Export hopes for schoolboy urine boiled eggs

Wednesday, March 16, 2011

ပြည်ပသို့ ပို့ တော့ မည့် ပြည်ကြီးက အထူးဆေးဘဲဥ....  

 

 အဟုတ်တကယ်ပါပဲ....
ကိုပီတာရှန်ဟိုင်းရောက်ခဲ့ စဉ်က အဲဒီလိုပုံးထဲကို အပေါ့ သွားခဲ့ ရတာပါဗျာ...

နွေဦးရာသီရောက်ပြီဆိုလျှင်ဖြင့် တရုတ်နိုင်ငံ၊ ကျေကျန်းပြည်နယ်၊ ဒုံယန်းအရပ်မှာ ထူးဆန်းတဲ့ အစားအ
သောက်အနံ့ တစ်မျိုးလှိုင်နေတတ်ပါပြီ...
အကြောင်းကတော့ ဒေသခံများက ရာသီစာဟုဆိုနိုင်မည့် လူပျို၊ အပျိုစင် ဆေးဘဲဥများကို စားသောက်နေ
ကြပြီဖြစ်တာမို့ ပါပဲ....( အမှန်တော့ ကြက်ဥပါခင်ဗျာ...မြန်မာလိုခေါ်တာဆေးဘဲဥဆိုပြီးနှုတ်ကျိုးနေလို့ ပါ )

" လူပျိုစင်ဆေးဘဲဥ " ဆိုတာ တစ်ကယ်တော့ လူပျိုကောင်လေးတွေရဲ့ ကျင်ငယ်ရေ ( သေး ) နှင့်ပြုတ်ကာ
စီမံဖန်တီးထားသည့် ဆေးဘဲဥတစ်မျိုးဖြစ်ပါတယ်....
တရုတ်နိုင်ငံမှ စားတော်ကဲထမင်းချက်များကတော့ ကောင်လေးငယ်ငယ်များရဲ့ ကျင်ငယ်ရေများဖြင့် ပြုတ်
ကာ၊ ပေါင်းကာ စီမံထားသည့် ၎င်းတို့ ရဲ့ ဒေသထွက်အထူးစားသောက်ဖွယ် နွေဦးရာသီဆေးဘဲဥ များကို
ကမ္ဘာအနှံ့ တောင်ဖြန့် ချီနိုင်လိမ့် မယ်လို့ ယုံကြည်နေကြပါတယ်...
အဆိုပါအထူးဆေးဘဲဥဟာ ကျေကျန်းပြည်နယ်၊ ဒုံယန်း ဒေသမှာတော့ နာမည်ကျော်လူကြိုက်များနေခဲ့ တာ
နှစ်ပေါင်းထောင်နဲ့ ချီခဲ့ ပါပြီ....

ယခုအခါမှာတော့ ရိုးရာယဉ်ကျေးမှုဆိုင်ရာတာဝန်ရှိသူများကထိုဆေးဘဲဥအကြောင်းဖော်ပြထားသည့် အ
ညွှန်းကိုပြန့် ပွားအောင်ပြုလုပ်ရန်ဆန္ဒရှိပြီး ထိုဆေးဘဲဥများကမ္ဘာအနှံ့ တင်ပို့ နိုင်ရန်မျှော်လင့် ထားကြပါ
တယ်...
" ကျဉ်ငယ်ရေ ( သေးရေ ) များကိုဒေသခံကျောင်းများမှတစ်ဆင့် စုဆောင်းရ၇ှိပြီး အသက် ၁၀ အောက်
ယောကျာင်္းလေးများ စွန့် ပစ်သည့် ကျင်ငယ်ရေက အကောင်းဆုံးဖြစ်ပါတယ်.... ကျောင်းသားငယ်တွေဟာ
ပုံးတွေအတွင်း အပေါ့ စွန့် ကြရပြီး ကျွန်တော်တို့ ကနေ့ စဉ်ပဲ လတ်လတ်ဆတ်ဆတ်ဖြစ်အောင် သယ်ယူကြ
ပါတယ်..." လို့ တရုတ်စားတော်ကဲ လူမင်း ( ရုပ်ရှင်မင်းသားလူမင်းမဟုတ်ပါ...) ကပြောပါတယ်...

