Facts About Gadaffi's Amazonian Guard

Wednesday, March 9, 2011

ကဒါဖီနှင့် သူ၏နတ်မိမယ်ကိုယ်ရံတော်လေးများအကြောင်း( 2 )....

ကဒါဖီရဲ့ ကိုယ်ရံတော်မိန်းကလေးများဆောင်းပါးကို နှစ်သက်သဘောကျတယ်လို့ ဆိုကြတဲ့ အဘူဒါဘီမြို့ မှ
ညီမငယ်များနဲ့ အစ်မတို့ အတွက် ထပ်မံတွေ့ ရှိတဲ့ ကဒါဖီရဲ့ နတ်မိမယ်ကိုယ်ရံတော်လေးများ အကြောင်းထပ်
မံဖော်ပြလိုက်ပါတယ်...


သူတို့ လေးတွေကို တရားဝင် ကိုယ်ရံတော်အဖြစ်ခန့် အပ်ဖို့ ဆိုယင် သူတို့ လေးတွေဟာအပျိုစင်ဖြစ်ရမှာ
ဖြစ်ပြီး ဆက်လက်ထိန်းသိမ်းရမှာ ( ရည်းစားမထားရ၊ အိမ်ထောင်မပြုရ၊ ချစ်တင်းမနှောရ ) ဖြစ်ပါတယ်...

 

အမျိုးသမီးတွေကိုသူ့ ရဲ့ ကိုယ်ရံတော်အဖြစ်ထားရတာ ပိုမိုအင်အားတောင့် တင်းတယ်၊ စိတ်ချရတယ်
လို့ ကဒါဖီကယုံကြည်ပါတယ်..." အမျိုးသမီးတွေကို တိုက်ပွဲအတွက်လေ့ ကျင့် ပေးလိုက်ယင်သူ တို့ ကို
ရန်သူတွေက အလွယ်တစ်ကူ မချေမှုန်းနိုင်တော့ ပါဘူး " လို့ ကဒါဖီက ဆိုပါတယ်...

သူတို့ ဟာသေချာကျနစွာလေ့ ကျင့် ပေးထားတဲ့ အထူးလက်မရွံ့ စစ်သည်တွေဖြစ်ပြီး
ကဒါဖီကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ထားတာဖြစ်ပါတယ်...

အမျိုးသမီးကိုယ်ရံတော်တွေဟာ နှုတ်ခမ်းနီဆိုးခွင့် ၊ ရွှေငွေလက်ဝတ်ရတနာတွေဝတ်ဆင်ခွင့် ၊လက်
သည်းခြေသည်းဆိုးခွင့် ရှိပြီး ဒေါက်မြင့် ဖိနပ်များပင်ဝတ်ဆင်ခွင့် ရှိသည်အထိအလိုက်ထားခံကြရပါတယ်...

မိန်းကလေးတွေအားလုံးဟာ သူတို့ အနေနဲ့ ခေါင်းဆောင်ကြီးကဒါဖီကို အသက်နဲ့ လဲပြီးကာကွယ်စောင့် 
ရှောက်ပါ့ မယ်လို့ သစ္စာဆိုထားကြရပြီး သူ့ နားကနေ နေ့ ရောညပါ အမြဲပဲမခွဲမခွာနေကြရတယ်...

၁၉၉၈ ခုနှစ်မှာ အစ္စလာမ်အခြေခံဝါဒီများက ကဒါဖီရဲ့ ယာဉ်တန်းကိုခြုံခိုတိုက်ခိုက်လုပ်ကြံခဲ့ ကြတော့ အမျိုးသမီးကိုယ်ရံတော်တပ်ဖွဲ့ မှတစ်ယောက်သေဆုံးခဲ့ ပြီး ၇ ယောက်ထိခိုက်ဒါဏ်ရာရခဲ့ ပါတယ်...
သေဆုံးသွားရသည့် ကိုယ်ရံတော်အမျိုးသမီးလေးဟာ ကဒါဖီရဲ့ အချစ်ဆုံးဖြစ်ပြီးသူမက ကဒါဖီကို ကျည်
ဆံတွေမထိမှန်စေဖို့ သူမရဲ့ ကိုယ်ခန္ဓာနဲ့ တားဆီးကာကွယ်ခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်...

 

ကိုယ်ရံတော်အမျိုးသမီးများကို ကဒါဖီကိုယ်တိုင်နောက်ဆုံးအဆင့် မှာစိတ်တိုင်းကျရွေးချယ်တာဖြစ်ပြီး
သူမတို့ အနေနဲ့ ချစ်သူရည်းစားမထားရ၊ အပျိုစင်အဖြစ်ထိန်းသိမ်းစောင့် ရှောက်ရမည်ဟုသူကိုယ်တိုင်
ဆိုခဲ့ သော်လည်း ထိုမိန်းကလေးများကို ၎င်းအနေနှင့် ဆန္ဒရှိခဲ့ ပါလျှင်တော့ ချမ်းသာမပေးခဲ့ ပါဘူးတဲ့ .....

4 comments:

ရွှေရတုမှတ်တမ်း said...

ကိုကိုကဒါး လို ကပီတာကလဲ ကိုယ်ရံတော်တွေထားမှာလားဟင်....များ တို့အဖွဲ့က ကပီတာကြီးဆိုရင်..အဟင့်...အဟင့်....

မိုးယံ said...

ထင်သားပဲ ဒီလောက် တင်းကျပ်နေကတည်းက သူ့အတွက်များလားလို့..ဟွန်း ကဒါဖီ ကဒါဖီ တော်တော် တဏှာကြီးတဲ့ ကဒါဖီ


တစ်ကယ်တော့ ကဒါဖီ မခေါ်ပဲ ကဒါဖိပဲခေါ်သင့်တာပေါ့နော်။

Unknown said...

အစ်မတို့အတွက် ရည်ရွယ်ပြီး ထပ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုယ်ရံတော် လူပျိုချောချောလေးတွေခန့်ထားတဲ့ ဘုရင်မတွေရော မရှိဘူးလားဟင်။ ရှာဖွေကြည့်ပေးပါဦး။

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်အကို Toe ပြောသလို ရှာတင်ပေးအုံးနော်
:P:P:P
အားပေးသွားလျှက်ပါအကို။