Honest trash collector returns RM115,659

Monday, January 24, 2011

ကောက်ရငွေ ထိုင်ဝမ် ၁.၁ သန်း ပြန်ပေးသည့် အမှိုက်ကောက်အမျိုးသမီး...

Yang (left) returning the money to Lin (right)
Yang (left) returning the money to Lin (right)
ပိုင်ရှင်ထံသို့ ငွေများပြန်အပ်စဉ်...
ထိုင်ဝမ်နိုင်ငံမှ အကျင့် စာရိတ္တရိုးသားရိုးသားဖြူစင်ဖြောင့် မတ်သည့် အမှိုက်ကောက်သည့် အမျိုးသမီးကြီး
တစ်ဦးဟာ ထိုင်ဝမ်ငွေ ၁.၁ သန်း ( ဒေါ်လာ ၃သောင်း ၇ ထောင်ကျော် ) လမ်းမပေါ်မှတွေ့ ရှိကောက်ရခဲ့ 
ပြီးနောက် ပိုင်ရှင်ဖြစ်သူထံသို့ ပြန်လည်ပေးအပ်ခဲ့ ပါတယ်...
အသက် ၆၇ နှစ်ရှိ ယန်းဟွမ်မူဒန်း အမည်ရှိအမျိုးသမီးကြီးဟာ ( ကောက်တွေ့ လို့ ပြန်အပ်လျှင်ရရှိနိုင်မည့် 
ဆုကြေးငွေ ) သုံးရာခိုင်နှုံးကိုပင် လက်ခံဖို့ ငြင်းဆန်ခဲ့ ပါတယ်...
သို့ သော်လည်းအတန်တန်ဖြောင်းဖျပြောဆိုခဲ့ ပြီးနောက်မှာတော့ သူမဟာ ထိုင်ဝမ်ငွေ ၃၀၀၀ ( ဒေါ်လာ
၁၀၀ ကျော်ခန့် သာ ) ကိုသာလက်ခံယူခဲ့ ပါတယ်လို့ အန်ပေါင်း သတင်းစာကဖော်ပြခဲ့ ပါတယ်...
" ကျွန်မတစ်သက်တာမှာဒီလောက်များတဲ့ ငွေတစ်ခါမှမမြင်ခဲ့ ဖူးပါဘူး....ယူထားလိုက်မိယင်လည်းကျွန်မ
တစ်သက်လုံး အပြစ်ရှိသလိုခံစားနေရမှာအမှန်ပါပဲ...
ဒီငွေကိုကျပျောက်ခဲ့ တဲ့ သူဆိုလည်းတော်တော်ကိုစိတ်ပူနေမှာပါပဲ..." လို့ တစ်လလျှင်ထိုင်ဝမ်ငွေ ၅သောင်း
( ဒေါ်လာ ၁၇၀၀ ကျော် ) ၀င်ငွေရရှိသည့် ယီလန်ဒေသမှ အမျိုးသမီးကြီး ယန်း ကပြောကြားခဲ့ ပါတယ်...
သူမရဲ့ ရိုးသားဖြောင့် မတ်မှုကို ရဲတပ်ဖွဲ့ နှင့် အိမ်နီးနားချင်းများက ချီးကျူးပြောဆိုခဲ့ ပြီး သူမအတွက်၎င်းတို့ 
အနေနဲ့ ဂုဏ်ယူရပါတယ်လို့ ဆိုခဲ့ ပါတယ်...

Yang is respected for her honesty
Yang is respected for her honesty
သူမရဲ့ ရိုးသားဖြူစင်မှုကြောင့် လူအများက လေးစားရပါတယ်...
မူလတန်းပညာသာတတ်မြောက်ခဲ့ သည့် ယန်းဟာ လွန်ခဲ့ သည့် ၂၅ နှစ်အကြာက ခင်ပွန်းဖြစ်သူကွယ်လွန်
သွားပြီးကတည်းက သားသမီး ခြောက်ယောက်ကို ပြုစုစောင့် ရှောက်လာခဲ့ တာဖြစ်ပါတယ်...
လွန်ခဲ့ သည့် စနေနေ့ နံနက်ပိုင်းမှာတော့ ဈေးထဲမှ ပြန်လည်အသုံးပြုလို့ ရသည့် (ကတ္တူစက္ကူကဲ့ သို့ ) စွန့် 
ပစ်ပစ္စည်းအနည်းငယ်ကောက်ယူခဲ့ အပြီးမှာငွေတွေထည့် ထားသည့် အိတ်ကိုတွေ့ ရှိခဲ့ တာဖြစ်ပါတယ်...
ငွေတွေကိုပိုင်ရှင်ထံပြန်လည်အပ်နှံနိုင်ဖို့ သူမဟာ ရဲစခန်းကိုအလျင်အမြန်သွားရောက်ခဲ့ ပြီး နောက်စိုးရိမ်
ပူပန်နေရှာတဲ့ လင်း ဟုသာဖော်ပြသည့် စာရင်းကိုင်စာရေးနှင့် တွေ့ ရှိခဲ့ ရတာဖြစ်ပါတယ်...
လင်း ကသူမဟာထိုငွေများကိုဘဏ်သို့ သွားရောက်အပ်နှံရမှာဖြစ်ကြောင်း၊ သူမကားဆီသို့ လျှောက်သွားနေ
ခဲ့ စဉ် သူမ၏ဖုံးအသံမြည်လာခဲ့ လို့ ငွေထုတ်ကို ကားစက်ဖုံးပေါ်တင်ခဲ့ တယ်လို့ ဆိုပါတယ်...
ဖုံးစကားပြောပြီးနောက် ငွေထုတ်ကိုလုံးဝမေ့ လျော့ သွားကာ ကားကိုမောင်းထွက်ခဲ့ တာဖြစ်ပါတယ်...
အသက် ၃၇နှစ်ရှိ စာေ၇းမဟာ ကားမောင်းသွားပြီး တစ်ကီလိုမီတာလောက်အရောက်ကျမှ သူမငွေအိတ်
အကြောင်းကို သတိရမိခဲ့ တာဖြစ်ပါတယ်...
သူမဟာ အမျိုးသမီးကြီးယန်း ကိုအကြိမ်ကြိမ်ကျေးဇူးတင်စကားဆိုခဲ့ပါတယ်...

