Stealing chicken drumstick lands man in prison

Friday, March 11, 2011

ကြက်ပေါင်တစ်ချောင်းခိုးမိလို့ ထောင်ကျ၊ ကြိမ်ဒါဏ်ခံရ....

အရှေ့ အလယ်ပိုင်းဒေသမှ မွတ်ဆလင်ဘာသာဝင်များ၏ဌာချူပ်ဟုပင်ဆိုရမည့် နှစ်စဉ်ဟာ့ ခ်ျလုပ်ရာဗလီ
ဝတ်ကျောင်းတော်ကြီးတည်ရှိသည့် ဆော်ဒီအာရေဗီးယား နိုင်ငံသို့ ရောက်ရှိနေထိုင်လုပ်ကိုင်နေကြသည့် 
နိုင်ငံခြားသားဧည့် သည်များ၊ အလုပ်သမားများအတွက် ယခုသတင်းကတော့ သတိပေးချက်တစ်ခုဖြစ်စေ
မှာအသေအချာပါပဲ....

စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူတစ်ခြားတစ်နေရာကို အကြည့် ရောက်နေခိုက် ကြက်ပေါင်တစ်ချောင်း အလစ်
သုတ်ယူစားမိသည့် သူတစ်ဦးအား ထောင်ဒါဏ် ၁၂ လ ( ၁ နှစ်၊ ၂ လ ) နှင့် ကြိမ်ဒါဏ် အချက် ၈၀ ကျခံစေ
ရန် ဆော်ဒီနိုင်ငံ၊ ဂျေဒါမြို့ မှတ၇ားရုံးတစ်ခုက အမိန့် ချမှတ်ခဲ့ ပါတယ်...

ကြက်ပေါင်တစ်ချောင်း ထောင် ၁၄ လ၊ ကြိမ်ဒါဏ် အချက် ၈၀....
ရက်စက်ချက်ကတော့ ကမ်းကုန်ပဲ....

( ထိုသူ ) ကြက်ပေါင်ခိုးနှိုက်လိုက်သည်ကို စားသောက်ဆိုင်လုပ်သားတစ်ချို့ ကတွေ့ ရှိသွားခဲ့ ပြီးနောက်
ရဲတပ်ဖွဲ့ အားအကြောင်းကြားခေါ်ယူခဲ့ တာဖြစ်ပါတယ်...
ထိုသူဟာ ယခုအခါမှာတော့ ဂျေဒါမြို့ ၊ ဘရီမန် အကျဉ်းထောင်မှာ ပြစ်ဒါဏ်ကျခံနေရပြီဖြစ်ပါတယ်...
ဟိုးယခင်နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာက ချမှတ်ခဲ့ တဲ့ ဥပဒေဆိုင်ရာပြစ်ဒါဏ်များဟာ ယခုခေတ်၊ စ
နစ်တွေနဲ့ မလျော်ညီတော့ တာမို့ ပြန်လည်ပြုပြင်သင့် နေပါပြီ...

သူ့ နိုင်ငံရောက်ယင်တော့ သူ့ ဥပဒေအတိုင်းနာခံရမှာပါပဲ...
သေချာတာတစ်ခုကတော့ အဲဒီသူဟာ အနောက်နိုင်ငံသားတစ်ဦး၊ သို့ မဟုတ်ဆော်ဒီနိုင်ငံသား၊ ယူအေအီး၊
ကာတာ၊ ကူဝိတ် စတဲ့ ချမ်းသာတဲ့ ၊ သြဇာအာဏာရှိတဲ့ အစိုးရအုပ်ချူပ်တဲ့ နိုင်ငံသားလုံးဝမဖြစ်နိုင်တာပါပဲ..

တော်ပြီဗျာ...
အဲဒီဆော်ဒီနိုင်ငံတော့ မန်နေဂျာရာထူးပေးလည်း မသွားတော့ဘူး...

တရားဥပဒေဆိုတာ လူကောင်းသူကောင်းအများစုအတွက် ကာကွယ်ဖို့ လူဆိုးလူမိုက်တွေ အဟန့် အတား
ဖြစ်အောင်ပြဌာန်းထားတယ်ဆိုပေမယ့် လည်း တစ်ခါတစ်လေ ( အခုခေတ်ကြီးတော့ အများစုတောင်ဖြစ်နေ
ပါပြီလေ ) တော့လည်း တရားမမျှတဘူးလို့ ထင်မိတာပါပဲ....

Let this be a warning to restaurant customers across Saudi Arabia: A court in Jeddah sentenced a man to 14 months in prison and 80 lashes for serving himself up a chicken leg while the owner of the small eatery was looking the other way.
But some workers at the restaurant noticed the man’s illegal lifting of a drumstick and called the police. Now he’s serving time at Jeddah’s Briman prison.

1 comments:

Angelhlaing(May everybody be happy and healthy! said...

မတန်လိုက်တဲ့အပြစ်ဒဏ်ပဲနော်။။။။။
ညီမလေးလည်းအဲဒီနိုင်ငံ မသွားဘူးအကို....:P:P:P
အားပေးသွားလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေ.။