Man who fathered child at 14 to become UK's youngest grandad at 29

Saturday, January 29, 2011

အသက် ၁၄ နှစ်မှာကလေးအဖေဖြစ်ခဲ့ သူက ၂၉ နှစ်တွင် အဖိုးဖြစ်လာ.... 

၎င်း၏အသက် ၁၄ နှစ်အရွယ်ရှိသမီးဖြစ်သူက လာမည့် နွေရာသီတွင် ကလေးမီးဖွားတော့ မည့် အမျိုးသား
တစ်ဦးဟာ ဗြိတိန်နိုင်ငံ၏အသက် အငယ်ဆုံး အဖိုးဖြစ်လာတော့ မည်ဖြစ်သည်....
အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသားဟာ ၎င်းကိုယ်တိုင် အသက် ၁၄ နှစ်အရွယ် ၁၉၉၆ ခုနှစ်တွင် ကလေး
အဖေဖြစ်ခဲ့ တာဖြစ်ပါတယ်...
သို့ သော်လည်း အထက်တန်းပညာရေး GCSE အတန်းသို့ ရောက်ကာစ ၎င်း၏သမီးဖြစ်သူတစ်ယောက်
ကိုယ်ဝန် ၁၁ပါတ် ( ၃ လနီးပါး ) ရှိနေပြီဟုသိလိုက်ရချိန်မှာတော့ အလွန်စိတ်ဆိုးဒေါသထွက်ခဲ့ ရပါတယ်
လို့ ထိုသူကပြောကြားခဲ့ ပါတယ်...
ငယ်ရွယ်သည့် သမီးဖြစ်သူ၏ ကိုယ်ရေးအချက်အလက်ကို ကာကွယ်သည့် အနေဖြင့် ၎င်း၏အမည်ကိုဖော်
ပြခဲ့ ခြင်းမရှိသည့်  ဝေလနယ်တောင်ပိုင်းမှ ဖခင်ဖြစ်သူက " ( ကျွန်တော့် အတွက်တော့ ) ၀ဋ်ပြန်လည်တာ
ပါပဲခင်ဗျာ... ( သူလည်းသူများသားသမီးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်လူမိုက်လုပ်ခဲ့ တာမဟုတ်လား )
ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံး အဖိုးဖြစ်ရတာကိုတော့ အတော်လေးသဘောကျမိပါရဲ့ ( သူတို့ ဆီမှာက
ဟုတ်ဟုတ်မဟုတ်ဟုတ် အဲဒီလို ဘာအဖြစ်ဆုံး၊ ညာအဖြစ်ဆုံးဆိုပြီးနာမည်ကြီးချင်ကြတာလေ)
ဒါပေမယ့် သမီးဖြစ်သူလည်း ကိုယ်ဝန်ရှိတယ်ဆိုတာသိရတော့ ကျွန်တော့် ဖြင့် ရင်ထဲမကောင်းဖြစ်မိတာ
ပါပဲ...
ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအမေ၊ ကလေးအဖေဖြစ်ရတာတော်တော်ဒုက္ခရောက်ရတယ်ဆိုတာ ကျွန်တော်
က ကိုယ်တိုင်ခံစားသိရှိခဲ့ ရတာမို့ အခု သမီးဖြစ်သူလည်း ဒီလိုဒုက္ခမျိုးထပ်တူခံစားရဦးမယ်ဆိုတာသေချာ
ပါတယ်...ဒါပေမယ်မယ့် ဘယ်လိုပဲဖြစ်ဖြစ်ကျွန်ုတော်တို့ ဟာသမီးကိုတော့ မပစ်ပယ်ပဲစောင့် ရှောက်ကူညီ
သွားမှာဖြစ်ပြီး ရောက်ရှိလာမည့် ကလေးငယ်ကိုလည်း ၀မ်းမြောက်ဝမ်းသာကြိုဆိုသွားမှာဖြစ်ပါတယ်..."
လို့ သူကဆိုပါတယ်...



" ကျွန်တော်ကတော့ ကိုယ့် ကိုယ်ကို အဖိုးတစ်ယောက်လို့ ကိုခံစားလို့ မရပါဘူး...ဆံပင်လည်းမဖြူသေး၊ နား
ကလည်း မလေးသေးပဲအကောင်းကြီးရှိနေပါသေးတယ်...အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့် မိခင်ကြီးက
လည်း ဘွားဘွားကြီးဖြစ်ဖို့ ကိုစိတ်တွေစောနေပါတယ်...အမေကကျွန်တော့် ကိုကိုယ်ဝန်ရှိတော့ အသက် ၁၈
နှစ်ရှိပါပြီ....ကျွန်တော့် သမီး သူ့ ရဲ့ မြေးအကြောင်းကျွန်တော်ပြောတော့ အမေတော်တော်ထိတ်လန့် တုန်
လှုပ်သွားပါတယ်....ဒါပေမယ့် အခုတော့ လည်း ( မြစ်ရတော့  မယ်ဆိုတော့ ) ပျော်နေပါပြီ..." လို့ သူကဆို
ခဲ့ ပါတယ်...
အမေ့ ရဲ့ အမေ ( ကျွန်တော့် အဘွား ) ကလည်းအသက်ရှင်လျှက်ပဲရှိနေပါသေတယ်...ဒါကြောင့် ကျွန်တော့် 
အဘွားဟာ အဘီဖြစ်တော့ မှာပေါ့ နော်...
မျိုးဆက် ၆ ခုလောက်တစ်ချိန်ထဲအသက်ရှင်နေကြတဲ့ မိသားစုဆိုတာတော့ တော်တော်ရှားမှာပါ လို့ လည်း
သူကထပ်ပြောပြခဲ့ ပါတယ်...
ဗြိတိန်နိုင်ငံ ( ယူအေ သို့ မဟုတ် အင်္ဂလန် ) နိုင်ငံရဲ့ အသက်အငယ်ဆုံးအဖွားကတော့ အသက် ၂၆ နှစ်အ
ရွယ်အမျိုးသမီးဖြစ်ပြီး သူမရဲ့ အသက် ၁၂ နှစ်အရွယ်သမီးဖြစ်သူက ၁၉၉၉ ခုနှစ်တွင် ယော့ခ်နယ်တောင်
ပိုင်း၊ ရိုသာဟမ်အရပ်မှာ မီးဖွားခဲ့ တာဖြစ်ပါတယ်....


A man will become the UK’s youngest ever grandfather when his 14-year-old daughter gives birth this summer. The 29-year-old was just 14 when he became a father himself in 1996. But he admitted he was “fuming” to discover his daughter, who has just started her GCSEs, is 11 weeks’ pregnant.
The dad – who has not been named to protect his young daughter – from South Wales, said: “It’s like history repeating itself. I quite like the idea of being the youngest grandad in Britain, but at the same time I’m fuming that she is pregnant. I know myself how tough it is being a teenage parent and now she has to go through the same thing. However, we’re all going to stand by her and we will welcome the little one into the family.
“I don’t feel like a grandad – I’ve not got grey hair and my hearing is top notch.” He added that his 47-year-old mother cannot wait to become a great-grandma. “She was 18 when she had me,” he said. “She was shocked when I told her the news, but she is happy now.
“Her own mum is alive, and so too is her grandmother, who will become a great-great-great grandmother. There can’t be too many families with six generations alive at the same time.” The UK’s youngest grandmother was 26 when her daughter, 12, gave birth at their home in Rotherham, South Yorks, in 1999.

4 comments:

ကိုဇော် said...

သိပ်မကြာဘူး . . .အဘိုးပါ ဖြစ်ဦးမှာပါလို့ . . .

မိုးယံ said...

စိတ်လေဒယ်..ဘာတဲ့ ဒန့်ကျွဲပင် ပုခက်ဆင် ဆိုလားပဲ

ချမ်းလင်းနေ said...

စိတ်တွေ လွတ်ချင်တိုင်းလွှတ်ပေးတော့ သဘာဝထက် လွန်ဆန်ကုန်တာပေါ့ အစ်ကိုရေ။

kiki said...

အသံထက်မြန် ဂျက် ဒုံးပျံ တွေထက် မြန်ဆန်နေကြတဲ့ ဒီခေတ်ကြီးပေါ့ ကွယ် ။။