Kenyan MP fights for right to wear 'bling'
Wednesday, March 9, 2011
လွှတ်တော်အတွင်းအလန်းစားဝတ်ခွင့် ရဖို့ တိုက်ပွဲဝင်မည့် အမတ်...
ကင်ညာနိုင်ငံမှ အမတ်မင်းတစ်ဦးအား နားကပ်များနှင့် နေကာမျက်မှန်များဝတ်ဆင်ခြင်းကြောင့် လွှတ်တော်
အတွင်းမှ မောင်းထုတ်လိုက်ပြီး ၎င်းအနေဖြင့် ( လွှတ်တော်တက်လိုပါက ) ၀တ်စားဆင်ယင်မှုပြောင်းလဲရ
" ကျွန်တော်က လူငယ်တွေကသူတို့ ကိုကိုယ်စားပြုပြီးရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး
ဖြစ်ပါတယ်... ဒါဟာကျွန်တော်တို့ မျိုးဆက်ခေတ်၊ လူငယ်တွေခေတ်ဖြစ်ပါတယ်...." လို့ အသက် ၃၅ နှစ်ရှိ
အမေရိကန် ရက်ပ်စတားများကဲ့ သို့ ဟမ်းမား ဇိမ်ခံကားကြီးပိုင်ဆိုင်မောင်းနှင်တဲ့ လူငယ်သူကြွယ်အမတ်မင်း
ကဆိုပါတယ်...
"နားကပ်ဝတ်မယ်...စကပ်ဝတ်မယ်..."
ငါတို့ ခေတ်ကိုရောက်ရမည်သာ မလွဲပါ....
အမတ်များအနေနှင့် ဝတ်စုံပြည့် ဝတ်ထားသရွေ့ နားကပ်များ၊ နားဆွဲများ၊ နေကာမျက်မှန်များကဲ့ သို့ အဆင်
တန်ဆာများလည်း ၀တ်ဆင်ခွင့် ရှိသင့် သည်ဟု ၎င်းကဆိုပါတယ်...
ကင်ညာနိုင်ငံကို လူအိုကြီးတွေအုပ်ချူပ်နေခဲ့ တာအချိန်တော်တော်ကြာနေပါပြီ လို့ လည်းသူကဆိုပါတယ်...
" ကျွန်တော်တို့ နိုင်ငံကိုလူငယ်တွေအုပ်ချူပ်ဖို့ အချိန်တန်ပြီဆိုတာ ကမ္ဘာကြီးကိုသက်သေပြဖို့ ကျွန်တော်ကြိုး
စားနေတာဖြစ်ပါတယ်..." လို့ လည်းသူကဆိုပါတယ်...
၎င်းဝတ်စားဆင်ယင်ထားတာဟာ လွှတ်တော်အစည်းအဝေး၊ခန်းမကြီးအားဂုဏ်အသရေညှိုးနွမ်းယုတ်လျော့ 
စေကြောင်း အခြားသော်စိတ်ဓါတ်ကြံ့ ခိုင်သည့် အမတ်များက ဆုံးဖြတ်ခဲ့ ကြတာမို့ လွန်ခဲ့ သည့် အင်္ဂါနေ့ က
လွှတ်တော်အတွင်းမှ မောင်းထုတ်ခြင်းခံခဲ့ ရတာဖြစ်ပါတယ်...
လွှတ်တော်ဒုတိယနာယက ဖာရာမာလင်း က လွှတ်တော်ကြီးအနေဖြင့် ယခင်ကမည်သည့် အမျိုးသားတစ်
ဦးတစ်ယောက်မျှ နားကပ်ဝတ်ပြီးမလာရောက်ခဲ့ ကြောင်းပြောကြားခဲ့ ပါတယ်...
သို့ သော်လည်း လွှတ်တော်နာယကကြီးပင်လျှင် မြင်းမွှေးဖြင့် ပြုလုပ်ထားသည့် ဆံပင်၊ဦးဆောင်းအဖြူကြီး
ဆောင်းထားသေးတာမို့ မည်သူက ပိုပြီးရယ်ရွှင်ဖွယ်ကောင်းကြောင်း အင်တာနက်စာမျက်နှာမှာ လူအများ
ကို မေးခွန်းထုတ်သတိပေးရေးသားခဲ့ ပါတယ်...
