Thursday, June 14, 2012
ငါတို့ နိုင်ငံ....
ဖေ့ စ်ဘွတ်မှာတွေ့ မိတဲ့ စာသားများပါပဲ... 
ကမ္ဘာ့မြေပုံမှာ ခေါင်း၊ခြေ။လက် အပြည့်စုံရှိတဲ့နိုင်ငံ....
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ(၂)ခုကြားမှာရှိတဲ့နိုင်ငံ....
ရေခဲတောင်၊သဲလွင်ပြင်၊မြစ်ဝကျွန်းပေါ်၊ရိုးမတောင်၊
ကုန်းပြင်မြင့်၊ကျွန်း၊ပင်လယ်၊ကမ်းရိုးတန်း အပြည့်စုံရှိတဲ့နိုင်ငံ....
အလွန်ထူးခြားတဲ့နိုင်ငံ....
အလွန်ထူးဆန်းတဲ့နိုင်ငံ....
အလွန်အံ့သြဖွယ်ကောင်းတဲ့နိုင်ငံ ..... 
အဲဒီနိုင်ငံမှာငါတို့နေတယ်.....
အဲဒီနိုင်ငံဟာ ထေရ၀ါဒထွန်းကားတဲ့နိုင်ငံ...
ဘုန်းကြီးကိုခေါင်းရိုက်ခွဲတဲ့နိုင်ငံ....
ရိုးသားအေးချမ်းရောင့်ရဲပြီးအာဃာတအငြိုးအတေးမထားတဲ့ ပြည်သူတွေနေတဲ့နိုင်ငံ....
ကမ္ဘာမှာ အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်ပွားဆဲနိုင်ငံ....
ကမ္ဘာပေါ်မှာဖုန်းကတ်ဈေးအကြီးဆုံးနိုင်ငံ၊သယံဇာတတွေ သူခိုးဈေးနှင့်ရောင်းတဲ့နိုင်ငံ....
ကြိုတင်မဲတွေအများကြီးရတဲ့ နိုင်ငံ၊နောင်မျိုးဆက်အတွက် ကြိုမတွေးထားတဲ့နိုင်ငံ....
အိမ်နီးချင်းဆွေမျိုးပေါက်ဖော်၊ မာမူ၊ ဘာဘူတို့ အပေါ် စေတနာကောင်းတဲ့နိုင်ငံ....
နိုင်ငံတွင်းက တိုင်းသူပြည်သားမိသားစုကိုအငတ်ထား ဆင်းရဲငတ်ပြတ်စေတဲ့နိုင်ငံ...
ဂျီဒီပီတွေ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေတယ်လို့ ဆိုတဲ့နိုင်ငံ...
အဆင်းရဲဆုံးနိုင်ငံစာရင်းမှ ရုန်းမထွက်နိုင်သေးတဲ့နိုင်ငံ....
မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းစေရမည် ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြိုင်တိုင်းနီးပါးရှုံးနေတဲ့ နိုင်ငံ...
ကြိုတင်ဂိုးတွေ အချိန်မှီမရောက်လို့ ခုနှစ်ဂိုးသုညနဲ့ ဗီယက်နမ်ကိုဂိုးပြတ်ရှုံးတဲ့နိုင်ငံ....
မိုးပေါ်ထောင်ပစ်ပေမဲ့ ရင်ဘတ်တည့်တည့်ထိစေတဲ့နိုင်ငံ....
အုပ်ချူပ်သူတွေနဲ့ တိုင်းသူပြည်သားတွေကြား သံသယတွေပွားလို့ နိုင်ငံရေးကျိန်စာသင့် 
နေတဲ့ နိုင်ငံ....
ကမ္ဘာမှာ တက္ကသိုလ်အများဆုံးနိုင်ငံ...(အတွင်းကိုတော်တော်ဝင်ရတဲ့ တော်ဝင်တက္ကသိုလ်တွေလည်းရှိတဲ့ နိုင်ငံ...)
ဒါပေမယ့်......မနက်ဖြန်သဘက်ခါကို(Two-tomorrow) လို့
နိုင်ငံရပ်ခြားသတင်းစာရှင်းလင်းပွဲမှာဝန်ကြီးချုပ်ကိုယ်တိုင်ပြောတဲ့နိုင်ငံ....
ရတဲ့လစာနဲ့ မိသားစု (၅) ယောက် ည/မနက် ဘယ်လိုနေထိုင်စားသောက်တယ်ဆိုတာအဖြေရှာမရလို့ ဘီလ်ဂိတ်ကိုယ်တိုင်စိတ်ညစ်ရတဲ့ ကွန်ပျူတာတောင်ဥာဏ်မမှီစေတဲ့နိုင်ငံ...
အခါပေးက ကြက်ဆူပင်စိုက်ဆိုရင် စိုက်တဲ့နိုင်ငံ.....
နိုင်ငံတော်အဆင့်အကြီးအကဲများမိန်းမ ချိတ်ထမိန်ဝတ်ဆိုရင် ၀တ်တဲ့နိုင်ငံ....
နိုင်ငံတော်အလံသစ်ကိုဘယ်ရက် ဘယ်အချိန် ဘယ်နေ့သားက ဆင်ကြယ်ဖိနပ်စီးပြီး အလံတင်စေတဲ့နိုင်ငံ....
"မ" နှင့်စတဲ့ မြို့တွေ ဈေးတွေ အံသြဖွယ်ကောင်းလောက်အောင် မီးမကြာခဏလောင်တဲ့နိုင်ငံ..
နိုင်ငံတစ်ခုရဲ့ ဆံပင် (သစ်ပင်)၊....နိုင်ငံတစ်ခုရဲ့ ကလီစာ
 ( တွင်းထွက်သယံဇာတ၊သဘာဝဓာတ်ငွေ့)
နိုင်ငံတစ်ခုရဲ့ အသွေးအသား (မြစ်၊ချောင်း၊အင်း၊အိုင်၊တော၊တောင်)တွေကိုရောင်းစားရင်းနှင့်
ကိုယ့်ကိုယ်ကိုယ် တဖြေးဖြေးသတ်သေနေတဲ့နိုင်ငံ....
ကိုယ့်နိုင်ငံသားတွေကို လရောင်အောက်မှာ ဖယောင်းတိုင်ညတွေနှင့် ကဗျာဆန်ဆန်နေထိုင်
စေပြီးတစ်ခြားပြည်သားတွေကို လျှပ်စစ်အလင်းရောင်အပြည့်ပေးတဲ့နိုင်ငံ....
တစ်စတစ်စတိုးတက်နေပါတယ်လို့ပြောရင်း တစ်စတစ်စ ဆုတ်ယုတ်သွားတဲ့နိုင်ငံ....
လမ်းတစ်ခြမ်းထဲခင်းတဲ့နိုင်ငံ၊လမ်းတွေဖောက်ပေမဲ့ လမ်းတွေမကောင်းတဲ့နိုင်ငံ....
တိုးလ်ဂိတ် ၀ါးတားဂိတ် စစ်တောင်းဂိတ် ဂိတ်တွေအများကြီးရှိတဲ့နိုင်ငံ....
တံတားတွေဆောက် ဆည်တွေဖောက်တဲ့ ပရောဂျက်တွနဲ့ ၀န်ကြီးနှင့်အပေါင်းအပါများ
ကောင်းစားတဲ့နိုင်ငံ....
အာဏာရှိသူနှင့် စီးပွားရေးသမားပေါင်းပြီး သုံးစွဲသူတွေအပေါ် ဓါးပြတိုက်တဲ့နိုင်ငံ...(ဥပမာ-ဖုန်းကိစ္စ)
ရဲကငွေညှစ်/စစ်သားက ဓါးပြဖြစ် /ဓါးပြကဘုရားလူကြီးဖြစ်/ မူးယစ်ရာဇာကအမတ်ဖြစ် /
ဝန်ထမ်းကသူတောင်းစားဖြစ်/ ပြည်သူတွေက တစ်ပါးနိုင်ငံမှာကျွန်ဖြစ်....
