A Unique Toothbrush

Saturday, June 18, 2011

အခုတော့ ဒန်ပူကိုသုံးကြတော့ မည်...

ကျွန်တော်တို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအထုပ္ပတ္တိများတွင် ရှေးယခင်ကဆရာတော်ကြီးများ ဒန်ပူဝါး
သည်ဟူသော စကားရပ်ကို မကြာခဏတွေ့ ရတတ်ပါတယ်...
သွားတိုက်တံမသုံးသေးသောခတ်ဖြစ်လို့ သစ်ပင်ငယ်မှ သစ်ကိုင်းကို သွားတိုက်တံအဖြစ်အသုံးပြုတာဖြစ်
ကြောင်း ခန့် မှန်းတွက်ဆနားလည်ခဲ့ ရပါသည်...
ယခုတော့ အနောက်နိုင်ငံမှ တက္ကသိုလ်ဘွဲ့ ရတစ်ဦးက ထိုအလေ့ အထကိုပင် ယခုခေတ်နည်းပညာအ
သစ်အဆန်းများကို ငြီးငွေ့ နေသည့် လူအများစုအတွက်တီထွင်ကာ သဘာဝသွားတိုက်ဆေး၊သွားတိုက်တံ
အဖြစ် ဖန်တီရောင်းချနေပါတယ်....
ယခုအချိန်အထိမြန်မာပြည်တွင်လည်းတစ်ချို့ သောသူများ တမာရိုးကိုသွားသန့် ရှင်းရေးအတွက်အသုံးပြုနေ
ကြဆဲပင်ရှိနေပါသေးသည်....
အသစ်ဘယ်လိုကောင်းကောင်း၊ အဟောင်းကိုတော့ ဖြင့် မမှီပါဆိုတာ တယ်မှန်ပါလား....

လင်းဆက်ဒါ ဆိုသည့် တက္ကသိုလ်ဘွဲ့ ရတစ်ယောက်က ယခုကဲ့ သို့ တစ်မူထူးသည့် (သဘာဝ) သွားတိုက်
တံတစ်မျိုးကိုတစ်ဖန်ဆန်းသစ်တီထွင်ခဲ့ လေသည်....
အမှန်တော့ ထိုသဘာဝသွားတိုက်တံဆိုသည်မှာ လူအများသာမန်လက်ရှိသုံးစွဲနေကြသည့် သွားတိုက်တံ၏
အမျှင်များထက်ပိုမိုနူးညံ့ သည့် သဘာဝသစ်အမျှင်များပါဝင်သည့် မစ်စ်ဝက်ဟုခေါ်သည့် သစ်ကိုင်းငယ်တစ်
ခုသာဖြစ်ပါတယ်...
ဤသစ်ကိုင်းငယ်ကို ဆာဟာရသဲကန္တာရဒေသတွင် နှစ်ပေါင်းထောင်သောင်းချီပြီး သွားတိုက်ဆေး၊ သွား
တိုက်တံအဖြစ်ပူးတွဲအသုံးပြုခဲ့ ကြလေသည်...

Leen Sadder, a graduate student, reinvented this very unique toothbrush. Essentially, it is a Miswak which has fibers that are much softer than the bristles on a normal toothbrush.  This stick has been used in the Saharan desert for thousands of years and has a natural source of fluoride.


 ဒီလို ပလတ်စတစ်အဖုံး၊ ထည့် စရာလေးနှင့် သေသပ်လှပစွာဖန်တီးပြီး....

 လက်ရှိအသုံးပြုနေသည့် သွားတိုက်တံများနှင့် ယှဉ်ကြည့် လိုက်လျှင်...

 အတွေးတစ်ချက်ကောင်းလိုက်တာနဲ့ သူတို့ ဆီမှာတော့ သူဌေးဖြစ်နိုင်တယ်....

 ဒီလိုလေးအဆင်သည့် ဖြစ်အောင်ပြုပြင်ပေးလိုက်ရုံပါပဲ...

 အသုံးပြုပုံ သရုပ်ပြပန်းချီ....

 ဓါတ်ပုံနဲ့ ပါဖော်ပြလိုက်သေးသည်....

ကြော်ငြာအားကောင်းကောင်းနှင့် သာကြေငြာလိုက်လျှင် မြန်မာပြည်မှာလည်း 
စီးပွားဖြစ်နိုင်သည်ပင်...
( ဟင်းစားတင်မက ကွန်ချက်ပါပေးလိုက်ပါတယ်.ဗျာ...)

1 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ-
ကုလားတွေတမာရိုးနဲ့သွားတိုက်တာသူတို့ သွားတွေ
တကယ်ဖွေးဥနေတာဘဲဗျ-