာ သူများတွေအတွက်ပဲမှန်ချင်မှန်လိမ့် မယ်...
ကျွန်မကတော့ ပြောမရယင် ဒီလိုပညာပေးလိုက်မှာ...

သောက်ပြီးမူးပြီးဆက်မောင်းယင်တော့ ရှေ့ မှာ ထောင်ရယ်၊ ဆေးရုံရယ်၊ ရေခဲတိုက်ရယ်...
ကြိုက်တာရွေးချယ် လမ်းသုံးသွယ်...

1 comments:

8Yar said...

ဟားဟား ဟားဟား အစ်ကိုတင်ပေးတဲ့ ပုံလေးတွေက ရီလည်းရီရတယ်။ အဓိပ္ပါယ်လဲရှိတယ်။ ကျေးဇူးပါ။