Batik sarong gets granny the men

Monday, January 2, 2012

စုတ်ဝင်လာဘ်ကောင်းစေသည့် ဂမ္ဘီရအဆောင်ထမီ....



မလေးရှားနိုင်ငံ၊ တီရန်ဂနူ ပြည်နယ်မှ အသက် ၅၀ ကျော်အရွယ်ရှိ မြေးတို့ ၏ဘွားဘွားအဒေါ်ကြီးတစ်ဦးက
သူမအနေဖြင့်  စုတ်ဝင်လာဘ်ကောင်းစေသည့် ဂမ္ဘီရထမီတစ်ထည်ကြောင့်  ၅ နှစ်အတွင်းချစ်သူရည်းစား
ယောကျာင်္းပေါင်း အယောက် ၂၀၀ ရရှိခဲ့ သည်ဟု အခိုင်အမာပြောကြားခဲ့ ပါတယ်...
မလေးရှားသတင်းစာ Harian Metro  ရဲ့ အဆိုအရ နိုရာဟုအမည်ရှိသည့် အဆိုပါအမျိုးသမီးကြီးက ကိန်အူ
လာဘာလကီ ဟုခေါ်သည့် အဆိုပါထမီအား လက်ဆောင်ရရှိခဲ့ တာဖြစ်ပြီး အမျိုးသားများအားဆွဲဆောင်
စေနိုင်သည့် အဆောင်တစ်ခုသဖွယ်ဖြစ်ခဲ့ တယ်လို့ ပြောကြားခဲ့ ကြောင်းသိရှိရပါတယ်...
ယခုအခါ မြေး ၁၀ တို့ ၏အဖွားဖြစ်နေသည့် နိုရာက သူမ၏ထမီကြောင့် ယောကျာင်္းမှန်သမျှ ပျိုပျို၊ အိုအို
လူပျိုရော၊ အိမ်ထောင်ရှင်များပါ သူမအား စွဲလမ်းနှစ်သက်ချစ်ကျွမ်းဝင်ခဲ့ ကြကြောင်း၊ သို့ သော်လည်း သူမ
အနေဖြင့် မည်သည့် အမျိုးသားနှင့် မျှ လွန်လွန်ကျူးကျူးမရှိခဲ့ ပါကြောင်းဖြင့် အသေအချာပြောကြားခဲ့ ပါ
တယ်....
" ဒီချစ်မေတ္တာမှာ လိင်ဆက်ဆံမှုတွေမပါရှိပါဘူး...ကျွန်မကတစ်ယောက်ယောက်နဲ့ စကားစမည်ပြောမယ်..
ပျင်းယင် အပြင်ထွက်ပြီး ဆိုင်ထိုင်မယ်...ဒါလောက်ပါပဲ..." လို့ သူမက ပြောကြားခဲ့ ပါတယ်...
သူမရဲ့ ပထမဦးဆုံး ပွဲတွေ့ အောင်မြင်မှုကတော့ ၂၀၀၃ ခုနှစ်က သူမခင်ပွန်းနှင့် ကွာရှင်းပြတ်စဲခဲ့ စဉ်တုံးက
ဖြစ်ပါတယ်လို့ လည်းသူမက ထပ်ပြီးပြောပြခဲ့ ပါတယ်....
မြွေနှစ်ကောင် မိတ်လိုက်နေသည့် ပန်းချီပုံပါဝင်သည့် အဆိုပါအဆောင်ထမီကို သူမအား နတ်ဆရာတစ်ဦး
က ပေးခဲ့ တာဖြစ်ပြီး သူမအနေဖြင့် ယခုအခါအသက်အရွယ်ကြီးရင့် လာပြီဖြစ်လို့ စုတ်ဝင်လာဘ်ရွှင်စေ
သည့် အဆိုပါအဆောင်ထမီအား စွန့် ပစ်ဖို့ အချိန်တန်ပါပြီလို့ သူမက ဆိုပါတယ်...

A 50-year-old grandmother from Terengganu claims to have had 200 boyfriends over a span of five years - thanks to a piece of batik cloth that was her lucky charm.
According to Harian Metro, the woman, known as Nora, claimed that the cloth, known as kain ular berlaki, was given to her and it worked “like a charm” in getting the men.
Nora, who has 10 grandchildren, claimed that men – be they young or old, single or married – were attracted to her, but stressed that she never had sex with any of them.

“It was never about sex. I just wanted someone to chat with and go out for drinks when I am bored,” she said, adding that her first “conquest” was when she was a divorcee in 2003.

Nora had since remarried, to a man 10 years her junior.

She also claimed that the cloth had been given jampi (charm) by a bomoh (witch doctor) and it had a caricature of two snakes mating. Nora felt it was time to let go of her lucky charm as she was getting old.

Source: hmetro.

4 comments:

မဒမ်ကိုး said...

အာ မှားပါတယ် အဲလိုယုံကြည်မှု့တွေကလဲတမျိုးး(

SHWE ZIN U said...

အင်း ဝတ်လိုက်ရရင် ချစ်ချစ်ကြီး ငိုတော့မှာဘဲ.. ဟဲ..ဟဲ

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ ကိုပီတာ--
မင်္ဂလာနှစ်သစ်ပါလို့လည်းနှုတ်ဆက်ခဲ့ပါတယ်။
ကိုပီတာ ရေ----အင်ဒိုနီးရှားပါတိတ်ဝတ်ထားသူတွေကို
ရှောင်မှဖြစ်တော့မယ်ထင်ပါရဲ့ ဗျာ-

Han Kyi said...

လွှင့်ပစ်မယ်ဆိုရင်လည်း ရွှေပြည်ဘက်ကိုတော့ မပစ်လိုက်ဖို့ ကြုံရင်ပြောလိုက်စမ်းပါ ကိုပီတာရယ်...ကြောစိမ့်လွန်းလို့ပါ...