Misplaced surgical clamp gave man 37-year stomach ache

Sunday, August 14, 2011


ဝမ်းဗိုက်ထဲမှာ ၃၇ နှစ်ကြာခဲ့ သည့် ခွဲခန်းသုံး ညှပ်...

တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူဘေပြည်နယ်မှ ဆရာဝန်များဟာ ကာလကြာမြင့် စွာ ဗိုက်အောင့် ဗိုက်နာ
ဝေဒနာခံစားနေခဲ့ ရသည့် အမျိုးသားတစ်ဦး၏၀မ်းဗိုက်အတွင်းမှ လွန်ခဲ့ သော ၃၇ နှစ်ခန့် က ထိုအမျိုး
သားခွဲစိတ်ကုသမှုခံယူခဲ့ ရာတွင် ခွဲစိတ်ဆရာဝန်များမေ့ ကျန်ရစ်ခဲ့ သည့် ခွဲစိတ်ခန်းသုံး ညှပ်တစ်ခုအား
တွေ့ ရှိဖယ်ရှားပေးခဲ့ ခြင်းဖြင့် ထိုသူ၏ဝေဒနာအား ကုသပျောက်ကင်းစေခဲ့ ပါတယ်...
လျူဟုအမည်ရှိသည့် အသက် ၆၇ နှစ်အရွယ်ရှိအမျိုးသားကြီးဟာ အရှည် ၁၀ စင်တီမီတာရှိ ခွဲခန်းသုံး ညှပ်
အား ၀မ်းဗိုက်အတွင်းမှ ထုတ်ယူဖယ်ရှားခဲ့ ပြီးနောက် ရှန်တောင်ပြည်သူ့ ဆေးရုံကြီးတွင် ပြန်လည်ကျန်းမာ
လာနေပြီဖြစ်ပါတယ်...
မှတ်ရန်...ညှပ်ကျန်တတ်သည်တဲ့ ဗျာ...

ထိုပစ္စည်းကြောင့် ပင် လျူ တစ်ယောက် ၁၉၇၄ ခုနှစ်က အစာအိမ်နာရောဂါဖြင့် ဆေးရုံတွင် တက်ရောက်
ခွဲစိတ်ကုသမှုခံယူခဲ့ ရသည်ကိုပြန်လည်သတိရမိခဲ့ တာဖြစ်ပါတယ်...
ထိုစဉ်ကခွဲစိတ်ခံခဲ့ ရပြီးနောက်ပိုင်းကတည်းက ၎င်းအနေဖြင့် ဗိုက်အောင့် ဝေဒနာကိုခံစားခဲ့ ရပြီး သက်သာ
စေရန်ဆေးများသာသောက်နေခဲ့ ရပါတယ်...
လွန်ခဲ့ သည့် ဂျူလိုင်လ ၁၇ ရက်နေ့ မှာတော့ လျူဟာ ရှန်တောင်မြို့ ပြည်သူ့ ဆေးရုံသို့ သွားရောက်ခဲ့ ပါ
တော့ တယ်...
ဓါတ်မှန်ရိုက်ကြည့်ခဲ့ ရာမှာတော့  ၎င်းရဲ့ ခန္ဓာကိုယ်အတွင်းမှာ အဆိုပါညှပ်ကိုတွေ့ ရှိခဲ့ ရပြီး ချက်ချင်းပဲ 
ဖယ်ထုတ်နိုင်ဖို့ ခွဲစိတ်ကုသမှုကိုပြုလုပ်ခဲ့ ပါတယ်...
ကံအားလျော်စွာပဲ အစာအိမ်အမြှေးပါးက ညှပ်ကိုလွှမ်းအုပ်ချည်နှောင်ထားသလိုဖြစ်နေခဲ့ ပြီး တစ်ခြားအ
စိတ်အပိုင်းတွေကို ထိခိုက်ခြင်းမှ ကာကွယ်ပေးထားတာမို့ လျူရဲ့ ခန္ဓာကိုယ်ကို ဆိုးဆိုးဝါးဝါး မထိခိုက်စေခဲ့ 
ပါဘူးလို့ ဆရာဝန်များကပြောကြားခဲ့ ပါတယ်...

အမေရိကန်လို၊ ဥရောပလို နိုင်ငံ၊ ဒေသမျိုးမှာဆိုယင်တော့ အခုလိုအဖြစ်အပျက်မျိုးဆို တရားစွဲလိုက်မယ့် 
ဖြစ်ချင်း၊ လျော်လိုက်ရမှာ သောက်သောက်လဲ နေမှာပါပဲ...
အခုတော့ ဘာမှတရားစွဲသံလည်းမကြားရ၊ နစ်နာကြေးပေးသံလည်းမကြားရပါဘူး...
ဖြစ်တောင့် ဖြစ်ခဲ ရှားပါးဖြစ်ရပ်ပါပဲ....

Doctors in central China's Hubei Province finally removed the source of a man's enduring stomach ache – a hemostatic clamp left inside his body after surgery 37 years ago.
The 67-year-old patient surnamed Liu is recovering in the Xiantao City People's Hospital after the 10-centimetre-long surgical clamp was removed from his stomach.
The surgical instrument reminded Liu of a surgery he had in 1974 to treat his stomach ulcer. Liu said he still felt stomach ache afterwards and relied on medication to relieve pains.


Liu went to the Xiantao City People's Hospital on July 17. An X-ray test found the clamp in his body and an operation was conducted immediately to remove it. Luckily, the doctors said, the tool did not cause much damage to Liu's body as it was tightly bound by omentum preventing it from hurting other tissues.

2 comments:

မိုးယံ said...

အံမလေး မသေကောင်းပျောက်ကောင်းတော်...

မိုးနတ်မင်းကြီး ကျေးဇူးကြီးလှပါတယ်။

mstint said...

သေးသေးမွှားမွှား ဆူးလေးစူးဝင်နေရင်တောင် ခံရခက်တာ အခုလို ၁၀စင်တီမီတာ ညှပ်ကြီး ဗိုက်ထဲမှာ ရောက်နေတယ်ဆိုတော့ ၃၇-နှစ်တောင် ဒုက္ခဝေဒနာ ခံစားနေရရှာမှာပဲ။
အခြားပို့စ်တွေပါဖတ်ပြီး ဗဟုသုတတွေယူသွားတယ် ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။