Fake Cabbage. Made in China

Monday, March 5, 2012

တရုတ်ပြည်က ဂေါ်ဖီအတု...

ကျွန်တော်တို့ ရွှေပြည်ကြီးရဲ့ အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်ကြီးများကတော့ တစ်မျိုးနဲ့ တစ်မျိုး
မရိုးရအောင်ပါပဲ....
အခုတစ်ခါလည်း ဂေါ်ဖီအတုပါတဲ့ ...
ဘယ်သူသေသေ ကိုယ်ချမ်းသာယင်ပြီးရောဆိုတဲ့ စိတ်ထားရှိတတ်ကြတာ အံ့ သြလို့ မဆုံးပါ
ဘူး...
ဒီလိုစိတ်မျိုးဆိုတာကလည်း တရုတ်မှ၊ ဗမာမှ၊ ကုလားမှ မဟုတ်ပါဘူးလေ...
တစ်ဦးချင်းစီရဲ့ စိတ်နေသဘောထား၊ ခံယူချက်နဲ့ ဆိုင်ပါတယ်...
ဘာပဲဖြစ်ဖြစ်လောလောဆယ်တော့ အင်တာနက်ပေါ်ရောက်လာတာ တရုတ်ပြည်ကမို့ တရုတ်
လုပ် အစားအစာအပြင်၊ အသီးအနှံပါ စိတ်မချရဘူးဆိုတာ သတိပြုစေချင်ပါတယ်...

ကဲဗျာ ....
ဘယ်သူများ ဘာတတ်နိုင်ကြသေးတုံး...
ရိုက်ချက်ကတော့ ကမ်းကုန်ပါပဲ...

5 comments:

နိုင်းနိုင်းစနေ said...

တီဗီအစီအစဉ်တစ်ခုလို့ ထင်ပါတယ်.. ဂျပန်စာရေးထားတော့ ဂျပန်တီဗီအစီအစဉ်တစ်ခုပါ။ ဂူဂယ်လ်ကြည့်တော့ ဒါထွက်လာတယ်...ဗီဒီယိုလဲ ပါပါတယ်.. ကြည့်ကြည့်ပါအုန်း..

http://izismile.com/2012/03/05/japanese_fake_cabbage_8_pics_1_video.html

နိုင်းနိုင်းစနေ said...

တီဗီအစီအစဉ်တစ်ခုပါ... ပုံရဲ့ထိပ်မှာ ဂျပန်စာတွေရေးထားပါတယ်.. ဂျပန်တီဗီအစီအစဉ်တစ်ခုပါ

http://izismile.com/2012/03/05/japanese_fake_cabbage_8_pics_1_video.html

ဒီလင့်မှာ ဗီဒီယိုပါပါတယ်.. ကြည့်ကြည့်ပါအုန်း

comment approval မလုပ်ပေးဘူးလား...း)

Anonymous said...

ဟုတ်ကဲ့ ...
ကျွန်တော်တွေ့ မိတဲ့ ဆိုဒ်ကတော့ တရုတ်ကလို့ 
ဆိုတာမို့ သူ့ ဆီကခေါင်းစဉ်အတိုင်းပဲတင်လိုက်
ရေးလိုက်တာပါပဲ...
ိုပို့ စ်တင်ပြီး အလုပ်သွားနေတာမို့ ကွန်မန့် တွေကို
ချက်ချင်း approve မလုပ်နိုင်ခဲ့ ပါဘူး...

kyawminthant said...

ဟုတ်ပါတယ်အဲဒါဂျပန်တိဗွီအစီအစဉ်မှာပါတာပါ။ပြီးတော့အဲဒါစားဖို့အတွက်မဟုတ်ပါဘူး
ဆိုင်တွေမှာနမူနာပြဖို့အတွက်လုပ်ထားတာပါ