အကောင်းအညွှန့် တွေတစ်လူလူနဲ့ သေးဘဲဥ အဲလေ....ဆေးဘဲဥ...

၎င်းနောက် တရုတ်အမျိုးရေးလက္ခဏာအထိမ်းအမှတ်ဖြစ်သည့် ဘဲဥများကို အခွံမခွာပဲကျင်ငယ်ရေများအ
တွင်းထည့် ကာပြုတ်ပြီး နောက် အခွံများခွာကာ ( တစ်ခြားသတင်းတစ်ပုဒ်မှာတော့ အခွံများ အက်အောင်ထု
ကာ ) တစ်နေ့ နှင့် တစ်ညထပ်မံပြုတ်ပြီးလျှင်တော့ စားသုံးဖို့ အဆင်သင့် ဖြစ်နေပါပြီ....

 
လုပ်တဲ့ သူကလည်း ခပ်မိုက်မိုက်ပါပဲ...လက်အိတ်တောင်မသုံးဘူး...

" ဆေးဘဲဥတွေက အရသာရှိကာစားလို့ ကောင်းပြီး ကျန်းမာရေးလည်းကောင်းစေပါတယ်...အဲဒီဆေးဘဲဥ
ကိုစားယင် အဖျားလည်းပျောက်ပြီး ပျင်းရိတွေဝေ၊ထိုင်းမှိုင်းနေယင် စိတ်ကြည်လင်ကာ အာရုံစူးစိုက်နိုင်ပါ
တယ်... ကျွန်တော်တို့ ဟာ တရုတ်ပြည်မကြီးပြင်ပကလူတွေလည်း ယခုလို ကျွန်တော်တို့ ရဲ့ အထူးစီရင်ထား
သည့် စားကောင်းသောက်ဖွယ်ကို စားသုံးနိုင်ခွင့် ရစေဖို့ ပြည်ပကိုတင်ပို့ ဖို့ အကြီးအကျယ်အားထုတ်ကြိုးပမ်း
နေပါတယ်..." လို့ ကိုလူမင်း ကဆိုပါတယ်...


 စားကောင်းသောက်ဖွယ်....ထုံကြီသန့်  ( ကောင်လေးငယ်ငယ် ဥသွယ်သွယ် ) တဲ့ ဗျာ...
Called tongzi dan (童子蛋, literally “boy egg”)

ဆေးဘဲဥကို ရွှံ့ ရယ်၊ စပါးခွံရယ်မံပြီး မြင်းသေးနဲ့ လုပ်တယ်လို့ ယခင်ကကြားခဲ့ ဖူးတာ အခုတော့ ဘာနဲ့ မှမ
မံပဲ သည်အတိုင်းလူသေးနဲ့ အယင်ပြုတ်ပြီး နောက်ထပ်တစ်ခါ အခွံပါခွာပြီးထပ်ပြုတ်တာကပိုကောင်းကာ၊
ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်ပြီးဆေးဘက်ဝင်တယ်တဲ့ ဗျာ...
ထူးဆန်းပါပေ့ ကိုတွတ်ပီရယ်လို့ တောင်ငြီးရမလိုပါပဲ...