( နားကပ်ဝတ်ကာလွှတ်တော်တက်ခဲ့ သည့် ) အမတ် မစ္စတာမဘူဗီ ကိုဆွာဟီလီဘာသာဖြင့် ချမ်းသာပြီး
စတိုင်ကျကာ သုံးနိုင်ဖြုံးနိုင်သူဟုအဓိပ္ပါယ်ရှိသည့်  ဆွန်ကို ( ကိုဖိုးစွံ ) ဟုလူသိများပါတယ်...
၎င်းအား လွန်ခဲ့ သည့် နှစ်က ကင်ညာနိုင်ငံမြို့ တော်၊ နိုင်ရိုဘီမှ မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားပြုပြီးရွေးချယ်
တင်မြှောက်ခြင်းခံခဲ့ ရတာဖြစ်ပါတယ်...
ယခင်က ၎င်းအားမူးယစ်ဆေးဝါးရောင်းဝယ်မှုတွင်ပါဝင်ပါတ်သက်မှုဖြင့် ရဲတပ်ဖွဲ့ ကစစ်ဆေးမေးမြန်းမှုရှိခဲ့ 
ပြီး ထိုကိစ္စနှင့် ပါတ်သက်ပြီး ၎င်းက အပြင်းအထန်ငြင်းဆိုခဲ့ ပါတယ်...
၎င်းအား အစိုးရအဖွဲ့ ဝင်ဝန်ကြီးများဟာမူးယစ်ဆေးရောင်းဝယ်မှုများတွင်ပါတ်သက်မှုရှိသည်ဟုစွပ်စွဲပြောဆို
ခဲ့ သဖြင့် လွှတ်တော်အတွင်းမှ မောင်းထုတ်ခဲ့ ရဖူးပြီး မမှန်မကန်လိမ်လည်မှု၊ အယောင်ဆောင်မှုတို့ ဖြင့် တ
၇ားစွဲဆိုထားပါသေးတယ်...
မစ္စတာမဘူဗီ ( ကိုဖိုးစွံ ) ကတော့ ၎င်းအနေနှင့် မည်သည့် မှားယွင်းမှုမျှမပြုလုပ်ခဲ့ ပါဘူးလို့ ဆိုခဲ့ ပါတယ်...
နားကပ်နဲ့ နေကာမျက်မှန်မ၀တ်ရလို့ စိတ်ပျက်နေသလားမိတ်ဆွေ...
ဒါကတော့ ဗီဒီယိုကလစ်လေးပါ...
A Kenyan lawmaker thrown out of parliament for wearing ear studs and sunglasses says he will fight to change the dress regulations. "I represent the youths who elected me to parliament," Gidion Mbuvi, 35, said. "This is our generation. It is our time," said the MP who drives a Hummer car, like many US rap stars.
He says MPs should be allowed to wear "extras" such as sunglasses and earrings, as long as they wear suits. He said that Kenya had been governed by old men for too long. "I'm trying to prove to the world that it is the right time for the youth to be in charge of our nation," he said. He was thrown out of parliament on Tuesday after other MPs decided that the way he dressed offended the dignity of the assembly.
Deputy Speaker Farah Maalim said the house had never before been entered by a male lawmaker wearing earrings. But one Kenyan reminded people on the internet that the speaker wears a white wig made of horsehair - and questioned who looked more ridiculous. Mr Mbuvi is popularly known as Sonko - a Swahili term describing a rich and flamboyant person.
He was elected to parliament last year to represent a constituency in the capital, Nairobi. He has previously been questioned by police over allegations of involvement in the drug trade, which he vehemently denies. He has also been sent out of parliament for accusing government ministers of links to the drugs trade and has pending court cases over fraud. Mr Mbuvi says he has done nothing wrong.
1 comments:
Angelhlaing(May everybody be happy and healthy! said...
အမတ်တွေ နားကပ်ဝတ်ပြိးလွတ်တော်တက်မယ်
ဆိုရင်....
အကိုရေ ရှာရှာဖွေဖွေ ဗဟုသုတလေးတွေ
ဖတ်ခွင့်ရလို့ ကျေးဇူးပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။