Angler catches a real Fin Kong

Wednesday, August 17, 2011

ဧရာမငါးခူကြီးဖမ်းဆီးရမိ....


တစ်ကယ့် ဧရာမငါးခူကြီးပါပဲ...
Fin-tastic effort ... Chris Grimmer, left, with pals and huge catfish
အင်္ဂလန်နိုင်ငံမှ ခရစ်ဂရင်မ်မာ အမည်ရှိ အမျိုးသားတစ်ဦးဖမ်းမိခဲ့ တဲ့ ငါးခူကြီးကတော့ ၈ပေ ရှည်ပြီး ၁၉၄
ပေါင်အလေးချိန်ရှိတာမို့ ဖမ်းမိခဲ့ သမျှထဲမှာစံချိန်တင်အကြီးမားဆုံးမို့ သူကတော့ပျော်တပြုံးပြုံးမော်မဆုံး
ကိုဖြစ်နေခဲ့ ရပါတော့ တယ်...

အသက် ၃၅ နှစ်ရှိ ရှဖီးအရပ်ဒေသမှ အမျိုးသားဟာ ထိုဧရာမငါးခူကြီးကို စပိန်နိုင်ငံ တာရာဂိုနာဒေသအနီး
အီဘရိုမြစ်အတွင်းမှ ဖမ်းဆီးရမိရန် မိနစ် ၃၀ ကြာမျှ အသည်းအသန်ကြိုးစားခဲ့ ရပါတယ်....
" ဘတ်စ်ကားတစ်စင်းကို ရစ်ဘီးနဲ့ ဆွဲနေရသလိုပါပဲဗျာ...ပြီးလည်းပြီးရော ကျွန်တော်ဖြင့် မျော့ မျော့ ပဲ
ကျန်တော့ လို့ လမ်းတောင်မလျှောက်နိုင်လောက်အောင်ပါပဲ...ဒါပေမယ့် ပင်ပန်းခံရကျိုးတော့ နပ်ပါတယ်"
လို့ သူကပြောကြားခဲ့ ပါတယ်...

အဲဒီငါးခူလောက်ဆို အလှူမှာမုန့် ဟင်းခါးချက်ယင် တစ်ကောင်ထဲနဲ့ လောက်နိုင်တယ်...

DELIGHTED Chris Grimmer shows off the biggest albino catfish ever caught by an angler - 8ft long and 194lbs.

The 35-year-old needed two pals to help him pose with the 13st 12lb monster, which beats the previous record by 2lbs.
Chris, of Sheffield, had battled for 30 minutes to land it in Spain's River Ebro, near Tarragona. He said: "It was like trying to reel in a bus. I could hardly walk afterwards, but it was worth it."

3 comments:

စံပယ်ချို said...

ဆန်းဝေးမှာရှိတဲ့မြန်မာအားလုံးကို မုန့်ဟင်းခါး
ကျွေးလို့ရပြီ.....
မုန့်ဖတ်ဘယ်လောက်ကုန်မလဲမသိဘူးနော်..
ချက်ဖို့အိုးလဲလိုသေးတယ်....
ငရုပ်သီးမုန့် နံနံပင်ဘာမှမ၀ယ်ရသေးလို့
ငါးခူကြီးကိုသိမ်းထားပေးနော်..
ဝယ်ပြီးမှ လာယူမယ်....
ချမ်းမြေ့ပါစေရှင်။

မိုးယံ said...

ဟင့်..တူက မုန့်ဟင်းခါးချက်ဖို့ လုပ်နေ ငါးခူက အ၀ါရောင်ဆိုတော့ ချိုမှာ ဟုတ်ဝူးးးးးးးးးး ဟီးဟီး

ဒီကောင်ကြီးကို အသက်ရှင်လျက် ပြတိုက်ပို့နိုင်ရင် အကောင်းသား....ဒီလောက်ကြီးတာကြီးက ရှားမှာဗျ.။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ
အဲဒီငါးနဲ့ မုန့် ဟင်းခါးချက်ရင်မစားရဲပါဘူးဗျာ-ဒီလောက်
ကြီးမားတာကြီးကို-