Altar-native sex

Thursday, June 23, 2011

သစ်တောသစ်ပင်မပြုန်းတီးဖို့ ...တို့ တွေချစ်ကြစို့ ..


 ကမ္ဘာကြီးမှာ သစ်တောတွေပြုန်းတီးကုန်ပြီ...
သစ်တောတွေကို ကာကွယ်ဖို့ တို့ တစ်တွေချစ်ကြစို့ ...

သင်ယုံနိုင်ပါ့ မလားတောင်မသိပါဘူး...
သဘာဝပါတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးဆိုင်ရာလှုံ့ ဆော်ဆန္ဒပြသည့် ရူးကြောင်မူးကြောင်စုံတွဲတစ်တွဲဟာ
နော်ဝေနိုင်ငံ၊ အော်စလိုမြို့ တော်ရဲ့ ဘုရာရှိခိုးကျောင်း၊ ၀တ်ပြုဆုတောင်းခန်းမစင်မြင့် ထက်တွင် (သဘာ
ဝပါတ်ဝန်းကျင်စိမ်းလမ်းစိုပြေစေရေး သတိပြုမိစေရန် လှုံ့ ဆော်သည့် အနေဖြင့် ) အ၀တ်မပါ၊ ကိုယ်ဗလာ
ဖြင့် ချစ်တင်းနှောကာ၊ လိင်ဆက်ဆံခဲ့ ကြပါတယ်...
အော်စလို၊ ဂိုဏ်းအုပ်ဘုန်းတော်ကြီးကျောင်းတွင် မဖွယ်မရာပြုခဲ့ သည့် ထိုစုံတွဲကို အံ့ အားသင့် ကာ တုန်
လှုပ်ချောက်ခြားခဲ့ ရသည့် ဘုရားရှိခိုးကျောင်းသို့ လာရောက်သူတစ်ဦးက ရဲတပ်ဖွဲ့ သို့ အကြောင်းကြားခဲ့
ပြီးနောက် ဖမ်းဆီးခဲ့ ပါတယ်...
စိတ်ဆိုးဒေါသထွက်နေခဲ့ ကြသည့် ( စိတ်ဆိုးမယ်ဆိုလည်းဆိုးစရာပါပဲလေ...) ၀တ်ပြုဆုတောင်းသူများက
လည်း ထိုလူ့ တော်သလင်းပွဲတစ်ခန်းရပ်ပြဇတ်ကို ပြသနေကြသည့် စုံတွဲအား ဆွဲခွာခဲ့ ကြပြီး ရဲများရောက်
ရှိလာသည်အထိ ဖမ်းဆီးထိန်းသိမ်းထားခဲ့ ကြပါတယ်...
ထိုကဲ့ သို့ ပြုမူနေသည်ကို မှတ်တမ်းတင်ဓါတ်ပုံရိုက်နေသည့် သူတစ်ဦးကိုလည်း ၎င်းတို့ က ဖမ်းဆီးခဲ့ ပါ
သေးတယ်...
" အော်စလို ဂိုဏ်းအုပ်ကျောင်းတော်အတွင်း၊ စင်မြင့် ထက်တွင် မဖွယ်မရာလိင်မှုကိစ္စကျူးလွန်သည့် သူ
သုံးဦးကို ရဲတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း..." ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူကဆိုပါတယ်...

ရဲတပ်ဖွဲ့ မှ အမည်မဖေါ်ပြခဲ့ သည့် တရားခံသုံးဦး၏ပြောဆိုခွင့် ရှိသူက " ကျွန်တော်တို့ အနေနှင့် ဒါဏ်ငွေအ
နည်းငယ်ဆောင်ရမှာဖြစ်ပါတယ်...အကယ်၍ ဒါဏ်ငွေမဆောင်ပါက ၁၆ ရက် ထောင်ကျခံရမှာဖြစ်ပါတယ်..
အဲဒီလောက်အကြာကြီး ( ၁၆ ရက်တောင် ) မချစ်ရယင်မနေနိုင်တာမို့ ဒါဏ်ငွေဆောင်ဖို့ သဘောတူလိုက်
ပါတယ်..." ပြောကြားခဲ့ ပါတယ်...
အဆိုပါ ရမ္မက်ဇောအဟုန်ကြွသည့် ပြောမယုံ၊ ကြုံမှသိရမည့် စုံတွဲဟာ " သစ်တောတွေကို ကာကွယ်ဖို့ ၊ တို့ 
တစ်တွေ ချစ်ကြစို့ " ဟူသော ဆွီဒင်နိုင်ငံမှ ကမ္ဘာ့ သစ်တောပြုန်းတီးမှုများအား ကမ္ဘာလုံးဆိုင်ရာအသိအ
မှတ်ပြုစေဖို့ ၊ သတိပြုစေဖို့ အများပြည်သူမြင်ကွင်းတွင် လိင်ဆက်ဆံပြခြင်းဖြင့် လှုံ့ဆော်သည့် အဖွဲ့ ဝင်များ
ဖြစ်ပါတယ်...
ထိုအဖွဲ့ က ယခုကဲ့ သို့ လူအများအား မဖွယ်မရာဖြစ်အောင်လုပ်ပြခြင်းဖြင့် လှုံဆော်ခြင်းက ( ပိုမိုထိရောက်
အောင်မြင်သည်ဟု ) ယုံကြည်ပါတယ်...

သြော်...
တော်တော်ကြီးတဲ့ အကြံနဲ့ လုပ်ဆောင်မှုပါပဲ...
ဆန္ဒရှိယင်လည်း တော်ရာနေရာ၊ မမြင်ကွယ်ရာမှာ သွားကြပါလား...
လုပ်ပြစရာရှားလို့ သူများတွေရဲ့ ဘာသာရေးအထွတ်အမြတ်နေရာမှာမှလုပ်ပြရသလားဗျာ...

မူရင်းသတင်းလေးပါ...
Wood you believe it - a couple of crackpot Green protesters stripped off naked to have sex on the alter in the middle of a church service in Oslo, Norway.
The pair caught in the act at Oslo Cathedral were arrested after one shocked churchgoer called the police. Other furious parishioners pulled the couple apart and held them until police arrived. They also seized a man that had been taking pictures of the act.
A police spokesman confirmed: "We arrested three people for sexual activity in front of the altar in Oslo Cathedral."
A spokesman for the trio - who have not been identified by police - said: "We had to pay a small fine or spend 16 days in jail. We chose the former because we didn't want to spend so long without having sex."

The kinky pair are part of Swedish pressure group "Fuck For Forests" that is trying to publicise global deforestation by having sex in public to draw attention to the problem. It believes in campaigning for the cause by outraging public decency.
Austrian Times

1 comments:

မိုးယံ said...

အော်...ပြသတဲ့နေရာက လူတွေကို ခန့်မှန်းကြည့်ရင်ဘာသာရေးကိုပဲ ပိုပြီးစိတ်ဝင်စားကြမှာပါ (သဘာဝ ပတ်ဝန်းကျင်ကို ဒီလောက်မဟုတ်ဘူး)

မိုးယံကတော့ သဘာဝ ပတ်ဝန်းကျင်ကို အရမ်းအလေးထားတာ....

လာပါကွယ်....ဒီနားမှာ လာပြလှည့်စမ်းပါလို့။ အဟစ်ဟစ်