Developers demolish all the stairways of a building in bid to evict family on the seventh storey

Thursday, January 13, 2011

အိမ်ခန်းမဖယ်ပေးသူအား တိုက်လှေကားများဖျက်စီးသည့် ကန်ထရိုက်...

 အထပ်မြင့် တိုက်အပေါ်ဆုံးရှိနေထိုင်သူများအား ပြောင်းရွှေ့ ပေးစေရန်အကြပ်ကိုင်သည့် အနေဖြင့် ထို
တိုက်ပေါ်သို့ တက်သည့် လှေကားထစ်များအားလုံးကို ဖြိုချဖျက်စီးခဲ့ သည့် အိမ်ခြံမြေဆောက်လုပ်ရေးလုပ်
ငန်းရှင်များအား စိတ်ဆိုးဒေါသထွက်နေသည့် မိသားစုက တရားစွဲဆိုခဲ့ လိုက်ပါတယ်...

 မပြောင်းပေးချင်တဲ့ သူတွေ ....ကဲ မှတ်ပြီလား...

တရုတ်နိုင်ငံ၊ အနောက်တာင်ပိုင်း၊ မြန်းယန်ဒေသရှိ အဆိုပါအဆောက်အဦနေ၇ာတွင် စက်ရုံတစ်ရုံဆောက်
လုပ်နိုင်ရန်အတွက် စီမံကိန်းဆောက်လုပ်သူများက( လက်ရှိနေထိုင်သူများအားဖယ်ရှားပေးရန် ) လူဆိုးလူ
မိုက်များအားငှားရန်းပြီး အတင်းအဓမ္မအနိုင်ကျင့် စေခိုင်းခဲ့ တာဖြစ်ပြီး သူမတို့ ကတော့ ဖယ်ပေးဖို့ ငြင်းဆန်
ခဲ့ တယ်လို့ အသက် ၄၂ နှစ်ရှိ မိခင်တစ်ဦးဖြစ်သူ ကျောက်ယန်ဟုန် ကပြောကြားခဲ့ပါတယ်...
" အဲဒါနဲ့ တစ်နေ့ တော့ အဲဒီလူမိုက်တွေဟာ စက်ပစ္စည်းကိရိယာတွေနဲ့ ရောက်လာပြီး တိုက်ပေါ်တက်တဲ့ 
လှေကားတွေကို ဖြိုချဖျက်ဆီးပြစ်တော့ တာပါပဲ...
သူတို့ ကကျွန်မတို့ ကို ဒီအိမ်ကနေထွက်သွားဖို့ အနိုင်ကျင့် နေကြတာလေ...အခုတော့ ဒီတိုက်ပေါ်ကနေ
ဆင်းလို့ တက်လို့ ရတာဆိုလို့ လှေကားထောင်ပြီးလုပ်ရတာပဲရှိတော့ တယ်...အန္တရယ်အလွန်ကြီးပါတယ်.."
လို့  ယန်ဟုန် ကပြောကြားခဲ့ ပါတယ်...


ရှိသမျှလှေကားထစ်တွေဖျက်ပြစ်လိုက်တယ်...


ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည့် မြင်းယန် ယာချွမ်းခြံမြေကုမ္ပဏီက ထိုအဆောက်အဦကို ၎င်းတို့ ပိုင်ဆိုင်
တာဖြစ်တယ်လို့ အခိုင်အမာပြောဆိုလိုက်ပြီး ထိုတိုက်ကိုဖြိုချဖျက်စီးဖို့ ခွင့် ပြုချက်ရရှိပြီးဖြစ်သူလို့ ပြောဆို
ခဲ့ပါတယ်...၎င်းတို့ အနေနှင့် မည်သည့် အမှားအယွင်းမှ ကျူးလွန်ခဲ့ ခြင်းမရှိဘူးလို့ လည်းပြောကြားခဲ့ ပါသေး
တယ်...
ယခုအခါမှာတော့ စုံစမ်းစစ်ဆေးနေစဉ်အတွင်း၎င်းတို့ ရဲ့ လုပ်ဆောင်မှုများကိုခြောက်လတာမျှရပ်နားထားဖို့ 
ထိုအတောအတွင်း ယန်ဟုံတို့ မိသားစုအတွက် လှေကားထစ်များပြန်လည်ဆောက်လုပ်ပေးဖို့ လည်း တရား
သူကြီးများက ညွှန်ကြားခဲ့ ပါတယ်...

A furious family is suing property developers after they demolished every staircase in a seven-storey apartment block to make them quit their top floor flat.
Mum Zhao Yanhong, 42, claims developers - who want to demolish the flats in Mianyang, south west China, to build a factory - hired thugs to force out other residents but she refused to budge.
"Then one day they turned up with machines and men and knocked out all the stairs to strand us here. They are just trying to bully us out of our home," said Yanhong. "The only way we can get out now is through ladders and climbing but it is very dangerous," she added.
Developers from Mianyang Yachuan Property Company claim they own the property and have permission to demolish it but deny any wrong doing. Now judges have ordered them to suspend all work for six months while they investigate and restore one staircase for Yanhong's family.

3 comments:

မိုးယံ said...

စပိုက်ဒါမန်းဆီက နည်းလမ်းတောင်းကြည့်လေ.. အဆင်ပြေမှာပါလို့.

Unknown said...

ဝတို့တိုင်းပြည်ကတရားသူကြီးတွေတောင်၊စာနာမူရှိတယ်
လို့ပြောရမယ်။

ကိုဇော် said...

မှတ်ပလား . .မှတ်ပလား...