Dog guards baby forgotten in park overnight by drunk mother

Tuesday, June 28, 2011

အမူးလွန်သည့် မိခင်ဖြစ်သူမေ့ ကျန်ခဲ့ သည့် ကလေးငယ်ကိုခွေးကစောင့် ရှောက်..

ရုရှားနိုင်ငံ၊ ဆာရာတော့ ဗ် မြို့ မှ ပန်းခြံအတွင်းတွင် တစ်ညတာလုံး ( မိခင်ဖြစ်သူ၏ ) မေ့ လျော့ ကျန်ခဲ့ ခြင်း
ခံရသည့် သုံးလသားအရွယ်ကလေးငယ်တစ်ဦးအား အိမ်မွေးခွေးမှ စောင့် ရှောက်ကာ အတူနေခဲ့ ပါတယ်...
ကလေးငယ်မှာ ဆင်ခြင်တုံတရားကင်းမဲ့ သည့် မိခင်ဖြစ်သူ၏ (မေ့ လျော့ ကာ) ကျန်ရစ်ခဲ့ ခြင်းဖြစ်ပြီးနောက်
ပိုင်းတွင် ကလေးငယ်အား လက်တွန်းလှည်းပေါ်တွင် နံဘေးမှသစ္စာရှိသောခွေးကထိုင်ကာစောင့်ရှောက်နေ
သည်ကို တွေ့ ရှိခဲ့ ကြရခြင်းဖြစ်ပါတယ်...
ကလေးငယ်၏မိခင်ဖြစ်သူ အသက် ၂၂ နှစ်အရွယ်ရှိ အိုဂလာက သူမဟာ ကလေးငယ်ဗာဒင်နှင့် ၎င်းတို့ ၏
ရော့ ဝဲလ်လာမျိုး အိမ်မွေးခွေးလာဒါ တို့ နှင့် အတူပန်းခြံထဲတွင် လမ်းလျှောက်နေကြခိုက် သူမရဲ့ သူငယ်ချင်း
မိတ်ဆွေများနှင့် တွေ့ ဆုံမိခဲ့ ကြတာဖြစ်ပါတယ် လို့ ဆိုပါတယ်...
မိန်းကလေးသူငယ်ချင်းအုပ်စုဟာ ဘီယာသွားသောက်ဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်...ဘီယာတော်တော်များများ
သောက်ပြီးနောက်မှာတော့ အိုဂလာဟာ တော်တော်လေးမူးပြီး (ကလေးကိုမေ့ ကာ)အိမ်သို့ ပြန်သွားခဲ့ ပါ
တယ်...
နောက်တစ်နေ့ နံနက်တွင်မှ သူမဟာ ကလေးရော၊ ခွေးပါ အိမ်သို့ ပြန်မခေါ်လာမိခဲ့ ကြောင်း သတိရသွားခဲ့ 
ပါတော့ တယ်...
အဆိုးဆုံးအခြေအနေတွေဖြစ်လောက်ပြီဟု စိုးရိမ်ကာ အိုဂလာဟာ သူမရဲ့ မိဘများကိုဖုံးဆက်ပြောကြားခဲ့ 
ပါတယ်...
" သူမဟာအလွန်စိုးရိမ်ထိတ်လန့် ကာဆောက်တည်ရာမရဖြစ်နေခဲ့ ပါတယ်...သားငယ်လေးကို လူခိုးခံရပါ
တယ်လို့ သူမက အော်ဟစ်ပြောဆိုနေခဲ့ တာဖြစ်ပါတယ်..." လို့ အိုဂလာရဲ့ မိခင်ဖြစ်သူပြောပြခဲ့ ပါတယ်...

သစ္စာရှိသောခွေးနဲ့ မို့ ကလေးလည်းမပျောက်မရှပဲ အန္တရယ်ကင်းကင်းရှိနေခဲ့ ရတာပါ...

