Champion rooster slashes its owner's throat for being asked to fight once too often

Thursday, January 20, 2011

ကြက်သမားကြက်ခွပ်လို့ သေ...

ကြက်ဝိုင်းအတွင်းသို့ မကြာခဏပြန်လည်ပို့ ဆောင်ကာ ခွပ်ခိုင်းသည့် တိုက်ကြက်ပိုင်ရှင်၊ ကြက်တိုက်သမား
တစ်ဦးအား ၎င်း၏တိုက်ကြက်က ထိုသူအသက်သေဆုံးသည်အထိပြန်လည်ရန်မူကာတိုက်ခိုက် ( ခွပ် ) ခဲ့ 
ခြင်းဖြင့် လက်စားချေခဲ့ သည့် ဖြစ်ရပ်တစ်ခုမကြာခင်က ဖြစ်ပွားခဲ့ ပါတယ်...
အဆိုပါတိုက်ကြက်ဟာ ၎င်း၏ခြေထောက်များတွင်တပ်ဆင်ထားသည့် ဓါးသွားများဖြင့် ပိုင်ရှင်ဖြစ်သူ ကြက်
သမား ဆင်ဂ်ရိုင်ဆိုရန် ၏လည်မျိုအား ကွဲရှပြတ်ထွက်အောင် ပြန်ခွပ်ခဲ့ သည်ဟုဆိုပါတယ်...
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂေါနယ်၊ မိုဟန်ပူရ် ဒေသမှရွာသားများကို (ခြေထောက်တွင်ဓါးသွားများတတ်ဆင်
ထားသည့် ) အနီရောင်နှင့် အနက်ရောင်တိုက်ကြက်တစ်ကောင်အနီးသို့ မကပ်ကြရန် ရဲတပ်ဖွဲ့ ကသတိပေး
ထားခဲ့ ပါတယ်...

Roosters brandishing deadly blades on their legs square up to each other at a cockfight which is popular with gamblers
 တိုက်ပွဲကိုပိုပီပြင်စေရန် ကြက်ဖများ၏ခြေထောက်များတွင် ဓါးသွားများတပ်ဆင်ပေးထားတယ်...
Roosters brandishing deadly blades on their legs square up to each other at a cockfight 

တိုက်ကြက်များဟာ ကြက်ဝိုင်းအတွင်း ၎င်းတို့ ၏ခြေထောက်များတွင် တပ်ဆင်ဓါးသည့် ဓါးသွားများကိုအသုံး
ပြုပြီး တစ်ကောင်နှင့် တစ်ကောင် အသေအကြေခွပ်ကြ ( တိုက်ခိုက်ကြ ) တာဖြစ်ပါတယ်...
သေဆုံးသွားသည့် ကြက်သမား၏မိတ်ဆွေတစ်ဦးဖြစ်သည့် ဒေဆိုင်း က " အဆိုပါတိုက်ကြက်ဟာ ကြက်ဝိုင်း
အတွင်းမှ ထွက်ပြေးဖို့ အကြိမ်ကြိမ်ကျိုးစားခဲ့တာဖြစ်ပေမယ့် ဆိုရန် ကလည်းဝိုင်းထဲကို ပြန်ပြန်ပြီး တွန်းထဲ့ 
ခဲ့ တာဖြစ်ပါတယ်...
ဒါကြောင့် တိုက်ကြက်ဖ ကစိတ်ဆိုးပြီး ဆိုရန် ကိုရန်မူတိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်..." လို့ ပြောကြားခဲ့ ပါ
တယ်....
တိုက်ကြက်များကို နောက်တစ်ချီမခွပ်ခိုင်းခင် များသောအားဖြင့် အနည်းဆုံးတစ်နာရီလောက်တော့ အနား
ပေးကြရပါတယ် လို့ လည်း သူကဆိုပါတယ်...
ကြက်သမားအများစုကတော့ တစ်ပွဲနိုင်ယင် ပေါင်စတာလင် ၂၈ ပေါင် ( ၄၂ ဒေါ်လာခန့်  ) နှင့် ရှုံးနိမ့် သေ
ဆုံးသွားခဲ့ သည့် ကြက်ကိုရတာနဲ့ တင်ကြေနပ်နှစ်သက်ကြတာပါပဲ..." လို့ လည်းဒေဆိုင်းကထပ်ပြောပြခဲ့ 
ပါတယ်...


