Twins with different dads
Tuesday, August 30, 2011
ကြင်နာသနားကာရယ်၊ စေတနာတွေထားပါတယ်...
အမွှာညီအစ်ကိုနှစ်ဦးဖြစ်ကြသည့် မားကပ်စ်နှင့်လူးကပ်စ်တို့ ဟာ ကမ္ဘာလောကကြီးထဲကို ၄၈ မိနစ်သာခြား
ပြီးဝင်ရောက်လာခဲ့ ကြတာဖြစ်ပါတယ်...
သို့ သော်လည်း သူတို့ လေးတွေရဲ့ ဖခင်ကတော့ တစ်ဦးစီဖြစ်နေခဲ့ ပါတယ်...
ခင်ပွန်းဟောင်း မိုက်ကယ်နှင့် တစ်ကြိမ်တည်းပြေးတာ တစ်ခါတည်းပန်းဝင်သွားလို့ ရတဲ့ ဆုလာဘ်
ဖြစ်တဲ့ သားငယ် မားကပ်စ်နှင့် အချစ်သစ် တွမ်မီနဲ့ လက်ဆင့် ကမ်းပြေးပွဲကပန်းတိုင်
ကလေးဖြစ်တဲ့ လူးကပ်စ်တို့ အားအတူတကွတွေ့ ရစဉ်...
Left to right: Ex-husband Michael and his son Marcus alongside new love Tommy and son Lucas
မိခင်ဖြစ်သူ ချားလော့ ဟေးလ်ဘ၇န့် တစ်ယောက် ခင်ပွန်းဟောင်း မိုက်ကယ်နှင့် ရော ချစ်သူအသစ်ဖြစ်သူ
တွမ်မီနှင့် ပါ ၄၈ နာရီအတွင်း အချစ်နှောင်ထုံးတွေခိုင်အောင်ချည်နှောင်ခဲ့ မိခဲ့ လို့ သဘောကောင်းကာစေ
တနာပိုပြီး ရက်ရောမိလေသမျှ သန္ဓေခ ခဲ့ ပါတော့ တယ်...
ဒါကြောင့် မို့ လွန်ခဲ့ သည့် ရက်သတ္တပါတ်က အသက်ခြောက်နှစ်ပြည့် ခဲ့ တဲ့ ထိုကလေးနှစ်ယောက်တို့ ဟာ
တစ်ကမ္ဘာလုံးတွင်မှ သုံးခုမြောက်ဖြစ်သော အမေတူအဖေကွဲအမွှာညီအစ်ကိုအဖြစ် ဖြစ်နိုင်ချေအကြိမ်သန်း
တစ်ထောင်တွင်မှ တစ်ကြိမ်ကိုသာ ထူးခြားတိုက်ဆိုင်စွာဖြစ်တည်လာခဲ့ တဲ့ သူလေးတွေဖြစ်ပါတယ်...
" ဒီလိုအဖြစ်မျိုးဖြစ်ဖို့ ထက် ထီပေါက်ဖို့ ကမှ ပိုပြီးအခွင့် အလမ်းရှိနိုင်ပါသေးတယ်..." လို့ ချားလော့ ကဆို
ပါတယ်...
သူမရဲ့ အမွှာညီနောင်သားနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်သွင်ပြင်ခြင်းမတူပါဘူးလို့ 
လည်းသူမအနေနှင့် အစဆုံးသတိပြုမိခဲ့ တာလည်းဖြစ်ပါတယ်...
အရပ်ပုကာတုတ်တုတ်ခိုင်ခိုင်ရှိကာ ဆံပင်နီကလေးနဲ့ကြမ်းကြမ်းတမ်းတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ 
မားကပ်စ်လေးကိုတော့ မိုက်ကယ်နဲ့ ချစ်မိုးတွေဆွေပြီးရခဲ့ တာဖြစ်ပြီး လူးကပ်စ်လေးကတော့ အရပ်ပိုရှည်
ရရှိခဲ့ တာဖြစ်ပါတယ်...
ပိုပြီးအံ့ သြစရာကောင်းတာကတော့ ဖခင်ဖြစ်သူနှစ်ယောက်စလုံးဟာ သားကလေးတွေနဲ့ မခွဲမခွာရှိနေကြ
ပြီး သူတို့ ဟာ သာယာပျော်ရွှင်တဲ့ မိသားစုကြီးဖြစ်နေပါတယ်လို့ ချားလော့ ကပြောကြားလိုက်ပါတယ်...
အမွှာထူးဆန်း၊ အံ့ ဘနန်းအဖြစ်ကတော့  ချားလော့တစ်ယောက် ကလေးနှစ်ယောက်ပင် ယခင်ကရရှိခဲ့ ပြီး
ဖြစ်တဲ့ ခင်ပွန်းဖြစ်သူ မိုက်ကယ်နေးဆင်နဲ့ ၂၀၀၄ ခုနှစ် သြဂုတ်လမှာ ကွာရှင်းပြတ်စဲခဲ့ ရာကစခဲ့ တာပါပဲ...
