Twins in Poland have different fathers

Sunday, January 2, 2011

မုန့် စားယင်းလှည်းစီးမိတာ ....

ညီတူ၊ ကြည်ဖြူမိလေတဲ့ အဖြစ်ရဲ့ ရလာဒ်...
ဓါတ်ပုံကို ဂူဂယ်လ်ကရှာတွေ့ ရယူပါတယ်...

ကမ္ဘာပေါ်တွင် ၇ ခုမြောက်မျှသော အဖြစ်အပျက်အဖြစ် မတူညီကွဲပြားသောဖခင်နှစ်ဦးဖြင့် ရရှိခဲ့ သည့်အမွှာ
ကလေးနှစ်ဦးကို ပိုလန်နိုင်ငံ မြောက်ပိုင်းတွင် မွေးဖွားခဲ့ ပါတယ်....
ထိုအမွှာကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနှင့် အပြင် သူမရဲ့ ချစ်သူရည်းစားနှင့် ပါ
တစ်ချိန်ထဲမဟုတ်ပေမယ့် လည်း အချစ်နယ်တွေကျွံခဲ့ ပြီးနောက် ကိုယ်ဝန်ရှိခဲ့ တာဖြစ်ပါတယ်...
ယောကျာင်္းလေးနှင့် မိန်းကလေးတစ်ဦးတို့ အား အမွှာအဖြစ်မွေးဖွားခဲ့ ပြီးနောက် ၎င်း၏ခင်ပွန်းဖြစ်သူက က
လေးအဖေဖြစ်ကြောင်း ၀န်ခံရန်ငြင်းဆန်ခဲ့ ပြီး သူမ၏ချစ်သူရည်းစားအမျိုးသားအနေဖြင့် ကလေးများ၏ဖ
ခင်ဖြစ်ကြောင်းအသိအမှတ်ပြုဝန်ခံကာ ကလေးစားရိတ်ပေးစေချင်ကြောင်းသူမကစွပ်စွဲပြောကြားကာ ကွာ
ရှင်းပြတ်စဲဖို့ လျှောက်ထားခဲ့ ပါတယ်...
သို့ သော်လည်း ဒီအင်အေ စမ်းသပ်စစ်ဆေးမှုများအရ၎င်းဟာ သားယောကျာင်္းလေး၏ ဖခင်ဖြစ်ပြီး အမျိုးသ
မီး၏ ချစ်သူရည်းစားကတော့ သမီးလေး၏ ဖခင်ဖြစ်ကြောင်းသိရပါတယ်...

" ဒီအဖြစ်အပျက် တိုက်ဆိုင်မှုဟာ ကမ္ဘာ့ ခုနှစ်ခုမြောက်သော ကြုံတွေ့ တိုက်ဆိုင်မှုဖြစ်ပါတယ်...ယခုကဲ့ သို့ 
ဖြစ်တောင့် ဖြစ်ခဲတိုက်ဆိုင်မှုဟာ အမျိုးသမီးများ သားဥကြွေချိန် သားမျိုးဥ နှစ်ခုဖြစ်ချိန်နဲ့ အမျိုးသားများနဲ့ 
အချိန်တိုအတွင်း ချစ်တင်းနှောခဲ့ ကြယင် ဖြစ်တတ်တာမျိုးပဲဖြစ်ပါတယ်..." လို့ ဒီအင်အေ စမ်းသပ်စစ်ဆေး
မှု ပြုလုပ်ခဲ့ သည့် လတ်ဘလင် ဆေးမှုခင်းသိပ္ပံဌာနမှ ဒေါက်တာ ပီအိုတာကိုဇီအို ကပြောကြားခဲ့ ပါတယ်...
အမျိုးသမီးဟာ ယခုအခါမှာတော့ အမွှားသားသမီးများနဲ့ အတူ သူမရဲ့ ချစ်သူနှင့် အတူနေထိုင်လျှက်ရှိပါ
တယ်....

အင်း...ဘယ်လိုပြောရမလည်ဆိုတော့ ဗိုလ်အောင်ဒင်ဇတ်ကားထဲက မင်းသမီး (အမျိုးသမီး ) မမြ၀င်းလို လှေနံနှစ်ဖက်နင်းခဲ့ ပုံရပါတယ်...
ခေတ်သစ်ဆေးသိပ္ပံနည်းပညာ တွေတိုးတက်လာပြီး ဒီအင်အေ စစ်နိုင်လို့ သာအခုလို ကလေးအဖေတွေကို
တိတိကျကျသိရတာပါပဲ...
ကလေးတွေအတွက် ဖခင်အရင်းဘယ်သူဘယ်ဝါဆိုတာအတိအကျသိရပေမယ့် ခိုးစားတာလူမိသွားလို့ အိမ်
ထောင်ရေးကတော့ ပြိုကွဲသွားခဲ့ ရပါတော့ တယ်....
ကိုယ့် မိန်းမတစ်ခြားတစ်ယောက်နဲ့ အိပ်ပြီးကလေးအမွှာမွေးတာ တစ်ယောက်ကကိုယ့် ကလေးဖြစ်ပြီး အ
ခြားတစ်ယောက်က တစ်ခြားယောက်ကျာင်္းရဲ့ ကလေးဖြစ်နေတဲ့ ယောကျာင်္းရဲ့ အဖြစ်ကလည်း ငိုရမလို၊ ရယ်
ရမလိုပါပဲ...
ထူးလည်းထူးဆန်းနိုင်လွန်းတဲ့ လောကကြီးပါပဲ...

In only the seventh known case of its kind in the world, twins born in the north of Poland were conceived by two different fathers. The mother of the twins got pregnant after she was having sex with her husband and her lover - though not at exactly the same time.
After giving birth to twins, a boy and a girl, the woman filed for divorce and accused her husband of denying fatherhood so that her lover would have to recognize the twins as his own and pay for their upkeep.

However, DNA tests show that the husband was the father of the baby boy, while the lover was the father of the baby girl.
“It’s only the seventh such case in the world. Such rare cases are possible when an ovulating woman produces two eggs and has sex with two partners in a short period of time,” says Doctor Piotr Koziol from Forensic Medicine Institute in Lublin who conducted the DNA tests. The woman is now living with both twins and her lover.

1 comments:

မိုးယံ said...

အထောက်အထားက ခိုင်လုံနေပြီ.. ဘာ မုန်လာဥ လုပ်ချင်သေးလဲ .. လာလာ စခန်းရောက်မှရှင်း