Mooning fest is a big hit

Tuesday, July 13, 2010

အမေရိကန်က လေသလပ်ပွဲ ပျော်ပျော်ကြီးဆင်နွှဲ....

လာလာလေမိတ်ဆွေများ...ပြကြစို့ တူပျော်ပျော်....

အမေရိကန်တွေဟာ ဘယ်အချိန်မှာ ဘယ်လိုပျော်ရမယ်ဆိုတာကိုပဲ အမြဲတွေးနေသိနေသလိုပါပဲ...
ရာနှင့် ချီပြီးအရေအတွက်ရှိတဲ့ အမေရိကန်တွေဟာ ကယ်လီဖိုးနီးယာပြည်နယ်မှာ နှစ်စဉ်ပြုလုပ်နေကြ
ဖြစ်တဲ့ အထူးအဆန်းပွဲတော်တစ်ခုလို့ ဆိုရမယ့် ပွဲမှာ ၎င်းတို့ ရဲ့ ဘောင်းဘီတွေ၊ စကဒ်တွေကိုချွတ်ပြီး
၎င်းတို့ ရဲ့ အနောက်ပိုင်းမြင်ကွင်းကို ဖြတ်မောင်းသွားတဲ့ ရထားတွေကို ပြသခဲ့ ကြပါတယ်...

လွန်ခဲ့ တဲ့ နှစ်ပေါင်း ၃၀ ကတည်းက နှစ်စဉ် ဂျူလိုင်လဆန်းပိုင်းမှာ လူပေါင်း ၁ သောင်းအထိဟာ
အမေရိကန်နိုင်ငံ လဂူနာနီဂွယ် ဆိုတဲ့ မြို့ ကိုလာရောက်စုရုံးကြပြီး မဖွယ်မရာ အနောက်ပိုင်းကိုပြသခဲ့ 
ကြတာ တစ်ချို့ ဆိုထိုပွဲကိုပါဝင်ဆင်နွှဲဖို့ ဥရောပ ကနေတောင်လာရောက်ကြတယ်လို့ ဆိုပါတယ်...

ပြုံးပြနှုတ်ဆက်...လျှပ်တစ်ပြက်ရိုက်ချက်...

Amtrak ရထားလမ်းဘေး ပြပွဲဟာတစ်နေ့ လုံးကြာမြင့် ပြီး ညဘက်အထိပါပြုလုပ်ကြတာမို့ ညနေပိုင်း
အထိပြချင်တဲ့  ဖိုးပြချင်၊ မပြချင်တွေကတော့ ညဘက်ဖြတ်သွားတဲ့ ရထားပေါ်ကလူတွေ သူတို့ ကို
မြင်နိုင်အောင်မီးတုတ်တွေပါ ယူဆောင်လာဖို့ အကြံပေးထားခဲ့ ကြပါတယ်...
ဝီကီပီးဒီယားရဲ့ အဆိုအရ အဆိုပါဖော်ချွတ်ပြသပွဲဟာ နှစ်ပေါင်း ၂၀၀၀ နီးပါးသက်တမ်းရှိခဲ့ ပြီး ထိုဒေ
သခံလူများရဲ့ ရိုးရာအစဉ်အလာကို ထိန်းသိမ်းခဲ့ ကြတာလို့ ထင်မြင်ယူဆခဲ့ ကြတာဖြစ်ပါတယ်...

ဒါပေမယ့် အမှန်တစ်ကယ်ကတော့ ၁၉၇၉ ခုနှစ်မှာ အရက်ဆိုင်တစ်ဆိုင်က ငြင်းခုံပြီးအလောင်းအစား
လုပ်ခဲ့ မှုတစ်ခုကနေစတင်ခဲ့ တာဖြစ်ပြီး ရေဒီယိုဒီဂျေများမှတစ်ဆင့် အပြင်တစ်ဆင့် စကားတစ်ဆင့် 
နားနဲ့ လူသိများပြီး ပါဝင်ပြသ သူတွေများပြားလာတာဖြစ်ပါတယ်...
ကိုယ့် ထမင်းကိုယ်စားပြီး အခမဲ့ ပါဝင်ပြသသူတွေ အမျိုးသား၊ အမျိုးသမီးပေါင်း ၁ သောင်းကျော်
ဟာ ၎င်းတို့ ရဲ့ အောက်ပိုင်းကိုပြသကြတာမို့ ဒါဟာ လူတစ်စုကပြုလုပ်တဲ့ အပျော်သက်သက်ပွဲတစ်
ခုတင်မဟုတ်တော့ ပါဘူး...
ထိုပြပွဲအကြောင်းတရားဝင် အင်တာနက်စာမျက်နှာ Mooning Amtrak မှာဆိုယင် ထိုမြို့ သို့ မည်ကဲ့ 
သို့ လာရောက်ရမည်ကိုညွှန်ပြချက်များနှင့် ထိုနေ့ တစ်နေ့ လုံးဖြတ်သန်းခုတ်မောင်းမည့် ရထားများ
ရဲ့ အချိန်စာရင်းကိုပါ ဖော်ပြထားပါတယ်...

လူသားအားလုံးကို လေးစားပါတယ်...
လို့ ဆိုချင်တာလား...

၂၀၀၆ ခုနှစ်မှာတော့ မေရီလင်း ပြည်နယ်တရားရုံးက အခုလိုကျားမ မရွေးလူအများလေလာရာဘက်
ကိုစေတနာထက်စွာနဲ့ ပြသတာဟာ အနုပညာဆန်တဲ့ လှစ်ဟမှုအဖြစ် ဆုံးဖြတ်ခဲ့ တာမို့ ဒီပြပွဲအပြု
အမူကို အမေရိကန်ပြည်ထောင်စုဖွဲ့ စည်းပုံအခြေခံဥပဒေပါအချက်အလက်ဖြစ်တဲ့ လွတ်လပ်စွာပြော
ဆိုခွင့် အရ တရားဝင်တားဆီးကာကွယ်ပေးထားခဲ့ ပါတယ်...
ဖော်ချွတ်ပြသ သူတွေအနေနဲ့ ၎င်းတို့ ရဲ့ အရှေ့ အလယ်ပိုင်းဒေသကို ဖော်ချွတ်ပြီးမပြမချင်းအခုလို
အနောက်ဖက်ပိုင်းကိုဖော်ချွတ်ပြီးပြသတာဟာ မတင့် တယ်သောပြသချင်းမျိုးမဟုတ်ပါဘူးလို့ အာ
ဏာပိုင်တွေက ဆုံးဖြတ်ခဲ့ ကြပါတယ်...
ဘယ်လိုပဲဖြစ်ဖြစ် ထိုနေ့ မှာထိုမြို့ ကိုဖြတ်သွားတဲ့ ရထားစီးမိသူတွေအတွက် အိပ်မက်ဆိုးတွေမက်
မှာ အမှန်ပါပဲ...

သေချာတာကတော့  ပွေးတွေ၊ ၀ဲတွေ၊ အမာရွတ်တွေရှိသူတွေ ဒီပွဲမျိုးမနွှဲရဲဘူးဆိုတာပါပဲ...


A mooning fest, anyone?
Well, the Americans sure know how to have a cheeky good time.
Hundreds of Americans have dropped their trousers and bared their bottoms at passing trains as part of a weird annual event in California.

Each July for the past 30 years up to 10,000 people have gathered at the city of Laguna Niguel to expose their rears at passing trains - with some even traveling from as far as Europe to take part.

Mooning Amtrak lasts all day and even into the night, with evening mooners advised to bring a torch to help those on passing trains to see their bums.

According to Wikipedia bottom-baring dates back almost 2,000 years… which in our opinion makes these fine folks some sort of cultural heritage protectors.
The local tradition started in 1979 after a bet in a bar and grew bigger by word of mouth and radio DJs.
No kidding. You could see as many as 10,000 bare bottoms (both men and women's) during the festival.
The "Mooning Amtrak" official website features directions to the event and lists train times throughout the day.
In 2006, a Maryland state circuit court determined mooning is a form of artistic expression and therefore protected by the United States constitutional right of freedom of speech.

It was ruled that mooning only becomes indecent exposure with the exposure of the genitals. Which is good to know.

1 comments:

ကိုဇော် said...

ကိုပီတာရေ. . .
နောင်နှစ် အမှီလေး သွားလိုက်ရအောင်လေ။
လေတိုးပေမဲ့ အနေဆိုးမှာ မဟုတ်ဘူး ထင်ပါတယ်။