ယခင်ရှန်ဟိုင်းမြို့ ကိုရောက်ခဲ့ စဉ်က ဆင်ခြေဖုံးရပ်ကွက်ကလေးတစ်ခုက အပေါ့ သွားအိမ်သာကိုအသုံးပြုခဲ့ 
စဉ် ကျင်ငယ်ရေ ( သေး ) တွေကို ပုံးတစ်ပုံနဲ့ ခံထားတာ ( အဲဒီပုံးထဲအပေါ့ သွားခဲ့ ရတာ ) စိုက်ပျိုးခင်းတွေ
အတွက် မြေသြဇာအဖြစ်သုံးမယ်လို့ ထင်ထားခဲ့ပါတယ်...
အခုဒီသတင်းဖတ်မိတော့ မြင်းသေး ကရှားမှာမို့ လူသေးနဲ့ များ ဆေးဘဲဥလုပ်သလားလို့ တောင်ထင်မိပါ
တော့ တယ်ဗျာ....
တတ်လည်းတတ်နိုင်ပါပေတယ် "၀" တို့ ရယ်....

As spring sets in, a strange smell permeates the air in Dongyang City, Zhejiang Province in China, as locals begin to eat the seasonal "virgin egg."
"Virgin eggs" are actually eggs boiled in the urine of virgin boys.
Traditional chefs in China are hoping their local speciality - spring eggs hardboiled in boys' urine - will catch on worldwide. The dish has been a local delicacy in Dongyang, Zhejiang province, eastern China, for thousands of years.

Now culture officials want to spread the gospel about the recipe which they hope to export to other countries. "The urine is gathered from local schools and the very best comes from boys under 10 years old. They pee in buckets and we collect it fresh every day," explained chef Lu Ming.
Then the eggs - which have official cultural significance status - are boiled in the urine, first with their shells on and then with them off for a day and a night before they're ready to be eaten.
"The eggs are delicious and healthy. They stop fevers and can help you concentrate if you're feeling sluggish or sleepy," said Ming. "We are having a big export push because we want people outside China to fully appreciate the delicacy of our cuisine."

8 comments:

မိုးယံ said...

တော်ပြီ ...ဟိုဒင်းကောင်းတယ်ဆိုလို့ လှိမ့်စားလာတာ.. ဒီတစ်ပတ်တောင် ဆေးဘဲဥ မ၀ယ်တော့ဘူးဗျာ... မြင်းသာ မရွံ့တာ လူကျတော့ ရွံ့တယ်ဗျာ.. ၀ တို့က ဇတ်တူသေး မသောက်ဘူး. အူး ဟူး ဟူး

Angelhlaing(May everybody be happy and healthy! said...

အမြဲရှာရှာဖွေဖွေတင်ပေးတဲ့အကိုရေ ကျေးဇူးပါနော်။
ညီမလေးက မကြိုက်ဘူး တစ်မျိုးကြိးမို့လေ...
အားပေးသွားလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
တော်ပြီ ကိုပီတာ ရေ--ကျနော်တော့ဆေးဘဲဥဆိုရှောင်
ကာဝေးဝေးထဲကဘဲဗျို့ -

kiki said...

အယ်....တရုပ်ပြည်က ထုံကျီသန့်..
ဗမာပြည်က ဆေးဘဲဥ ကျတော့ရော..ဘာသေးနဲ့ ပြုတ်တာတုံး..
ဝေါ့.. တော့်ပြီ.. စားတော့ဘူး ..

ရွှေရတုမှတ်တမ်း said...

ဟဲ့ မိုးယံမ ...ညည်းပဲ ဥကြိုက်တယ်ဆိုပြီး ခုတမျိုးတော်ကြာတမျိုး...မပြောလိုက်ချင်ဘူး...ဟင်း....

ရွှေဘုန်း(စေတနာပန်းခင်း) said...

အော့..တော်တော်အစားသောက်သောင်းကျန်းတဲ့တရုတ်တွေ။ တော်ပြိးေ ဆးဘဲဥ မစားတော့ဘူး

Unknown said...

ဘုရားသခင်လက်ထက်ကနွားသေးနဲ့ဖန်ခါးသီးစိမ်၍စားပါက၉၆ပါးရောဂါပျောက်သည်ဟူ၏

Unknown said...

စားပါဗျာ