အိုဂလာရဲ့ မိဘများ သူမရဲ့ နေအိမ်ကိုရောက်ရှိခဲ့ ကြပြီးနောက် သူတို့ ဟာ သူမရဲ့ သူငယ်ချင်းများကိုဖုံးဆက်
မေးမြန်းခဲ့ ကြပါတယ်...
နောက်တော့ အိုဂလာရဲ့ ဖခင်ဖြစ်သူက အနီးအနားရှိပန်းခြံထဲကိုသွားပြီး စုံးစမ်းကြည့် ရှုသည့် အခါတွင်မှ က
လေးငယ်ဗာဒင် ကိုခွေးနှင့် အတူတွေ့ ရှိခဲ့ ရတာဖြစ်ပါတယ်...
" ကလေးငယ်ဟာ စိုရွှဲနေပြီး ဆာလောင်ကာငိုကြွေးနေခဲ့တာကိုသူတို့ ကတွေ့ ရှိခဲ့ ပါတယ်...ဒါပေမယ့် ကံ
ကောင်းတာက ဘာမှအန္တရယ်မကျရောက်ခဲ့ တာပါပဲ..." လို့ အိုဂလာရဲ့ အိမ်နီးချင်းများကပြောကြားခဲ့ ကြပါ
တယ်...
" ရာသီဥတုကလည်းတော်တော်လေးနွေးနွေးထွေးထွေးရှိခဲ့ တာမို့ (ရုရှားမှာကအများအားဖြင့် အလွန်အေး
တတ်ပါတယ်...) ကလေးငယ်ဟာ အအေးမိပြီး ဖျားတောင်မဖျားခဲ့ ပါဘူး....ဘုရားသခင်ကျေးဇူးတော်ပါပဲ...
ခွေးကလည်း ကလေးကိုတစ်ညလုံးစောင့် ရှောက်နေခဲ့ ပြီး သူစိမ်းတွေကို အနားအကပ်မခံခဲ့ ပါဘူး..." ဟု
ထိုအိမ်နီးချင်းကဆိုခဲ့ ပါတယ်...
တာဝန်စိတ်ကင်းမဲ့ သည့် ( စဉ်းစားဆင်ခြင်တုံတရားမဲ့ သည့် ) မိခင်ဖြစ်သူကို တနည်းနည်းဖြင့် အပြစ်ပေး
မပေးကိုတော့စဉ်းစားဆုံးဖြတ်နေကြဆဲဖြစ်ပါတယ်...
လောလောဆယ်တော့အိုဂလာရဲ့ မိခင်ဖြစ်သူက သူမရဲ့ မြေးကလေးကို ထိန်းသိမ်းစောင့် ရှောက်ထားပါ
တယ်....

ဒါတောင်ဘီယာပဲရှိသေးတယ်....
ဗော်ဒကာသာသောက်ပြီးမူးယင်တော့ ကလေးတင်မက သူ့ ကိုယ်သူပါ ဘယ်သွားပြီးဘာဖြစ်နေတယ်ဆိုတာ
မသိလောက်အောင် မေ့ သွားလိမ့် မယ်...

ကိစ္စများမြောင် လူတို့ ဘောင် လို့ ဆိုတဲ့ အတိုင်း ဒီနေ့ ကစပြီးကျွန်တော်အခန်းပြောင်းရပါဦးမယ်...
နောက်ရောက်မယ့် နေရာမှာ အင်တာနက်အဆင်သင့်မရှိသေးတာမို့ လောလောဆယ်တော့ သတင်းတွေ
ဖတ်နိုင်ဦးမယ်၊တင်နိုင်ဦးမယ်မထင်ပါ...
ဘလော့ ကြွလာမိတ်သဟာများ အပျင်းပြေစေဖို့ ကြိုတင်ဘာသာပြန်ထားသည့် သတင်းဆောင်းပါးအနည်း
ငယ်နှင့် အပျင်းပြေစရာပုံရိပ်များတော့ schedule နဲ့ ပို့ စ်တင်ထားပါမယ်...
ရွှင်လန်းချမ်းမြေ့ ကြပါစေ....

A dog guarded a three-month-old baby forgotten in a park for a whole night in the Russian city of Saratov. The baby had been left by a reckless mother, and was later found with the loyal dog sitting by the pram. The baby’s mother, 22-year-old Olga, says she went for a walk in the park with little Vadim and their Rottweiler Lada, when she met her friends.

The girls decided to have a couple of drinks, and after several beers Olga, quite drunk already, went home. Only in the morning did the woman realize she had brought home neither the baby nor the dog. Fearing the worst, Olga called her parents. “She was in panic,” says Olga’s mother. “She was screaming that her son had been stolen”.
When Olga’s parents arrived at her home they started calling her friends. Later, Olga’s father went out to check the nearby park and discovered the pram with little Vadim and the dog next to it. “The baby was found wet, hungry and in tears, but what’s more important, safe and sound,” say Olga’s neighbours.
“The weather was quite warm, so the baby even managed not to catch cold. Thank God, the dog had been guarding the whole night and had been keeping away all strangers”. It is still being decided whether the irresponsible mother is to be punished in any way. At the moment, Olga’s mother is taking care of her grandson.

2 comments:

Unknown said...

ကောင်းပါ၏ အစ်ကိုပီတာ။ schedule နဲ.ဆိုတော. အမြဲအဆက်မပြတ် လာဖတ်လို.၇တာပေါ.။ အစ်ကိုပီတာ အင်တာနက်မြန်မြန်ရပါစေ။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ-
ခရီးတစ်ခုထွက်နေလို့  ကိုပီတာရဲ့ အတွေးပုံရိပ်ကလေးတွေမကြည့်ရတာတစ်ခြား
တစ်ဖက်ကိုရောက်သွားသလိုဘဲဗျာ-ကိုပီတာ အင်တာနက်
အမြန်ဆုံးရပါစေ-----