Rare condition causes teenager to faint when she sees a doctor
Tuesday, July 13, 2010
မီးမီးကြောက်ကြောက်...
 သူလေးနှင့် သူမ ရဲ့ မေမေ...
တတ်တဲ့ ထူးဆန်းတဲ့ ဖြစ်မျိုးတစ်ခုနဲ့  ရင်ဆိုင်နေရရှာပါတယ်...
သူမကိုခွဲစိတ်ကုသခဲ့ ပြီးနောက် ပြန်လည်သတိရခဲ့ ပြီးကတည်းက အသက် ၁၄ နှစ်အရွယ်ရှိ ဂျင်နီ
ကယ်ရိုးလ် လေးဟာ ဆရာဝန်ကိုမြင်တွေ့ တိုင်း သတိလစ်မေ့ မြောနေတတ်ပါတော့ တယ်...
အခုတော့ သူမဟာ ဆေးထိုးအပ် ဒါမှမဟုတ် ဆေးရုံဆရာဝန်၊ ဆေးဝန်ထမ်းတွေဝတ်တဲ့ အဖြူရောင်
ကုတ်အင်္ကျီကိုဝတ်ဆင်ထားသူတစ်ဦးဦးကို မြင်လိုက်ရရုံနဲ့ တင် သတိလစ်မေ့ မြောသွားနေတတ်ရ
ရှာပါပြီ...
တစ်ခါကဆို ဆရာဝန်ခန်းသရုပ်ဆောင်တာတွေပါတဲ့ ရုပ်သံဇတ်လမ်း Holby City ရဲ့ ဇတ်ဝင်ခန်းတစ်
ခုကိုကြည့် မိတာနဲ့ တင် သတိလစ်မေ့ မြောသွားခဲ့ ရပါတယ်...
အဘာဒင်ရှိုင်းယားနယ်၊ ပို့ သ်လယ်သင် အရပ်က ဂျင်နီလေးက " သမီးဟာအရမ်းကိုစိုးရိမ်ထိတ်လန့် 
ကြောက်ရွံ့ တုန်လှုပ်ခဲ့ ရပါတယ်...အဲဒီတုံးက ( သတိလစ်ခဲ့ စဉ် ) အရာရာအမှောင်တိုက်ကြီးဖုံးလွှမ်း
သွားသလိုဖြစ်ပြီး ပြန်သတိရတော့ ကြမ်းပြင်ပေါ်မှာဖြစ်နေခဲ့ ပါတယ်...တစ်ကယ့် ကို ဒုက္ခပါပဲ..." လို့ 
ပြောကြားခဲ့ ပါတယ်...
အခုလို သူမရဲ့ ထူးဆန်းမှုပြဿနာဟာ သူမအသက်ခြောက်နှစ်အရွယ်တုံးက အာဘာဒင်းတော်ဝင်
ကလေးဆေးရုံးမှာ နားကိုစူပါဂလူးနဲ့ ကပ်မိလို့  မေ့ ဆေးပေးပြီးခွဲစိတ်ခဲ့ တဲ့ အတောအတွင်း ပြန်လည်
သတိရာကနေ စဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်...
" ထိုစဉ်က သတိလစ်ပြီးကတည်းက သူမအဖြစ်အပျက်ဟာ သာမန်မဟုတ်ဘူးဆိုတာ သိခဲ့ ပါတယ်..."
လို့ သူနာပြုတစ်ဦးဖြစ်တဲ့ မိခင် လက်စ်လေ ကဆိုခဲ့ ပါတယ်...
ဂျင်နီလေးဟာ ဆေးဆိုးအပ်၊ပိုက်တွေကိုမြင်တာနဲ့ လဲကျသတိလစ်သွားတတ်ပြီး မတော်တစ်ဆဖြစ်မှု
များတွင် အရေးပေါ်ကာကွယ်ကုသရေးဆိုင်ရာသင်ခန်းစာများသင်နေစဉ်မှာလည်း သတိလစ်မေ့ မြော
ခဲ့ ရပါတယ်...
" Holby City  ဇတ်လမ်းလေးကြည့် တာနဲ့ တင်သတိလစ် သွားခဲ့ တယ်ဆိုကတည်းက သမီးရဲ့ အခြေ
အနေမကောင်းဘူးဆိုတာ သိခဲ့ ပါတယ်..." လို့ ဂျင်နီက ပြောခဲ့ ပါတယ်...
နောက်ဆုံးမှာတော့ ဂျင်နီမှာ ဟိုင်ပိုရှီးယား လို့ ခေါ်တဲ့ ရုတ်တရက်အသိမဲ့ အောက်စီဂျင် ဓါတ်လျော့ 
နည်းမှုရေဂါရှိနေပြီလို့ သိခဲ့ ရပါတယ်...
ဒီရောဂါဟာ ရုတ်တရက်ကြောက်ရွံ့ စိုးရိမ်တာကနေစပြီး ဦးနှောက်ကိုအောက်စီဂျင်ဓါတ်ပို့ လွှတ်မှုကို
ရပ်ဆိုင်းစေပါတယ်...
အခုလိုဖြစ်သူတွေမှာ သွေးခုန်နှုံးကိုစမ်းလို့ မရပေမယ့် နှလုံးကတော့ အလုပ်လုပ်နေဆဲပဲဖြစ်ပါတယ်...
အာဘာဒင်းဆေးရုံက စိတ်ညှို့ ကုထုံးပညာရှင် စတန်ဂျရတ် ကတော့ ဆယ်ကျော်သက်မလေးကို ကူ
ညီကုသပေးနေပါတယ်...
" ဒီလိုကြောက်ရွံ့ စိုးရိမ်မှုဟာ သမီးဘ၀တစ်လျှောက်လုံးဖြစ်နေတော့မှာပါပဲ...အခုအထိတော့ ဘယ်
လိုမှ ထိန်းချူပ်တားဆီးလို့ မရပါဘူး...." လို့ ဂျင်နီလေးက ပြောကြားခဲ့ ပါတယ်...
ကဲ ...
ဆရာလေးကိုသက်တန့် ရေ...အနားမသွားနဲ့ နော်...
တော်ကြာသူလေးခမျာသတိလစ်သွားဦးမယ်...
A teenager is battling a rare condition which makes her collapse whenever she comes into contact with a doctor. Ever since she woke up early during an operation Jenny Carroll, 14, passes out over anything medical.
The sight of a needle or someone in a white coat is enough to make her collapse. She once blacked out when she saw an episode of TV series Holby City. Jenny, from Portlethen in Aberdeenshire, said: "I experience absolute panic. Everything goes black and I wake up on the floor. It's made life difficult." Jenny's problems began at the age of six when she woke up during surgery for glue ear at Aberdeen Royal Infirmary.
Her mum Lesley, a community nurse, said: "After that the blackouts began. I knew it was serious." Jenny collapsed when she saw syringes and had fits during road safety lessons. She said: "I knew it was bad when I collapsed watching Holby City."
Eventually Jenny was diagnosed with reflex hypoxia. It begins like a panic attack but stops oxygen getting to the brain. The heart beats but sufferers have no pulse. Aberdeen hypnotherapist Stan Gerard has helped the teenager to cope. Jenny said: "This fear will always be with me but I can control it now."
0 comments: