Singaporean woman donates $1M to Japan

Friday, March 18, 2011

ဂျပန် ဆူနာမီငလျင် အတွက်ဒေါ်လာ ၁ သန်းလှူသည့်စင်္ကာပူနိုင်ငံသူ....

ဂျပန်နိုင်ငံဆူနာမီနှင့် ငလျင်ဘေးဒုက္ခသည်များအတွက် စင်္ကာပူနိုင်ငံသူ၊ အမျိုးသမီးတစ်ဦးက အလှူငွေ
ဒေါ်လာ တစ်သန်း လှူဒါန်းခဲ့ ပါတယ်...
လွန်ခဲ့ သည့် သောကြာနေ့ က ဂျပန်နိုင်ငံအရှေ့ မြောက်ပိုင်းတွင်လှုပ်ခတ်သွားခဲ့ သည့် ပြင်းအား ၈.၉ အ
ဆင့် ရှိသည့် ငလျင်ဒါဏ်ခံခဲ့ ရပြီးနောက်ပိုင်း စင်္ကာပူနိုင်ငံသားများအနေဖြင့် ကရုဏာသက်ကာ ကူညီကယ်
ဆယ်ရေးဆောင်ရွက်မှုများပြုလုပ်နေခဲ့ ကြပါတယ်...
အများအကျိုးသယ်ပိုးသူ၊ လှူဒါန်းထောက်ပံ့ သူများလည်း ထွက်ပေါ်လာပါတယ်လို့ တရုတ်ဘာသာဖြင့် ထုတ်
ဝေသည့် သတင်းစာကဆိုပါတယ်...
စင်္ကာပူနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင်ပြုလုပ်ခဲ့ သည့် ငွေလှူဒါန်းပွဲအခမ်းအနားမှာ အသက် ၂၄ နှစ်ရှိ အလှူရှင်
မစ္စအီလိန်းလို ကိုယ်တိုင် ( ဒေါ်လာတစ်သန်းတန် ) ချက်လက်မှတ်ကို သံအမတ်ကြီး ယိုအီချီဆူဇူကီး ကိုပေး
အပ်ခဲ့ တာဖြစ်ပါတယ်...
မစ္စလို ဟာ အင်ဒိုနီးရှားအခြေစိုက် ကျောက်မီးသွေးသတ္တုတွင်းကုမ္ပဏီ ဘာရမ် ကိုတည်ထောင်ခဲ့ သည့် အင်
ဒိုးနီးရှားနိုင်ငံ၏ တတိယမြောက်အချမ်းသာဆုံး၊ အသက် ၆၃ နှစ်ရှိ သူဌေးကြီးဒါတုလိုတပ်ကွမ်း ရဲ့ သမီးဖြစ်
ပါတယ်...

၎င်းရဲ့ ကုမ္ပဏီဟာ ဂျပန်နိုင်ငံနှင့် စီးပွားရေးအဆက်အဆံရှိပြီး ၎င်းမိသားစု၏ ဆွေမျိုးများနှင့် မိတ်ဆွေများ
လည်း ဂျပန်ပြည်တွင်နေထိုင်လျှက်ရှိပါသည် ဟု မစ္စတာလို ကပြောပါတယ်...
ဆူနာမီငလျင်ဒါဏ်အပြင်းထန်ဆုံးခံခဲ့ ရသည့် ဂျပန်နိုင်ငံ၊ တိုဟိုကူ ဒေသနှင့် ပါတ်သက်ပြီးတော့ လည်း ၎င်း
မိသားစုအနေနှင့် ကြည်နူးချမ်းမြေ့ စရာအမှတ်တရအဖြစ်အပျက်များလည်းရှိခဲ့ ပါတယ်လို့ သူကဆိုပါတယ်..

အလှူရှင်၊ ဖခင်ဖြစ်သူနှင့်  ဂျပန်နိုင်ငံသံအမတ်ကြီး....

အလှူငွေ ဒေါ်လာ ၁ သန်းဟာ မစ္စလို ရဲ့ ကိုယ်ပိုင်ငွေဖြစ်တယ်လို့ စင်္ကာပူ စထရိတ်တိုင်းသတင်းစာက ဆို
ပါတယ်...
မိသားစုကုမ္ပဏီရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု အပိုင်းကဏ္ဍရဲ့ အကြီးအကဲဖြစ်သည့် မစ္စလို ကထိုအလှူငွေ
ဒေါ်လာ ၁ သန်းကို ဂျပန်နိုင်ငံအနေဖြင့် လိုအပ်သလိုအသုံးပြုဖို့ ခွင့် ပြုမှာဖြစ်ပါတယ်...( ဟိုနေရာကိုလှူပါ၊
သည်နေရာကိုလှူပါ လို့ ဝင်ရောက်စွက်ဖက်မှာမဟုတ်ပါဘူး...)
ထိုအလှူငွေအားလုံးကို ဂျပန်ကြက်ခြေနီအသင်းကိုပေးအပ်ဖွယ်ရှိတယ်လို့ လည်း သတင်းကဖော်ပြခဲ့ ပါ
တယ်....

ဂျပန်သံရုံးပြောရေးဆိုခွင့် ရှိသူကတော့ ၎င်းတို့ အနေနှင့် (စင်္ကာပူရှိ ) ဂျပန်အသင်းအဖွဲ့ မှ ထိုအလှူငွေနှင့် 
ပါတ်သက်ပြီး လှူဒါန်းမည့် အကြောင်း ဖုံးဆက်အကြောင်းကြားမှုခံခဲ့ ရကြောင်း ညနေပိုင်းထုတ်တရုတ်သ
တင်းစာကိုပြောကြားခဲ့ ပါတယ်...
အချိန်တိုအတွင်း အကြောင်းကြားခဲ့ ပြီးနောက် ၎င်းတို့ အနေနှင့် မစ္စလို ကိုလက်ခံတွေ့ ဆုံဖို့ အခမ်းအနား
တစ်ခုပြုလုပ်ဖို့ စီစဉ်ခဲ့ ပါတယ်...
ထိုအလှူငွေ ( ဒေါ်လာ ၁ သန်း ) ဟာဆူနာမီဒုက္ခသည်တွေအတွက် ယခုအထိလက်ခံရရှိသည် အမြောက်အ
များဆုံး ( တစ်ဦး၊ တစ်ဖွဲ့ တည်း ) အလှူငွေဖြစ်ပါတယ် လို့ သံအမတ်ကြီး ဆူဇူကီးက ပြောကြားခဲ့ ပါတယ်...
ယခုအချိန်အထိ စင်္ကာပူအစိုးရကတော့  ဒေါ်လာ ၅ သိန်းလှူဖို့ ကတိပြုခဲ့ ပြီး စင်္ကာပူကြက်ခြေနီအဖွဲ့ ရဲ့ စု
ဆောင်းကောက်ခံငွေကတော့ ဒေါ်လာ ၂ သိန်း၊ ၃ သောင်း၊ ၅ ထောင် ရှိသွားခဲ့ ပါပြီလို့ စထရိတ်တိုင်းမ် သ
တင်းစာကိုဖော်ပြခဲ့ ပါတယ်...
စင်္ကာပူနိုင်ငံ၊ အစ္စလာမ်မစ်ကောင်စီမှလည်း အလှူငွေများကောက်ခံမှာဖြစ်ပါတယ်...

လှူတဲ့ သူကလည်း ၀င်ရောက်စွက်ဖက်မှုမပါသလို လက်ခံသည့် နိုင်ငံကလည်း ဘာတံဆိပ်မှမကပ်ပဲ အမှန်
တစ်ကယ်လုပ်ဆောင်မည့် အဖွဲ့ သို့ တိုက်ရိုက်လွှဲပြောင်းပေးတာကတော့ ပိုလို့ ဝမ်းမြောက်ဖွယ်ရာပါပဲ...

SINGAPORE - A SINGAPOREAN woman has generously donated S$1 million to help the Japan quake victims.
Ever since the massive 8.9-magnitude earthquake shook northeast Japan last Friday, Singaporeans have been showing empathy and pouring in support for the battered nation through donation drives, practical help and so on.

Philanthropists are doing their part too, reported Lianhe Wanbao.
At a donation ceremony held yesterday afternoon at the Embassy of Japan in Singapore, Ms Elaine Low, 24, presented the cheque to Ambassador Yoichi Suzuki.
Ms Low is the daughter of Datuk Low Tuck Kwong, 63, who is the founder of Indonesia-based coal mining company Bayan Resources. Mr Low is the third richest man in Indonesia, according to Forbes magazine.
Mr Low said his company has business ties with Japan, and added that his family has friends and relatives in Japan. The family also has fond memories of Japan's Tohoku region, one of the regions worst hit by the earthquake and tsunami.

The Straits Times reported that the $1 million donation came from Ms Low's own pocket. Ms Low, who is in charge of business development at her family's company, is leaving it to the Japanese to decide how to use her donation. The same report said that the donation would most likely go to the Japanese Red Cross.
The spokesman of the Japanese embassy told the Chinese evening daily that the embassy only received a call from the Japanese Association here yesterday evening, informing them of the donation. At short notice, they had to organise a ceremony to host Ms Low.
Ambassdor Suzuki said this is the largest donation received for the tsunami victims so far.

Contributions to date

So far, $235,000 has been raised by the Singapore Red Cross Society, excluding the $500,000 pledged by the Singapore Government, reported The Straits Times today.
World Vision Singapore and Mercy Relief have raised over $190,000 and $43,280 respectively.
The Islamic Religious Council of Singapore (Muis) will also be collecting donations from tomorrow onwards.

10 comments:

Angelhlaing(May everybody be happy and healthy! said...

ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ။
ကျေးဇူးအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

ကိုဇော် said...

သာဓု . . . သာဓု . . . သာဓု . . .
စိတ်ထား ကောင်းလိုက်တဲ့ ဖြစ်ခြင်း ၊ မျက်နှာကိုကလည်း တည်ငြိမ်ပြီး ကြည်လင်နေတာပဲကိုး။ ပီတိ ဖြစ်ရပါတယ်။

ရွှေရတုမှတ်တမ်း said...

သဓုပါဗျာ....လူကလဲ ချစ်ချင်ချာလေးး..အဟီး

min datha said...

very kind lady....so she has pretty body and white mind....

hninhnin said...

That news should directly go to Ba Ba Gyis at NPD.That's why these countries developed and the people are going forward.

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
သာဓု သာဓု သာဓု အကြိမ်ကြိမ်ခေါ်ဆိုသွားပါတယ်-
လှူတယ်ဆိုမှတော့ဘာမှပြန်လည်မျှော်လင့်မထားတာ
ကောင်းသလိုဘာအခွင့်အရေးမှမယူတာမှန်တာပေါ့ဗျာ-
ရုပ်ရည်ကလေးကလည်းချောမောလှပပါပေရဲ့ ဗျာ-
ကြည့်ရမြင်ရတဲ့သူအဖို့ တော့စိတ်ထဲကိုရှင်းပြီးရင်ထဲကို
အေးမြနေတာပါဘဲ-နောင်ဘဝဆိုတာဖြစ်ခဲ့ရင်လည်းဒါထက်ပိုမိုချောမောမှာ
အသေအခြာပါဘဲ-

Unknown said...

match her face and her donation.Thanks for this donation and thanks for your post ko peter.

nero said...

ကိုပီတာကြီးရောမှတ်မှတ်ရရလျူထားတာဘယ်လောဖိုးရှိပီလဲ :)

nero said...

ကိုပီတာကြီးရောမှတ်မှတ်ရရလျူထားတာဘယ်လောဖိုးရှိပီလဲ :)

Crystal said...

ခေတ်သစ် ဝိသာခါသူဋ္ဌေးမလေးများလား။
ဝမ်းမြောက်စွာ သာဓုခေါ်လိုက်ပါ၏။