" ကျွန်မတို့ ကွာရှင်းခဲ့ ပြီးနောက် ကျွန်မလည်းအပြင်ကိုထွက်လည်ဖြစ်တာတွေပိုလုပ်ဖြစ်ခဲ့ ပါတယ်...
တစ်ညနေတော့ အရက်ဘားတစ်ခုမှာ ရွှေအိုရောင်ဆံပင်နဲ့ ထိုလူချော တွမ်မီကယ်လီဟို့ ကိုတွေ့ ခဲ့ ရပါ
တော့ တယ်...
မြင်မြင်ချင်းပဲ ကျွန်မတို့ နှစ်ယောက်အဆင်ပြေသွားကြပြီး မကြာမကြာမတွေ့ ဖြစ်ကြပါတော့ တယ်..." လို့ 
သူမကပြောကြားခဲ့ ပါတယ်...
ခင်ပွန်းဟောင်းမိုက်ကယ် ကလည်းဇနီးဖြစ်ခဲ့ သူချားလော့ နဲ့ ပြန်ဆက်နိုင်ဖို့ မျှော်လင့် ကြိုးပမ်းနေခဲ့ တာမို့ 
နှစ်သစ်ကူးနေ့ မှာတော့ နှလုံးသားမြို့ ဟောင်းတစ်နေရာကသံယောဇဉ်တွေပြန်လည်တူးဆွမိပြီး ချစ်ပွဲဝင်
ခဲ့ မိတဲ့ အဖြစ်ရောက်ရှိခဲ့ ပါတော့ တယ်...
တစ်ကြိမ်တစ်ခါတည်းမိုက်မိတာက အားနာလို့ ပါ...
နောက်တစ်ခါကတော့ ချစ်လွန်းလို့ ကြံမိတာပါလို့ ဆိုနိုင်လောက်တဲ့ ချားလော့ 
သံယောဇဉ်တွယ်ကာရစ်နေတဲ့ တွမ်မီနဲ့ လည်းမခွဲချင်တာမို့ ချားလော့ တစ်ယောက် ထိုအဖြစ်အပျက်နဲ့ 
ပါတ်သက်ပြီးရေငုံနှုတ်ပိတ်နေခဲ့ ပါတယ်...
" မိုက်ကယ်နဲ့ က စိတ်လွတ်ကိုယ်လွတ်တစ်ကြိမ်သာမှားခဲ့ မိတာမို့ ပြီးတာတွေလည်းပြီးပါစေတော့ ၇ယ်လို့ 
ကျွန်မစိတ်ဆုံးဖြတ်ခဲ့ ပါတယ်..." လို့ သူမကဆိုခဲ့ ပါတယ်...
သို့ သော်လည်း တခဏတာ ရူးသွပ်မိုက်မဲမိခဲ့ တဲ့ သူမရဲ့ လုပ်ရပ်ကတော့ နောက်လအနည်းငယ်အကြာမှာ
သူမကို အတိတစ္ဆေခြောက်သလိုခြောက်လှန့် ပါတော့ တယ်...
ပျို့ ချင်အန်ချင်သလိုဖြစ်ကာ နေမကောင်းဖြစ်တာမို့ ဆရာဝန်ဆီသွားရောက်ခဲ့ တဲ့ အခါမှာတော့ သူမစိုးရိမ်
ခဲ့ တဲ့ အတိုင်းပဲ ကိုယ်ဝန်ရှိနေပါပြီလို့ ဆရာဝန်ကအတည်ပြုပေးခဲ့ ပါတော့ တယ်...
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး...သူမမှာ အမွှာရင်သွေးလေးတွေလွယ်ထားရပါပြီလို့ ဆိုလိုက်တာ
ပါပဲ...
အခုတော့ ပါတ်သက်မိတဲ့ ယောကျာင်္းနှစ်ယောက်ကြားမှာ ကလေးတွေရဲ့ ဖခင်ဘယ်သူဖြစ်မလဲဆိုတဲ့ အ
တွေး၊ သူတို့ နှစ်ယောက်စလုံး လည်းဖခင်တွေဖြစ်နိုင်တဲ့ အကြောင်းကို ဖွင့် ဟပြောကြားဖို့ သူမအနေနဲ့ အ
ခက်တွေ့ ခဲ့ ရပါတော့ တယ်...
အဲဒီအချိန်တွေကတော့ တစ်ကယ့် ကို ကျွန်မအတွက် ကမ္ဘာပျက်ရတဲ့ ကာလတွေပါပဲလို့ သူမကဆိုခဲ့ ပါ
တယ်...
