Saturday, August 20, 2011

Woman's body odour leads to divorce 

ကိုယ်နံ့ ဆိုးကြောင့် အဆုံးသတ်ခဲ့ ရတဲ့ အချစ်ဇတ်လမ်း...

သူရော၊ ကိုယ်ရော နှစ်ယောက်စလုံးအတူတူပဲဆိုယင်တော့ အိုကေ ...

လီဖန်းနှင့် ချမ်းယွမ်ယွမ်တို့ ဟာ လွန်ခဲ့ သည့် နှစ်က တရုတ်နိုင်ငံ၌သူငယ်ချင်းတစ်ယောက်စီစဉ်ကျင်းပခဲ့ 
သည့် တွေ့ ဆုံပွဲတစ်ခုတွင် မျက်လုံးချင်းဆုံခဲ့ ကြပြီးနောက် မြင်မြင်ချင်း ချစ်ကျွမ်းဝင်ခဲ့ ကြပါတယ်...
တစ်နှစ်လောက် အတူတွဲသွားတွဲလာလုပ်ခဲ့ ကြပြီးနောက်မှာတော့ တရုတ်နိုင်ငံ၊ ကျန်စု ပြည်နယ်မှ ချစ်သူ
စုံတွဲဟာ လက်ထပ်ခဲ့ ကြပါတယ်...
သို့ သော်လည်း သူတို့ နှစ်ဦးရဲ့ အပျော်လေးများဟာ နေ့ တစ်ဝက်သာခံပြီး ပျက်ဆီးကုန်ဆုံးသွားခဲ့ ပါတော့ 
တယ်...
ပထမဦးဆုံးမင်္ဂလာညမှာပဲ သတို့ သား လီဖန်းဟာ ဇနီးမယားအသစ်စက်စက်ကလေးဘေးမှာ ယှဉ်တွဲလို့ 
အိပ်မိယင်ပဲ သူမရဲ့ ခန္ဓာကိုယ်က အနံ့ အသက်ဆိုးကို ခံစားမိခဲ့ ရပါတော့ တယ်...
ထိုအနံ့ ဆိုးဟာ သူမထံမှဖြစ်လေသလားလို့ မေးမြန်းခဲ့ ရာမှာတော့ အစပထမပိုင်းတွင် သူမကငြင်းဆန်ခဲ့ 
ပေမယ့် နောက်ပိုင်းမှာတော့ သူမမှာ ခန္ဓာကိုယ်အနံ့ ဆိုးတဲ့ ပြဿနာရှိနေကြောင်းဝန်ခံခဲ့ ပါတယ်...
သူမရဲ့ အဖြေစကားကြားလိုက်ရတော့ မှပဲ ချစ်သူဘ၀က ချိန်းဆိုလေတိုင်း အမြဲပင်သူမကိုနာရီနဲ့ ချီပြီး
စောင့် ဆိုင်းနေခဲ့ ရတဲ့ အကြောင်းရင်းမှန်ကို သိရှိလိုက်ရပါတော့ တယ်...
" ချိန်းတွေ့ တိုင်းဘာကြောင့် အချိန်တွေအကြာကြီးစောင့် နေရတာလည်း၊ နောက်ကျနေရတာလည်းလို့ 
မေးတိုင်း မိတ်ကပ်လိမ်းနေရလို့ ပါလို့ သူမကအမြဲပဲပြောပြတတ်ပါတယ်...အခုတော့ ဘာကြောင့် ဆိုတာ
ကျွန်တော်သိလိုက်ရပါပြီ....
ဒီမိန်းမက သူ့ ကိုယ်ကအနံ့ ဆိုးကို ဖုံးကွယ်ဖို့ အသဲအသန်ကြိုးစားနေခဲ့ တာဖြစ်ပါတယ်..." လို့  လိမ်ညာခံ
ရတယ်လို့ ခံစားရပြီး စိတ်ဆိုးဒေါသထွက်နေသည့် လီဖန်း ကပြောကြားခဲ့ ပါတယ်...
သူမယောကျာင်္းရဲ့ အခြေအနေတုံ့ ပြန်မှုကိုတွေ့ လိုက်ရတဲ့ ချမ်း ဟာ ( ရှေ့ လျှောက်အခြေအနေမကောင်း
နိုင်တော့ဘူးဆိုတာသဘောပေါက်လို့ နဲ့ တူရဲ့ ) သူမရဲ့ ကိုယ်ပိုင်ပစ္စည်းတွေယူဆောင်ပြီး မိဘနေအိမ်ကိုပြန်
သွားခဲ့ ပါတော့ တယ်...
သူတို့ နှစ်ဦးလည်း ထိုစဉ်ကစပြီး ပြန်မတွေ့ ကြတော့ တာဖြစ်ပါတယ်...
လက်ထပ်ပြီးနှစ်လအကြာမှာတော့ လီဖန်းဟာ ချမ်းကိုတရားဝင်ကွာရှင်းလိုကြောင်း ၀ူးရှီ အရပ်မှတရားရုံး
တစ်ခုတွင် ဦးတိုက်လျှေက်ထားခဲ့ ပါတော့ တယ်....

ဒါတောင်နှစ်ဦးသားလူချင်းတွေ့ ပြီး တစ်နှစ်လောက်တွဲသွားတွဲလာလုပ်ခဲ့ လိုက်ကြသေးတာနော်...
အခုခေတ်ရွှေမြန်မာမလေးများလို အွန်လိုင်းမှာချက်ပြီး ဟိုကမျက်နှာလောက်လေးပြတာနဲ့ အကြွေကြီးကြွေ
ကာ နောက်ဆုံးအတူနေ၊လက်ထပ်တဲ့ အထိဖြစ်တတ်ကြတာကတော့ အခုလိုကိစ္စမျိုးလေးတွေကို ကြိုတင်
မစဉ်းစားမိတတ်ကြလို့ ပါပဲ...
သူများတွေလည်း ဒီလိုပဲ အွန်လိုင်းမှာတွေ့ ပြီးယူတတ်ကြတာပဲလို့ ဆင်ခြေပေးကောင်းပေးနိုင်ပေမယ့် အဲဒီ
အတွဲတွေ လူရှေ့ သူရှေ့ ပြုံးနေတာပဲတွေ့ ရမှာဖြစ်ပြီး ဇာခန်းဆီးနောက်ကွယ်မှာ အခုတရုတ်လင်မယားလို
အကြေကွဲကြီးကြေကွဲနေရမှာ၊ စိတ်အပျက်ကြီးပျက်နေရမှာကိုတော့ သိကြမှာမဟုတ်ပါဘူး...
ဒါကြောင့် လည်းရှေးမြန်မာ့ အစဉ်အလာမှာ သုံးနှစ်၊သုံးမိုးစောင့် ကြည့် လေ့ လာကြတယ်လို့ ဆိုတာပေပဲ..

အကောင်းဆုံးကတော့ ချစ်သူရည်းစားမကျတကျ၊ သူငယ်ချင်းမက အခြေအနေမျိုးမှာ သူနဲ့ ကိုယ်နဲ့ ခရီး
ရက်ရှည်အတူသွားပြီး ( နှစ်ယောက်တည်းတော့ မဟုတ်ပေဘူးပေါ့ ...သူငယ်ချင်း၊ ဆွေမျိုးတွေနဲ့ အုပ်စု
လိုက်ဖြစ်ဖြစ် ) တစ်ဦးရဲ့ အမူအကျင့် ၊ စိတ်နေသဘောထား စတာတွေလေ့ လာအကဲခတ်သင့် ပါတယ်...
အားလုံးအိုကေပြီးဆိုယင်တော့ လည်း ရှေ့ ဆက်ကြတာပေါ့ ...
နို့ မို့ ဆိုလို့ ကတော့ ဘယ်သူမဆိုအများစုကတော့ ကိုယ်ပိုးပန်းနေတဲ့ ၊ ကြိုက်နေတဲ့ သူရှေ့ မှာ အသွင်အ
ပြင်၊ အပြောအဆို၊ အနေအထိုင်ကအစ အစစအရာရာအကောင်းချည်းဖြစ်အောင်နေပြကြမှာပါပဲ...

လိုက်လျောညီထွေနေတတ်တဲ့ သူတွေဆိုယင်တော့ အကြောင်းမဟုတ်ပေမယ့် အသန့် ကြိုက်သူ၊ အစွဲအ
လမ်းကြီးသူ၊ ဇီဇာကြောင်တတ်သူတွေဆိုယင်တော့ ကိုယ်သည်းမခံနိုင်တဲ့ အမူအကျင့် တွေ ညားပြီးမှပေါ်
လာယင်တော့ ကြီးစွာစိတ်ဆင်းရဲရမှာပါပဲ...

Li Fan and Cheng Yuanyuan fell in love the moment their eyes met at a gathering arranged by a friend in China last year.
After dating for a year, the couple from Jiangsu province tied the knot but their happiness lasted for only half a day.
On their first night together, Li Fan detected a foul odour as he slept on the bed beside his wife.
He asked Cheng if the smell was from her, but she denied it at first and admitted to having a problem with body odour later.
Her answer also made Li Fan understand why Cheng had always kept him waiting for hours on their dates.
"Whenever I asked her whey she was late, she would say she was putting on make up but now I know the answer.
"She was trying hard to cover up her body odour!" said the angry Li Fan, who felt he was cheated.
On seeing her husband's reaction, Cheng took her belongings and returned to her parents' home.
The couple has not met since.
Two months after the marriage, Li Fan filed a divorce from Cheng at a court in Wuxi.
Source: Xinhua

3 comments:

8Yar said...

ဟုတ်တယ်ဗျာ။ အခုခေတ်က လွယ်လွန်းနေတယ် အစ်ကိုရေ.. :(

aggawan said...

ကိုပီတာကတော့ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို တရုတ်အတွဲ သွားပြီး လွဲချနေတယ် ... ဟတ်ဟတ်

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ
အင်းစဉ်းစားစရာအရေးကြီးဆုံးအချက်တချက်ပါဘဲဗျာ-