Bank card with its own keyboard to take on the internet crooks

Sunday, July 18, 2010


ကီးပဒ်ပါမည့် ဘဏ်ကဒ်အသစ်....



 ဒီလိုဒီလို နည်းပညာတွေ အဆင့် မြင့် လာပြီ...

အဆင့် မြင့် နည်းပညာများဖြင့် တီထွင်ထုတ်လုပ်ထားသည့် ဘဏ်ကဒ်၊ ခရက်ဒစ်ကဒ် များဖြန့် ချီပေး
တော့ မည်ဖြစ်၍ အသုံးပြုသူများအနေဖြင့် အွန်လိုင်းပေါ်တွင် ၎င်းတို့ ၏ဘဏ်ကဒ်များရဲ့ လျှို့ ဝှက်နံပါတ်
များကိုမသမာသောနည်းများဖြင့် ရယူကာ ခိုးယူသုံးစွဲဝယ်ခြင်းခံရမည့် အရေးမှ ကာကွယ်နိုင်တော့ မည်
ဖြစ်ပါသည်....
အသစ်ထုတ်ပေးမည့် ကဒ်များသည် လက်ရှိသုံးစွဲလျှက်ရှိသော သာမန်ခရက်ဒစ်ကဒ်များနှင့် အရွယ်အစား
ချင်းအတူတူပင်ဖြစ်စေကာမူ ဂဏာန်း၊ စာလုံးများရိုက်နှိပ်နိုင်ရန် ကီးပက်ဒ် ( Keypad ) အသေးစားလေး
တစ်ခုနှင့် မိမိရိုက်သွင်းလိုက်သည်များကိုမြင်တွေ့ နိုင်မည့် မျက်နှာပြင်ကလေးတစ်ခုတို့ ပါဝင်မည်ဖြစ်ပါ
သည်....
ကဒ်အသစ်များကိုအသုံးပြုခြင်းဖြင့် ကိုယ်ပိုင်လျှို့ ဝှက်နံပါတ်များကို အင်တာနက်ဖြင့် အွန်လိုင်းဈေးဝယ်
တိုင်း ထည့် သွင်းအတည်ပြုရာတွင် မကြာခဏ၊အကြိမ်ကြိမ်ပြောင်းလဲနိုင် မည်ဖြစ်သည်...

ယခုထုတ်လုပ်လိုက်သောကဒ်များသည် သာမန်ကုန်တိုက်၊ စတိုးဆိုင်များတွင် ပစ္စည်းများဝယ်ယူရာတွင်
အသုံးပြုသောခရက်ဒစ်ကဒ်များထက်ပိုမိုအရည်အသွေးတိုးတက်ကောင်းမွန်စေရန် မိုက္ကရိုချစ်ပြားအသေး
စားနှင့် ပင်နံပါတ်များမှတ်သားထိန်းသိမ်းမည့် ကဒ်လေးများပါဝင်မည်ဖြစ်ပါသည်...

ဆိုင်တွင်ဈေးဝယ်သူအနေဖြင့် ချစ်ပ်ပြားနှင့် ပင်ကဒ်ကိုအသုံးပြုလျှင် ဖတ်စက်မှ မိုက္ကရိုချစ်ပ် သည်အ
စစ်အမှန်ဖြစ်ကြောင်း အတည်ပြုပေးမည်ဖြစ်သည်...ကဒ်ပိုင်ရှင်မှလည်း ၀ယ်ယူမှုကိုအတည်ပြုသည့် 
အနေဖြင့် ဂဏာန်းလေးလုံးပါ ကိုယ်ပိုင်လျှို့ ဝှက်နံပါတ်ကို ရိုက်နှိပ်ပေးရမည် ဖြစ်သည်...


