Reservoir to be drained after man urinates in it
Monday, June 20, 2011
သိသာသိစေမမြင်စေနဲ့ ...
အော်ရီဂွန်ပြည်နယ်၊ ပို့ တ်လန်းမြို့ မှ တဘော်တောင် ရေလှောင်တမံရေကန်ထဲသို့ လွန်ခဲ့ သည့် ဗုဒ္ဓဟူးနေ့ 
နံနက်အစောပိုင်းတွင် အမျိုးသားတစ်ဦး အပေါ့ သွားခဲ့ သဖြင့် အဆိုပါရေလှောင်တမံမှမြို့ သို့ သောက်သုံး
ရေ ပေးဝေနေမှုအားရပ်ဆိုင်းခဲ့ ပြီး ညစ်ညမ်းသွားသောရေအား ပြန်လည်သန့် ရှင်းရန် ( ရေအားလုံးစွန့် 
ထုတ်ပြီး ) နှင့် ရေပြန်လည်ဖြည့် ရန်အတွက် ဒေါ်လာ ၃၅၀၀၀ ကုန်ကျမည်ဟု ဆိုပါတယ်...
နောက်ဆို အမှိုက်မပစ်ရဆိုတာအပြင် အပေါ့ မစွန့် ရလို့ ပါရေးထားရမယ်...
အဆိုပါ လူ့ တိရိစ္ဆာန်၏ လုပ်ရပ်ကို လုံခြုံရေးအရတပ်ဆင်ထားသော ကင်မရာဖြင့် မှတ်တမ်းတင်ထားသည့် 
ဗီဒီယို အခွေတွင် တွေ့ မြင်သိရှိခဲ့ ရခြင်းဖြစ်ပါတယ်...
ရေလှောင်တမံထဲသို့ အမျိုးအမည်မသိ အရာဝတ္တုများ ပစ်ထည့်ပြီးနောက် အဆိုပါအမျိုးသားဟာ အများ
ပြည်သူ သောက်သုံးသည့်အဆိုပါရေကန်ထဲသို့ အပေါ့ သွားခဲ့ တာဖြစ်ပါတယ်..
ထိုလုပ်ရပ်ကြောင့် ရေလှောင်တမံကို ရေများအကုန်အစင်ဖောက်ထုတ်၇န် ဒေါ်လာ ၇၅၀၀ ကုန်ကျမှာဖြစ်သ
လို အဆိုပါ ( ဖောက်ထုတ်ပစ်ရမည့် )ရေပမာဏကို အများပြည်သူသို့ ပေးပို့ ရောင်းချမည်ဆိုပါက ဒေါ်လာ
၂၈၀၀၀ ကျော် ၀င်ငွေ ( အခွန်ငွေ ) ရရှိမှာဖြစ်ါပတယ်...
YouTube link.
ရေလှောင်တမံမှာရှိတဲ့ ရေပမာဏက ဂါလံ ၈ သန်းဖြစ်ပြီး လူတွေကတော့ ဒါလိုလုပ်တာဟာ မလိုအပ်ပဲ အ
လွန်အကျွံ တုံ့ ပြန်ဆောင်ရွက်မှုတစ်ခုလို့ ဆိုကောင်းဆိုကြပါလိမ့် မယ် ဟု ပို့ လန်း ရေသန့် ဆိုင်ရာဌာန မှ
အုပ်ချူပ်ရေးမှူး ဒေးဗစ်ရှက်ဖ် ကဆိုခဲ့ ပါတယ်...
မယ့် ကိစ္စမျိုးမို့ ဆောင်ရွက်တာလို့ ပဲ ထင်ပါတယ်... ဒီမနက်ပဲ အဲဒီရေနဲ့ လိမ္မော်ဖျော်ရည်ဖျော်ပြီးသောက်
ခဲ့ သေးတယ် စသည်ဖြင့် လူတွေပြောကြမှာကို ကြားယောင်မိလို့  အဲဒီလိုမဖြစ်ကြစေချင်လို့  လုပ်ခဲ့ တာဖြစ်
ပါတယ်..." လို့ ရှက်ဖ် ကဆိုလိုက်ပြီး ယခင်က တစ်ခြားအရာဝတ္တပစ္စည်းတွေ ရေလှောင်တမံထဲမှာတွေ့ ပေ
မယ့် လည်းရေတွေကို မစွန့် ထုတ်ခဲ့ ပါဘူးလို့ ဆက်ပြောပြခဲ့ ပါတယ်..
" ရေလှောင်ကန်ထဲ တင်းနစ်ဘောလုံးကျသွားတိုင်း၊ဘဲသေတစ်ကောင်၊ ရှဉ့် သေတစ်ကောင် တွေ့ တိုင်း၊ ပစ်
ကစားစရာ ပလတ်စတစ်အပြား တွေ့ တိုင်းသာ ရေလှောင်တမံကို ပိတ်ရမယ်ဆိုယင် နေ့ စဉ်နေ့ တိုင်း ပိတ်
နေရမှာပါပဲ...
ဒါပေမယ့် အခုဟာက လူ့ အညစ်အကြေး ကျင်ငယ်ရေဖြစ်နေလို့ သတိထားရပါတယ်..." ဟု အုပ်ချူပ်ရေးမှူး
ကဆိုခဲ့ ပါတယ်...
ရေကန်ထဲသို့ အပေါ့ စွန့် ခဲ့ သည့် အသက် ၂၁ နှစ်အရွယ် သကောင့် သားကတော့ ၎င်းအနေနှင့် ထိုကဲ့ သို့ 
ပြုမူမိခဲ့ သည့်အတွက် ၀မ်းနည်းရကြောင်း၊ စိတ်မကောင်းဖြစ်မိပါကြောင်း ပြောကြားခဲ့ ပါတယ်...
ထိုကိစ္စနှင့်ပါတ်သက်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးအရေးယူခံရခြင်း၊ ရည်ညွှန်းပြစ်တင်ပြောဆိုခံ
ရခြင်းမရှိပါဘူး...
ရေလှောင်တမံကို သန့် ရှင်းရေးလုပ်ဖို့ တော့ရက်အတန်ကြာလိမ့် မည်ဖြစ်ပါတယ်....
သိသာသိစေ မမြင်စေနဲ့ ဆိုတာဒါမျိုးလည်းပါတယ်...
အမှန်တော့ သောက်သုံးရေကန်များဟာ ၁၀၀ ရာခိုင်နှုံး သန့် ရှင်းတယ်လို့ တော့ မဆိုနိုင်ဘူး...
အခုလို သိပြီး၊ မြင်ပြီးမှတော့ လည်း သောက်သုံးဖို့ ဘယ်သူက စိတ်သန့် နိုင်တော့ မှာလည်း...
After a man urinated in Mount Tabor reservoir in Portland, Oregon, early on Wednesday morning that supplies city drinking water, the city took it offline and said it’ll cost about $35,000 to drain, clean and refill it.
The incident was caught on grainy surveillance video. After unknown objects were tossed in the reservoir, a man walks up and urinates right into the drinking water. It will cost more than $7,500 to empty the reservoir, and that drinking water would have sold for more than $28,000.
“It’s 8 million gallons and there are people who will say it’s an overreaction,” said David Shaff, administrator for the Portland Water Bureau. “I don’t think so. I think just dealing with the ‘yuck factor,’ I can imagine how many people would be saying ‘I made orange juice with that water this morning. That’s not what I want to hear.’” Shaff said they do find other things in reservoirs but don’t dump the water. 
“If I shut down the reservoir every time a tennis ball, a dead duck or a dead squirrel or a Frisbee was in the reservoir, I’d shut them down almost daily,” he said. But he said urine is different and he’d rather be cautious. The 21-year-old who urinated in the reservoir said that he’s sorry he did it and feels bad. No one has been arrested or cited in this case. The cleaning could take several days.
3 comments:
ဂျစ်တူး ( မုံရွာ ) said...
ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ-
အဲဒါဆိုရေကန်ထဲကရေတွေဘာလုပ်ပြစ်သလဲမသိဘူးနော်
အပင်တွေရေလောင်းပြစ်သလား-ဒါမှမဟုတ်ဘယ်လိုသယ်
ယူပြီးဘယ်လိုလုပ်သလဲဆိုတာသိချင်လိုက်တာ-
ကိုကိုဦး said...
http://sg.news.yahoo.com/blogs/singaporescene/half-body-found-bedok-reservoir-090138006.html
ကိုကိုဦး said...
http://sg.news.yahoo.com/blogs/singaporescene/half-body-found-bedok-reservoir-090138006.html