ထိုကလေးနှစ်ယောက်သာသူ့ ရင်သွေးဆိုယင် သူဟာကျွန်မနဲ့ ပြန်ပြီးပေါင်းဆုံနိုင်မယ်လို့ မိုက်ကယ်ကမျှော်
လင့် နေပြီး တွမ်မီကလည်း မိသားစုဘ၀လေးတည်ဆောက်ချင်တာမို့ ထိုကလေးနှစ်ယောက်စလုံးသူ့ ရင်
သွေးပဲဖြစ်နေချင်ခဲ့ ပါတယ်...
၂၀၀၅ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်မှာ သားလေးနှစ်ယောက်မွေးတော့ မူလအချစ်ဟောင်းကြီး မိုက်ကယ်က
သူမနံဘေးမှာရှိနေခဲ့ ပါတယ်...
လူးကပ်စ်ကိုနေ့ လည် ၁နာရီ ၃၅ မိနစ်မှာမွေးခဲ့ ပြီး နောက်ထပ် ၄၈ မိနစ်အကြာ ၂ နာရီ ၂၃ မိနစ်မှာ မား
ကပ်စ် ကိုမွေးဖွားခဲ့ တာဖြစ်ပါတယ်...
သြော်...
တတ်လဲတတ်နိုင်တဲ့ သူတွေပဲဗျာ...
လူ့ ပြည်ကအပ်တစ်စင်း ( အဲလေ...အခုဟာက အပ်နှစ်စင်းဗျ...) နဲ့ ဗြဟ္မာ့ ပြည်ကအပ်တစ်စင်းဆိုတဲ့ စ
ကားဟာ အဲဒါမှအစစ်ပါပဲ...
အားလည်းနာတယ်...ခင်လည်းခင်တယ်ဆိုတဲ့ မမများ သတိပြုပါလေ...
မဖြစ်နိုင်ဘူးဆိုတာမရှိဘူးနော်...
သူတို့ ဆီမှာတော့ သူတို့ ယဉ်ကျေးမှုနဲ့ ထုံးစံမို့ အရပ်ကဘာမှမပြောပေမယ့် ကိုယ်တွေဆီမှာတော့ ဒါမျိုး
လက်ခံနိုင်ဖို့ နောင်နှစ်ပေါင်း အများကြီးကြာဦးမှာ...
Twins Marcus and Lucas arrived in the world just 48 minutes apart, yet they have two different fathers.
Mum Charlotte Hilbrandt became ­pregnant by ex-husband Michael AND new boyfriend Tommy when she slept with both men within 48 hours.
It means the boys, who turned six last week, are one of only three known sets of twins in the world who are genetic ­half-brothers, beating odds of a billion to one.
“You have a bigger chance of winning the lottery than something like this ­happening,” said 38-year-old Charlotte.
 She is the first to admit her boys are like chalk and cheese. Cheeky Marcus, her son by Michael, is short and stout, red-haired with bundles of energy. His twin Lucas, her son by Tommy, is taller, blonde and has a more gentle, calm manner.
Even more surprisingly, both dads are very much a part of their lives and Charlotte says they are one big happy ­family.
The story of the twins’ bizarre conception began after Charlotte, who already had two sons by Michael Nielsen, divorced him in August 2004.
“After we split up I started to go out a bit more,” said Charlotte. “One evening in the bar this handsome blond man called Tommy Kallehauge came over. We got on well and began to see each other.”
But Michael had always hoped to get back together with Charlotte and in the heat of the moment they ended up in bed together on New Year’s Day
Worried she might jeopardise her fledgling relationship with Tommy, Charlotte kept quiet about what had happened. “The ­incident with Michael had been a one-off and I was determined it would stay that way, ” she said.
But Charlotte’s moment of madnesscame back to haunt her when a few months later, feeling sick and bloated, she went to the doctor.
“He confirmed what I had been dreading... that I was ­pregnant,” she said. “But that wasn’t all. I was ­expecting twins.”
With her emotions all over the place Charlotte decided ­honesty was the best policy but faced the agonising task of ­telling both men they could be the twins’ father.
“It was a very chaotic period,” she said.
“Michael was hoping two more ­children would bring us back ­together while ­Tommy had ­always wanted a family and was desperate for the twins to be his.”
Michael was with her when the boys arrived on August 23, 2005. Lucas was born first at 1.35pm followed 48 minutes later by Marcus at 2.23pm.
2 comments:
သက်တန့်ချို said...
အိုးးးးးးးးးဒီလိုမျိုးလည်းရှိသေးသကိုး ထူးဆန်းပါပေ့ကပီတာရယ် ဘာတွေဖြစ်ကုန်ပါလိမ့်နော်း)
tun said...
သရုပ်ဖော် အရေးအဖွဲ့တွေကတော့ တကယ်ကိုကောင်းလွန်းလှပါတယ်ဗျာ။ မြန်မာစာဂုဏ်ထူးများပါခဲ့သလားမသိဘူး ကိုပီတာ။