သို့ သော် မသမာသည့် နည်းဖြင့် ခိုးယူသူတစ်ဦးက ထိုကဒ်မျိုးဖြင့်အွန်လိုင်း၊ သို့ မဟုတ် တယ်လီဖုန်း
ဖြင့် အသုံးပြုပြီးဝယ်ယူလျှင်မူ ကဒ်အစစ်ဖြစ်ကြောင်းကိုစစ်ဆေးနိုင်မည်မဟုတ်ပေ...
ထိုအားနည်းချက်ကိုအသုံးပြုပြီး မသမာသူများဟာ ကဒ်ပိုင်ရှင်များ၏လျှို့ ဝှက်နံပါတ်များကို ခိုးယူကာ
ယာယီနေရပ်လိပ်စာများအသုံးပြုပြီး နှစ်စဉ် ပေါင်စတာလင် ၂၆၆ သန်း( ဒေါ်လာ ၃၉၉ သန်း ခန့် ) ကို
လိမ်လည်မှာကြားဝယ်ယူခဲ့ ကြပါသည်...

ယခုထုတ်လုပ်မည့် ဗီဇာကဒ်တွင် ခလုပ်ငယ် ၁၂ ခုပါ ကီးပဒ်လေးတစ်ခုနှင့် မျက်နှာပြင်လေးတစ်ခုအ
ပြင် အဆိုပါလုံခြုံရေးစနစ်ကိုမှတ်တမ်းပြုအားပေးမည့် သုံးနှစ်ခံ ဘက္ကထရီလေးတစ်ခုလည်းပါဝင်မည်
ဖြစ်သည်...

အသုံးပြုသူအနေဖြင့် ၎င်း၏ ပင်နံပါတ်ကို ကီးဘုတ်( ကီးပဒ် ) ဖြင့်ရိုက်နှိပ်လိုက်ပါက စာလုံးများနှင့် ဂ
ဏာန်းများပါသော်နောက်ထပ် လျှို့ ဝှက်နံပါတ်တစ်ခု ထပ်ပေါ်လာမှာဖြစ်ပြီး ထိုနံပါတ်ကို အွန်လိုင်းဈေး
ဝယ်ရာတွင် အတည်ပြုရန် ထပ်မံ၇ိုက်နှိပ်ထည့် သွင်းရမည် ဖြစ်သည်...

ထိုကဒ်ကို ကိုယ်ပိုင်ပင်နံပါတ်သိသူတစ်ဦးသာအသုံးပြုနိုင်မည်ဖြစ်ပြီး၊ အွန်လိုင်းတွင်ဈေးဝယ်တိုင်းမိမိ
တို့ ၏ပင်နံပါတ်ရိုက်နှိပ်တိုင်း လျှို့ ဝှက်နံပါတ်အသစ် ထုတ်ပေးမည်ဖြစ်သည်...

ယခုကဒ်အသစ်များထုတ်လုပ်သည့် ကုမ္ပဏီမှထိုနစ်ကို ဗီဇာကုဒ်လုံးဝလုံခြုံရေး ( Visa CodeSure )
စနစ်ဟု အမည်ပေးကာ မည်သည့် မသမာနည်းဖြင့်မှ အသုံးပြု၍မရနိုင်အောင် တားဆီးနိုင်သည်ဟု
ဆိုပါသည်...

ဗီဇာကဒ်ကုမ္ပဏီ က ထိုကဒ်သည် ပိုမိုလုံခြုံစိတ်ချရသောလျှို့ ဝှက်နံပါတ်များကိုအသုံးပြုခြင်းဖြင့် သုံး
စွဲသူများအနေဖြင့် ၎င်းတို့ ၏အွန်လိုင်းဘဏ်စာရင်းများကိုလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါသည်...
ယခုကဲ့ သို့ လျှို့ ဝှက်နံပါတ်အသစ်များအကြိမ်ကြိမ် အသုံးပြုနိုင်ခြင်းကြောင့် နံပါတ်တစ်ခုတည်း အသုံးပြု
ခြင်းကို ရှောင်ရှားနိုင်တော့ မှာဖြစ်ပါတယ်...

အသုံးပြုသူတွေဟာ လျှို့ ဝှက်ကိုယ်ပိုင်နံပါတ်ကိုပြောရုံမျှဖြင့် တယ်လီဖုန်းဖြင့် ဘဏ်ငွေအပြောင်းအလဲ
များပြုလုပ်ရာတွင် လက်ရှိအသုံးပြုနေရသော မွေးနေ့ ၊ စာတိုက်သေတ္တာအမှတ်၊ နေရပ်လိပ်စာများ စ
သည့် မေးခွန်းများကို ဖြေကြားနေရန်မလိုတော့ ဟုဆိုပါသည်...