တစ်စုံတစ်ယောက်ကိုစိတ်ချမ်းသာအောင်ဆောင်ရွက်ပေးလိုက်၇လို့ ကိုယ်ပြန်ခံစားရတဲ့ပီတိ၊ စိတ်ချမ်းသာ
မှုက ပိုပြီး စိတ်ချမ်းသာရပါတယ်...
စာရိတ္တပျက်ပြားနေတဲ့ ခေတ်ကြီးမှာ တွေ့ ရခဲတဲ့ ကိုယ်ကျင့် သီလဖြူစင်မှုတစ်ခုပါပဲ...
ထိုင်ဝမ်နိုင်ငံက အမှိုက်ကောက်သူတစ်ယောက်ရဲ့ ဝင်ငွေကလည်း တစ်လ ဒေါ်လာ ၁၇၀၀ ကျော်ရှိတယ်တဲ့ 
ဗျာ...
ဆရာဝန်ကြီးဖြစ်တဲ့ မကြီးကိကိ တို့ ဆိုယင်ဒီထက်ဘယ်နှစ်ဆတောင်ပိုရနေဦးမလည်းမသိဘူး...
ဒူဘိုင်းမှာအမှိုက်မကောက်ပဲ ထိုင်ဝမ်မှာအမှိုက်သွားကောက်ယင်ကောင်းမလားပဲ...
ဒါပေမယ့် ကိုယ်ကမန်ဒရင်းပဲနည်းနည်းပါးပါးရတာ၊ ကန်တုံနိစ် မရလို့ ဖြစ်မယ်တော့ မထင်...

An honest trash collector in Taiwan returned NT1.1mil (RM115,659) which she picked up from the street to the owner.
Yang Huang Mu-dan, 67, also refused to take the three-per cent reward she was entitled to.
However, after much persuasion, she agreed to take a NT$3,000 (RM315) ang pow.
"I have not seen so much money before. If I take it, I would feel guilty for the rest of my life.
"The person who lost it must be very anxious," said Yang of Yilan, who earns a monthly household income of about NT$50,000 (RM5,254).
Her honesty has been highly praised by the police and her neighbours, most of whom said that Yang had made them proud.

Yang, who only received primary education, has been takings care of her six children alone after her husband died 25 years ago.
On Saturday morning, after collecting some recyclable items from the market, she found the bag containing the cash.
In an attempt to return the money, she rushed to the nearest police station, where she met the anxious accountant - identified only as Lin.
Lin said she was to have banked in the takings of her workplace. But as she walked to the car, her phone rang, so she placed the bag on the boot.
After answering the call, she drove away, completely forgetting about the bag.
The 37-year-old woman drove for about 1km before she realised what she had done.

She thanked Yang repeatedly.

3 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
“ယန်း”ရေတကယ့်ကိုဂုဏ်ယူထိုက်သူပါခင်ဗျာ-
အဝေးကနေဂုဏ်ယူလိုက်ပါတယ်-ကျနော်သာဆိုအဲလိုစိတ်
ထားဖြူစင်နိုင်ပါ့မလားလို့ တွေးနေမိသေးတယ်ဗျ-
ကျနော်တော့ဖြူစင်နိုင်လိမ့်မယ်မထင်မိပါဘူးဗျာ-ကိုယ်နဲ့ 
ထိုက်လို့ကိုယ်ရတာဘဲ(ဘုရားပေးတာဘဲ)ဆိုပြီးယူထားမိ
မယ်ထင်ပါရဲ့ -

ကောင်းဝေယံ said...

ထိုင်ဝမ် မှာအဓိကဘာသာစကား အဖြစ် မန်ဒရင်း ကိုဘဲသုံးပါတယ်။

ကောင်းဝေယံ said...

ထိုင်ဝမ် မှာအဓိကဘာသာစကား အဖြစ်မန်ဒရင်း နဲ့ ဖူးကျန့် စကား ကိုဘဲသုံးပါတယ်။မန်ဒရင်း ရရင်အဆင်ပြေပါတယ်။ p: