Sunday, October 2, 2011

အပန်းဖြေစရာ ပုံရိပ်ကမ္ဘာ....

အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေတာမို့ 
ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိသမျှ ၊ တစ်ချို့ 
လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါတယ်...


အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာချင်း
လွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...

မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်
မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမတတ်နိုင်ပေဘူးပေါ့ ...
သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ တင်တာမို့ သိခဲ့ လျှင်တောင်မှ
ခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...

ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...

တို့ နောက်မှာ အဘရှိနေတာမို့ ဘယ်သူမှတိုင်ရဲမှာမဟုတ်ဘူးလေ...

သူများထက်တစ်မူထူးတိုင်းလည်း ကောင်းတာမဟုတ်ဘူးနော်...

၂ ခါထဲတဲ့ လား...ရက်စက်ပါပေ့ ကွယ်...


ကမ္ဘာသစ်မြေပုံအညွှန်း...


မောင်ရင်တို့ ...ရွေးစရာကတော့ သုဿာန်နှစ်ခုပဲရှိတယ်...
ဆေးရုံတောင်မရှိဘူးနော်...


မိုးလေ၀သညွှန်ချူပ်တောင် ငိုသွားရမယ်...

ဘာပဲဖြစ်ဖြစ်စိတ်မညစ်ပါနဲ့ ဆိုတဲ့ အိုင်ယာလန်လူမျိုးတို့ ရဲ့ ဖီလော်ဆော်ဖီ...


အမြင်ချင်းမတူလိုက်ပုံက ....ကိုယ်တွေကတော့ရှင်းတယ်...တည့် ပဲမြင်တတ်ပါတယ်...
သူတို့ ကျမှသာ...အစုံအစေ့ ကိုနှိုင်းယှဉ်သုံးသပ်တော့ တာပဲ....

ပြန်ဆိုချက်ကတော့ ထိမိလွန်းပါတယ်...


 ဒီတိုယိုတာကိုရော လဲခွင့် ပေးမှာလား...

ငွေနဲ့ အရာရာကိုဝယ်လို့ မရပါဘူး...
စိတ်ဆင်းရဲပူပန်စေကြောင်း၊ ဒုက္ခအပေါင်းကိုဖြစ်စေတာငွေပါ...
ဒါကြောင့် မိတ်ဆွေခံစားနေရတဲ့ ဒုက္ခတွေကိုဖြစ်စေတဲ့ ငွေကို ကျွန်တော့် ကိုသာပေးလိုက်ပါ...
ဒုက္ခဆင်းရဲမှုအားလုံးမှ လွတ်မြောက်သွားပါလိမ့် မယ်...


ဘေးဒုက္ခနဲ့ တွေ့ လာခဲ့ ယင် ဦးစားပေးကယ်ဆယ်ရမှာက 
မရှိမဖြစ်တဲ့ မိန်းမ နဲ့ ဘီယာပါလေ....



ငိုတတ်တဲ့ ကလေး .... ___ ရတယ်ဆိုလို့ ...ကျွန်တော်လည်း ငိုပါရစေ...

2 comments:

မိုးယံ said...

နှစ်ခါထဲ ကို ဖတ်ရင်း ပြုံးနေရာက မိုးလေ၀သ ကျောက်တုံးလဲ ဖတ်မိရော ခဏခဏ အသံထွက် ရယ်ရပြန်ရော...

ကိုပီတာကြီး အော်ငိုနေတာတော့ သနားဒယ်..

ဟီးဟီး။။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ-
ကိုပီတာ ငိုနေတယ်ဟုတ်လား-
ဟားဟားဟား( အားရပါးရ ရီမောသွားပါတယ်ခင်ဗျာ )