Woman fined for saying ex-hubby is impotent

Wednesday, July 28, 2010

စိမ်းကားရက်သူကြီးအတွက် ဒါဏ်ငွေ....


အိန္ဒိယနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူအားယောကျာင်္းပီပီ စံချိန်မမှီသူဟု
( ပန်းသေ၊ပန်းညှိုး ဖြစ်နေသူ ) စွပ်ဆွဲပြောဆိုခဲ့ မှုဖြင့် တရားရုံးတော်တစ်ခုက သူမအားကြီးလေးသော
ဒါဏ်ငွေပေးဆောင်စေခဲ့ တယ်လို့ ဆိုပါတယ်...

အိန္ဒိယနိုင်ငံ၊ မတ္တရာပရာဒက်ရှ်ပြည်နယ် အလယ်ပိုင်းက တရားရုံးတစ်ခုမှာ တရားသူကြီးဖြစ်သူ ဂျဂဒစ်ရှ်
ပရာဆတ်ပါရာရှာက ထိုအမျိုးသမီး ဗန်ဒနာဂါဂျာ ကို အသရေဖျက်မှုဖြင့် သူမအားတရားဆွဲဆိုထားသည့် 
ခင်ပွန်းဟောင်း ဟမန့် ချဟာလိုတာအား လျော်ကြေးငွေ ရူပီး ၂ သိန်း ( ဒေါ်လာ ၄၂၇၆ ) ပေးစေရန်လွန်ခဲ့ 
တဲ့ တနင်္လာနေ့ ကအမိန့် ချမှတ်လိုက်ပါတယ်...
ယခုချမှတ်လိုက်တဲ့ ဒါဏ်ငွေပမာဏဟာ အိန္ဒိယနိုင်ငံက သန်းပေါင်းများစွာသောလူတွေရဲ့ တစ်နှစ်စာဝင်
ငွေထက်တောင်များစွာပိုလွန် ပါတယ်...

Cartoon by Martin Holt, www.shadma.com
Cartoon by Martin Holt, www.shadma.com
ဗန်ဒနာ ဟာ ဟမန့် ကိုလွန်ခဲ့ တဲ့ ကိုးနှစ်ခန့် ကလက်ထပ်ခဲ့ တာဖြစ်
ပြီး သုံးလအကြာမှာသူ့ ကိုထားခဲ့ တာဖြစ်ပါတယ်လို့ အိန္ဒိယနိုင်ငံသ
မာဓိသင်းစာ ကဖော်ပြခဲ့ ပါတယ်...
ဟမန့် နှင့် သူ့ ရဲ့ မိဘများ (သူမရဲ့ ယောက္ခတွေ ) ဟာသူမကို လက်
ဖွဲ့ ပစ္စည်း ( အိန္ဒိယထုံးတမ်းအစဉ်အလာအရ မိန်းကလေးဘက်ကတင်
တောင်းရပါတယ်...) နဲ့ ပါတ်သက်ပြီး ထိခိုက်နစ်နာအောင်ပြုမူပြော
ဆိုခဲ့ တယ်ဆိုပြီး အားလုံးကိုတိုင်ကြားခဲ့ ပါတယ်...

မျှော်သူသာမောရပေါ့ ...

ဒါပေမယ့် ဒေသဆိုင်ရာတရားရုံးက ၂၀၀၄ ခုနှစ်မှာ ထိုစွပ်စွဲချက်တွေအားလုံးကနေ လွတ်ငြိမ်းခွင့် ပြုခဲ့ 
ပါတယ်...

၎င်းနောက်မှာတော့ ခင်ပွန်းဖြစ်သူဟာ ကျားသဘာဝမစွမ်းဆောင်နိုင်တာကြောင့် တူနှစ်ကိုယ်ရွှေလက်တွဲ
ပြီးချစ်ပွဲမ၀င်နိုင်ခဲ့ တာမို့ ဗန်ဒနာ ဟာ ဟမန့် နဲ့ ကွာရှင်းပေးဖို့ လျှောက်ထားတောင်းဆိုခဲ့ ပါတယ်...
တရားရုံးကလည်း ၎င်းတို့ နှစ်ဦးကိုကွာရှင်းခွင့် ပြုခဲ့ ပါတယ်... ( ထိုဆရာရဲ့ ဝေဒနာသေချာလို့ နေမှာပေါ့ ...)
၂၀၀၆ ခုနှစ်မှာတော့ ဟမန့် ဟာ သူ့ ကိုညှိုးနွမ်းခွေလျော့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသရေဖျက်ပါတယ်
ဆိုပြီး ဗန်ဒနာ ကိုတရားစွဲဆိုခဲ့ ပါတော့ တယ်...
သူမရဲ့ ပြောဆိုစွပ်စွဲမှုတွေကြောင့် သူ့ အနေနဲ့ အချစ်သစ်နောက်တစ်ခုထပ်မလှမ်းနိုင်တော့ တဲ့ အဖြစ်သို့ 
ရောက်ခဲ့ ရပြီး သူ့ ရဲ့ ဂုဏ်သိက္ခာလည်းထိခိုက်နစ်နာခဲ့ ရတယ်လို့ ဆိုခဲ့ ပါတယ်...

သြော်...
သူ့ လိုပဲသူများတွေဒုက္ခမရောက်ရအောင်လည်းစေတနာနဲ့ ပြောပြရသေးတယ်...
ဒါဏ်ငွေလည်းအရိုက်ခံရသေးပါလား...
ဒါကြောင့် ပြောတာနေမယ်...စေတနာသည်လူတိုင်းနဲ့ မတန် ဆိုတာ


A woman has been slapped with a heafty fine by a court in India after accusing her husband of impotence.On Monday, judge Jagdish Prasad Parashar in central Madhya Pradesh ordered Vandana Gurjar to compensate 200,000 rupees (RM13,668) to her ex-husband Hemant Chhalotre in a defamation suit filed by the latter.The amount of the fine far exceeds the annual income of millions living in India. 
Vandana had married Hemant nine years ago but left him just after three months, the Press Trust of India reported.
She lodged a complaint against Hemant and her in-laws, claiming that they had harassed her for dowry but a local court acquitted the accussed of all charges in 2004.
Then, Vandana filed a petition to divorce Hemant, claiming that she could not have conjugal bliss with the latter as he was impotent.
The court granted them divorce.
In 2006, Hemant filed a defamation suit against Vandana for the impotence allegation.
He said the accusation had rendered him “unmarriageable” and sullied his prestige.
Source: Agencies

1 comments:

ကိုဇော် said...

ဟီးဟီး. . .ကိုပီတာလည်း ဒီလို စေတနာနဲ့ ပြောရင် ပျော်နေမလား. . ပြော. .ပြော .. ပြောလိုက်စမ်းဘာ. .

မပြောမဆိုနဲ့ နာမည်ယူသုံးထားမိလို့ပါ။
http://www.zaw357.net/2010/07/blog-post_29.html