ယခုဗီဇာကဒ်အသစ်သည် Emue နည်းပညာကုမ္ပဏီနှင့် ယူကေ ( အင်္ဂလန် ) ၊ အီတလီ၊ အစ္စရေး၊ တူရ
ကီ၊ ဆွစ်ဇာလန် နှင့် ဂျာမနီ နိုင်ငံများတွင် စမ်းသပ်အသုံးပြုခဲ့ ပြီးဖြစ်ပါသည်...


ဥရောပဒေသဆိုင်ရာ ဗီဇာကဒ်အသစ်ထုတ်လုပ်သုံးစွဲရေးစီမံကိန်းအကြီးအကဲ ဆန်ဒရာအယ်လ်ဇက်တာ
က " ယခုအထူးသီးသန့် ထုတ်လုပ်ဖန်တီးလိုက်တဲ့ ဗီဇာကဒ်အသစ်ဟာ အွန်လိုင်းဈေးဝယ်ငွေချေရာမှာ
သာမန်ဆိုင်းတွေမှာပေးဝယ်သလို လုံခြုံစိတ်ချရပြီး လွယ်ကူသက်သာစေမှာဖြစ်ပါတယ်..." လို့ ပြောကြား
ခဲ့ ပါသည်...
ယခုဖန်တီးမှုဟာ အွန်လိုင်းမှဈေးဝယ်ယူမှုအပြင်၊ အဖွဲ့ အစည်းများအနေဖြင့် လည်း ငွေကြေးပြောင်းရွေ့ 
ခြင်း၊ ကုန်ပစ္စည်းများဝယ်ယူခြင်းများတွင်လက်ရှိအသုံးပြုနေသည့် အွန်လိုင်းတွင် မှတ်ပုံတင်ဝင်ရောက်ရ
သည့် စနစ်အစား ဗီဇာကဒ်ကိုအသုံးပြုနိုင်တော့ မည် ဖြစ်ပါသည်...

ဘဏ်များဖြင့် အသုံးပြုသူများအနေဖြင့် ၎င်းတို့ ၏လက်ရှိကဒ်များ သက်တမ်းကုန်ဆုံးမည့် အချိန်ဖြစ်သည့်
 မကြာမီလများအတွင်း ကဒ်အသက်များရရှိနိုင်မည်ဟု မျှော်လင့် ရကြောင်း ဗီဇာ ကဒ် ကုမ္ပဏီက ပြော
ကြားခဲ့ ပါသည်....


အင်္ဂလန်နိုင်ငံတွင် လွန်ခဲ့ သည့် နှစ်အတွင်း မသမာမှုများအသုံးပြုပြီးလျှို့ ဝှက်နံပါတ်များရယူကာ ငွေပေး
ချေမှုပေါင်း ၂.၈ သန်းခန့် ရှိခဲ့ ပြီး ငွေကြေးပမာဏမှာလည်းပေါင်စတာလင် ၆၁၀ သန်း ( ဒေါ်လာ ၉၁၅
သန်း ) အထိရှိခဲ့ ပါသသည်...
ထိုမသမာမှုများ၏ လေးပုံတစ်ပုံမှာ မသမာမှုများအသုံးပြုကာလိမ်ညာဝယ်ယူခြင်းများမှ ကာကွယ်နိုင်ရန်
လုံခြုံစိတ်ချရခြင်းမရှိသော အင်တာနက်၊ တယ်လီဖုန်း၊ စာတိုက်တို့ မှ မှာကြားဝယ်ယူရာတွင်ဖြစ်ပွားခဲ့ ခြင်း
ဖြစ်သည်...
အင်တာနက်အွန်လိုင်းပေါ်တွင် ဈေးဝယ်ယူသူများ၏ ၇ ရာခိုင်နှုံးဟာ မသမာသူများ၏ ခိုးယူသုံးစွဲခြင်းခံခဲ့ 
ရပါသည်...
သာမာန်လမ်းပေါ်ဆိုင်များတွင်ဝယ်ယူသူတွေရဲ့ ၂  ရာခိုင်နှုံးသာ မသမာမှုပြုတာခံခဲ့ ရတာဖြစ်ပါသည်...
ထိုကဲ့ သို့ ကိုယ်ပိုင်လျှို့ ဝှက်နံပါတ် အလွဲသုံးစားပြုခိုးယူခံရသူတွေဟာ အနည်းဆုံးပေါင်စတာလင် ၇၀၀
( ဒေါ်လာ ၁၀၅၀ ) သို့ မဟုတ် ထိုထက်ပိုပြီး ဆုံးရှုံးခဲ့ ကြရပါသည်...
အွန်လိုင်းဘဏ်အကောင့် များရဲ့ လျှို့ ဝှက်လုံခြုံမှုနံပါတ်များကို မသမာသောနည်းလမ်းများဖြင့် ရယူသုံးစွဲ
မှုဟာ လွန်ခဲ့ တဲ့ နှစ်က ပေါင်စတာလင် ၅၉.၇ သန်း ( ဒေါ်လာ ၉၀ သန်း နီးပါး ) အထိရှိခဲ့ ပြီး ထိုပမာဏ
ဟဟာ ၂၀၀၈ ခုနှစ်ကထက် ၁၄ ရာခိုင်နှုံး မြင့် တက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်...

အင်္ဂလိပ်လိုသတင်းပါ....
Millions of customers will be issued with a new card that it is hoped will end online shopping fraud.
The cards are the same size as a conventional debit or credit card but feature a miniature keyboard and screen.
These are used to generate a constantly changing series of unique security passwords that are required to authorise purchases over the web.
The cards are designed to deliver the improvement in security that was offered to consumers in high street stores by the introduction of chip and PIN cards.
When a customer uses a chip and PIN card in a shop, the till confirms the card is genuine by recognising the microchip. Separately, the customer uses their four digit PIN to confirm the purchase.

However, there is no such system for checking a card is real and belongs to the user when a thief makes a purchase over the web or by telephone.
As a result, thieves are making bogus purchases worth more than £266million a year simply by stealing the card numbers of victims and arranging for the items to be delivered to temporary addresses.Visa-s cards include a 12 button keypad and screen but also a mini battery that will power the security system for up to three years.The user will input their PIN on the keyboard, which will then generate a unique password, including letters and numbers, that will be typed into the web shopping store to approve a purchase.The card can only be used by a person who knows the PIN and it will generate a new password each time an internet purchase needs to be authorised.The company has called the system Visa CodeSure and it claims it will prevent any unauthorised use.Visa said the same card can also be used to generate secure passwords to allow customers to access their online bank accounts. This avoids using the same password all the time.Users could also offer the password generated by the card when calling customer services for telephone banking, rather than having to go through the current series of questions and answers, such as date of birth, postcode and address. Visa has worked on the card with Emue Technologies and has conducted trials in the UK, Italy, Israel, Turkey, Switzerland and Germany.
Head of innovation at Visa Europe, Sandra Alzetta, said: 'This exclusive Visa solution is an extremely convenient way to bring a similar level of security to payments online as we now enjoy on the high street.
'The solution goes beyond just online and remote shopping but also allows organisations to use the card in place of other online log-in systems to access.' Visa said the same card can also be used to generate secure passwords to allow customers to access their online bank accounts. This avoids using the same password all the time.
Users could also offer the password generated by the card when calling customer services for telephone banking, rather than having to go through the current series of questions and answers, such as date of birth, postcode and address.
Visa has worked on the card with Emue Technologies and has conducted trials in the UK, Italy, Israel, Turkey, Switzerland and Germany.

Head of innovation at Visa Europe, Sandra Alzetta, said: 'This exclusive Visa solution is an extremely convenient way to bring a similar level of security to payments online as we now enjoy on the high street.
'The solution goes beyond just online and remote shopping but also allows organisations to use the card in place of other online log-in systems to access.'
Visa said bank customers can expect to start receiving the cards within a matter of months, usually when their current cards expire.

0 comments: