Former world's fattest man to sue health service

Sunday, January 9, 2011
ကျွန်တော်ဝတာ အဘ တို့ ကြောင့် ပါ....

တော်တော်လည်း ရယ်စရာပြောတဲ့ သူပဲ....
ကိုယ့်ဘာသာကိုယ်အစားပုပ်လို့ ဝတာ များ အစိုးရကြောင့် ဆိုပဲ...

တစ်ချိန်က ကိုယ်အလေးချိန် ၄၄၅ ကီလို ( ၉၈၁ ပေါင် ) ရှိခဲ့ သည့် အမျိုးသားတစ်ဦးက ဗြိတိန်နိုင်ငံ၊ အမျိုး
သားကျန်းမာရေးအဖွဲ့ ကို ၎င်းအား အ၀လွန်ခြင်းမှ ကူညီကာကွယ်တားဆီးရန်ပျက်ကွက်မှုဖြင့် တရားစွဲဆို
တော့မည်ဟု ဒေလီလ်မေး သတင်းစာရဲ့ အဆိုအရသိရှိရပါတယ်...
ယခင်စာပို့ သမားတစ်ဦးဖြစ်ခဲ့ သည့် ပေါမေဆင်ဟာ အစားအသောက်မဆင်ခြင်ပဲ အလွန်အကျူးစားသုံးခဲ့
တာကြောင့် အလွန်အမင်းဝလာခဲ့ ရခြင်းကြောင့် အသက်အန္တရယ်မှကယ်တင်နိုင်ရန် လွန်ခဲ့ သည့် နှစ်က
ခွဲစိတ်ကုသမှုခံခဲ့ ရပါတယ်...
သို့ သော် ယခုအခါ ကိုယ်အလေးချိန် ၃၇ စတုံ (၅၁၅ ပေါင် ) နီးပါးအထိကိုယ်အလေးချိန် ကျဆင်းသွားခဲ့ ရ
သည့် အသက် ၇၀ အရွယ်ရှိအမျိုးသားက ( အစိုးရအနေနှင့် ) ၎င်းအားယခင်နှစ်များစွာ အကြာကပင်ကူညီ
သင့် ခဲ့တယ်လို့ ဆိုပါတယ်....

ကိုယ်အလေးချိန်အများဆုံး၊ အ၀ဆုံးဖြစ်ခဲ့ စဉ်က တစ်နေ့ လျှင်အစား ၂ သောင်းကယ်လိုရီ တိုင်အောင်စား
သုံးခဲ့ သည့် မေဆင်က ၎င်းရဲ့ ကိုယ်အလေးချိန် ၃၀ စတုံ ( ၄၁၈ ပေါင် ) ရှိခဲ့ စဉ်ကပင် ၎င်း၏ဆရာဝန်ထံမှ
အကူအညီ၊ အကြံအဥာဏ်တောင်းခံခဲ့ တယ်လို့ ဆိုပါတယ်...
အ၀လွန်တဲ့ အခြေအနေမှလွတ်မြောက်ရန် ကုသပေးနိုင်မည့် အကြံအဥာဏ်၊ အစီအစဉ်အစား ၎င်းအား စက်
ဘီးပိုပြီးစီးရန်သာ ဆရာဝန်ဖြစ်သူမှ ၁၉၉၆ ခုနှစ်တွင်ပြောကြားခဲ့ ပါတယ်...
ထို့ အပြင် ၎င်း၏ကိုယ်အလေးချိန် ၆၄ စတုံ ( ပေါင် ၈၄၀ ကျော် ) အရောက်တွင် ၎င်းအား အစားအသောက်
စနစ်တစ်ကျစားသောက်ရေးဆိုင်ရာကျွမ်းကျင်သူထံပို့ ပေးရမည့် အစားအစာရွေးချယ်ဆင်ခြင်စားသောက်
ရေးဆိုင်ရာပညာရှင်ထံသို့ သာပို့ ဆောင်ခဲ့ သည်ဟုလည်း သူကဆိုခဲ့ ပါတယ်...
" ကျွန်တော်က တစ်ခြားမည်သူတစ်ဦးတစ်ယောက်မှ ကျွန်တော့် လိုဝတဲ့ ကိုယ်ခန္ဓာအရွယ်အထိမရောက်
ကြနိုင်စေဖို့ တားဆီးနိုင်မယ့် အခြေအနေကိုလိုခြင်တာပါ....လူ့ အဖွဲ့ အစည်း၊ လူ့ အသိုင်းအ၀ိုင်းမှာဒါမျိုးတွေ
ကို ကူညီနိုင်တယ်ဆိုတာသိစေချင်တာပါ..." လို့ မေဆင် က သူရိယသတင်းစာကြီးကိုပြောပြခဲ့ ပါတယ်...

ရရှိလာမယ့် လျော်ကြေးငွေများကိုလည်း တစ်ခြားအ၀လွန်သူများ ကိုယ်အလေးချိန်လျော့ ချနိုင်မည့် ကိစ္စ
များတွင်အသုံးပြုဖို့ လှူဒါန်းသွားမယ်လို့ လည်းသူက ကတိပြုခဲ့ ပါတယ်...
ယခုကဲ့ သို့ ရည်ရွယ်ချက်ရှိရှိ တရားစွဲဆိုမှုအပေါ် အမျိုးသားကျန်းမာရေးအဖွဲ့ မှ ပြောခွင့် ရပုဂ္ဂိုလ်တစ်ဦးက
တော့ " ကျွန်တော်တို့ အနေနဲ့ မစ္စတာ မေဆင်ဆီကတစ်စုံတစ်ရာကြားရခြင်းမရှိသေးတာမို့  ကြိုတင်ခန့် 
မှန်ပြောကြားဖို့ မသင့် တော်သေးပါဘူး..." လို့ ဆိုခဲ့ ပါတယ်...
မေဆင်အတွက် ပြုစုစောင့် ရှောက်သည့် တစ်နှစ်တာကုန်ကျစားရိတ် ပေါင်စတာလင် ၁သိန်း ( ဒေါ်လာ ၁
သိန်းခွဲ ) ခန့် ကို ပြည်သူ့ ဘဏ္ဍာငွေ ( အခွန်ထမ်းပြည်သူများရဲ့ ငွေ ) ဖြင့် ကျခံသုံးစွဲခဲ့ တာဖြစ်ပြီး လွန်ခဲ့ 
သည့် ၁၅ နှစ်တာကာလအတွင်း၎င်းအတွက်ကုန်ကျငွေ ပေါင်စတာလင် ၁သန်း (ဒေါ်လာ ၁.၅ သန်းကျော်)
ကုန်ကျခဲ့ တယ်လို့ ယုံကြည်ရပါတယ်...
သူအစားအသောက်သောင်းကျန်းခဲ့ စဉ်ကာလတုံးက လူတစ်ယောက် ( အမျိုးသားတစ်ယောက်အတွက် )
နေ့ စဉ်လိုအပ်သည့်အစားအသောက်ပမာဏ ကယ်လိုရီရဲ့ ဆယ်ဆမျှ သော အစားအသောက် ၂သောင်း
ကယ်လိုရီ ကိုနေ့ စဉ်စားသောက်ခဲ့ ပါတယ်...

တော်တော်နောက်တဲ့သူပဲဗျာ...

A man who once weighed nearly 445 kg, is to launch legal action against the NHS, claiming they failed to help him as his size soared, according to The Daily Mail.
Former postman Paul Mason received life-saving gastric surgery last year binge-eating his way to gargantuan size.
But the 50-year-old, who now weighs a comparatively small 37 stone, said he should have been helped years ago.
Mason, who was eating 20,000 calories a day at his heaviest, claims he sought help from his GP after ballooning to 30 stone.
Instead of receiving a treatment programme to manage his weight, he has complained he was told in 1996: "Ride your bike more."
He also says he was sent to a dietician, rather than the eating disorders specialist he had asked to see, after his weight hit 64 stone.
"I want to set a precedent so no one else has to get to the same size - and to put something back into society," Mason told The Sun.
He has pledged to put any compensation he receives if successful towards helping other obese people lose weight.
An NHS spokesman said of the purported lawsuit: "As we have not heard from Mr Mason, it would be inappropriate to speculate."
Mason's care bill costs taxpayers an estimated £100,000 (RM476,000) a year and is believed to have topped £1mil (RM4.7mil) over the past 15 years.
At the height of his binge eating, he was consuming 20,000 calories every day - ten times the recommended daily intake for a man.

Source: The Daily Mail

1 comments:

သစ်နက်ဆူး said...

“ ၀ ” အခွင့်မရေးပေါ့