A cockfight in progress in front of a large audience in Thailand
 ထိုင်းနိုင်ငံမှ အားပေးသူပရိတ်သတ်များဖြင့် ပြည့် နေသည့် ကြက်ဝိုင်း...
A cockfight in progress in front of a large audience in Thailand

ဒါပေမယ့် ကြက်သမားဆိုရန်ကတော့ သူ့ တိုက်ကြက်ဖကြီးကို ပထမပွဲ ( အနိုင်ရအပြီး ) နောက်မိနစ်အနည်း
ငယ်အတွင်း နောက်တစ်ပွဲထပ်ခွပ်ခိုင်းခဲ့ လို့ သူ့ ကြက်ဖ ကစိတ်ဆိုးဒေါသထွက်ခဲ့ တာဖြစ်ပါတယ်...
ရဲတပ်ဖွဲ့ ဝင်များကတော့ ထိုတိုက်ကြက်ဖကို ရှာဖွေကာ ခြေထောက်တွင်တပ်ထားသည့် ဓါးသွားများကိုဖယ်
ရှားပစ်ဖို့ လိုက်လံရှာဖွေနေပါတယ်...
သို့ သော်လည်း အနိုင်ပွဲလေးပွဲရှိခဲ့ ပြီဖြစ်သည့် ထိုတိုက်ကြက်ဖကို နောက်ထပ်ကြက်တိုက်ပွဲများတွင် ထပ်မံ
ခွပ်ခိုင်းရန် ကြက်သမားတစ်ဦးက သိမ်းထားလိမ့် မည်ဟု ယုံကြည်ရသောကြောင့် ထိုကြက်ဖ ကိုဖမ်းဆီးနိုင်
လိမ့် မည်ဟု မထင်ရကြောင်း ဆိုပါတယ်...

မြန်မာပြည်မှာလည်း ကြက်တိုက်တာတွေခေတ်စားနေဆဲပါပဲ...
ဒါပေမယ့် အိန္ဒိယမှာလိုတော့ ကြက်ခြေထောက်ကိုဓါးသွားမတပ်ပဲ ကြက်အတက်များကိုသာ ပိုပြီးချွန်အောင်
လုပ်တတ်ကြတယ်လို့ ဆိုပါတယ်...
ထိုကြက်သမားတွေသေပြီးလူပြန်ဖြစ်ယင် လက်ဝှေ့ သမား၊ နပမ်းသမား ပြန်ဖြစ်လိမ့် မယ်လို့ ထင်ပါတယ်...
အယင်ဘ၀က သူများတွေကို သတ်ပုတ်ခိုင်းခဲ့ ယင် ကိုယ်လည်း တစ်ချိန်အသေအကြေပြန်ပြီးသတ်ပုတ်ကြ
ရမှာပါပဲ...

A cockfighting rooster appears to have taken deadly revenge on its trainer for forcing it back into the ring too soon.
The bird is said to have attacked owner Singrai Soren and slit his throat with razor blades he had attached to its legs.
Villagers in Mohanpur, West Bengal, were warned not to approach what police described as ‘an unknown rooster with black and red feathers’.

One of the dead man’s friends, known only as Dasai, said: ‘The rooster tried to get away from the ring several times, but Soren pushed it into the ring repeatedly.
‘This upset it and it attacked Soren.’
Roosters are usually given a break of at least an hour before taking on another opponent, he explained.
‘Most masters are satisfied with the cash reward of £28 for every fight and a dead opponent to feast on,’ Dasai added.
‘But Soren wanted the rooster to go to the ring within a few minutes of its first fight and that is when it got upset.’
Officers want to find the bird to strip it of the razor blades it killed with on Thursday.
But they believe their chances are slim. They think the rooster – which has won four fights – is being kept by a rival trainer keen to put it back in the ring

3 comments:

အင်္ဂါဟူး said...

ဘ၀သံသရာ တစ်ယောက်ဆင်းတစ်ယောက် တက် ဆက်လက်ထွက်ခွါလာ ဘ၀သံသရာ...

ကိုဇော် said...

တန်ပြန်တာပေါ့ . .

kiki said...

ကိုယ့်အတတ် နဲ့  ကိုယ်စူး တာ လေ..

ကြက်ဖတိန်ညင် တောကိုဝင်
မောင်ရင်လာ လေးနဲ့ပစ် ။
မပစ်ပါနဲ့  မောင်ရင်ရယ် ၊
ကြက်တက်စူးလို့ သေပါ့မယ်...
ဆိုတာ တကယ်ပါပဲလား။။