ကလီးန်ဂါးဗားမင်း ဂွတ်ဂါးဗားနန့် စ် လို့ပြောပြီး တစ်ပဲခြောက်ပြားနှင့် အောက်ခြေ၀န်ထမ်းတွေ
ကို ဖြုတ်၊ထုတ်သတ်တဲ့နိုင်ငံ....
တရားဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးပြောပေမဲ့ အင်တာနက်သုံးရုံနဲ့ အီလက်ထရောနစ်ပုဒ်မတပ်ပြီး ထောင်(၆၅) နှစ်ချတဲ့နိုင်ငံ....
ဘုန်းကြီးဆွမ်းကပ်လို့ အနုပညာမလုပ်ရတဲ့နိုင်ငံ... နာဂစ်ဒုက္ခသည်ကို ကူညီလို့ ထောင် ၃၅ နှစ်ချတဲ့နိုင်ငံ....
အီးမေလ်းနှင့်ဂျီမေလ်း အတူတူပဲဆိုတာမသိတဲ့ တရားလို အစိုးရရှေ့နေရှိတဲ့နိုင်ငံ....
အရက်ပုန်းရောင်းတဲ့သူက ဂေါပကလူကြီးလုပ်ချင်သလိုအလုပ်အကိုင်မရှိအရက်သမားက 
ရပ်ကွက်လူကြီးလုပ်ချင်သလိုမျိုးနဲ့ ၂၀၁၄ မှာ အာဆီယ့ဥက္ကဠ လုပ်ချင်တဲ့နိုင်ငံ(ရုပ်တည်ကြီးနှင့်)
အဲ့ဒီလိုနိုင်ငံမှာ ကျွန်တော်/ကျွန်မတို့နေတယ်ဆိုရင်..........................
ခင်ဗျား/ရှင်တို့ သိပ်အံ့သြသွားသလားမိတ်ဆွေ............................။
ခုတော့ အဲ့ဒါတွေ ခဏမေ့ပြီး.....ပြဿနာပေါင်းစုံဖြစ်နေတဲ့နိုင်ငံ....
မုန့် လုံးစက္ကူကပ်၊ ဂျာအေးသူ့ အမေရိုက်တဲ့ နိုင်ငံ...
ပြဿနာသာရှိ...အဖြေမရှိတဲ့ နိုင်ငံ....
9 comments:
ZP.LINTAN said...
ဟုတ်တယ် ဟုတ်တယ် ကိုပီတာရေ...ငါတို့မြေပုံ ကြိုက်လို့ ယူသွားတယ်။
ပြည်သူအားလုံး ကျမ်းမာ ချမ်းသာကြပါစေ။
layaung said...
please let me share!
မဒမ်ကိုး said...
super like bro :)
သိ င်္ဂါ ရ said...
ကိုယ့် နိုင်ငံ အကြောင်း ကိုယ် ပြန်ရေးရတာ ...
ရင်နာစရာတွေ များလှတယ်နော် အစ်ကို ... ။
မျှော်လင့်ရတာတွေ ၊ မေ့ပစ်ရတာတွေ နဲ့ ...
zaw said...
if i read more, wanna cry again.
thnx for your option clearly.
Aeimt Kabyar Mon said...
ထိတယ်ဗျ..ကူးသွားတယ်..Credit လဲပေးမယ်ဗျ.အလကားတော့ သူများချီက ယူပါဘူး....
kyawsitt said...
ရင်နာတယ်..စိတ်နာတယ်
kyawsitt said...
ရင်နာတယ်...စိတ်လေဒယ်
Unknown said...
ပြုပြင်ပြောင်းလဲရေးတွေလုပ်နေပေမဲ့ အောက်ခြေဝန်ထမ်း
အထိမကြပ်မှတ်နိုင်ပါက ပြုပြင်ပြောင်းလဲရေးမထိရောက်နိုင်ပါ။
ဥပဒေသည် ပြည်သူများအတွက်ကာကွယ်ပေးရန်ဖြစ်ပြီး
ပြည်သူများကိုဒုက္ခပေးရန်မဟုတ်ပါ ။