Floating Filipino Government Officials,

Friday, October 7, 2011

ရိုးသားကြိုးစားနေဟန်ဆောင်ကြသည့် ဖိလစ်ပိုင်

နိုင်ငံမှ အစိုးရအရာရှိများ၏ဖိုတိုရှော့ ပုံ... 

Philippines officials’ disaster area visit photograph Photoshopped

 

 ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊စည်းစိမ်တွေ၊ ပြည်သူပိုင်ပစ္စည်းတွေပျက်ဆီးဆုံးရှုံးတာကို
ကျွန်တော်တို့ အသေးစိတ်လေ့ လာစစ်ဆေးခဲ့ ကြပါတယ်လို့ ဟန်ဆောင်လိမ်ညာခဲ့ သည့် ဖိလစ်ပိုင်
နိုင်ငံမှ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ...

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ တွင် လွန်ခဲ့ သည့် ရက်သတ္တပါတ်က နီဆက် ဟုအမည်ရှိသည့် တိုင်ဖုံးမုန်
တိုင်း တိုက်ခတ်သွားခဲ့ ပြီးနောက် အစိုးရပိုင်းဆိုင်ရာမှ လူမှုဆက်ဆံရေးဆိုင်ရာ သတင်းစာမျက်နှာ
တစ်ခုတွင် မုန်တိုင်းဒါဏ်ကြောင့် ပျက်စီးသွားခဲ့ ရသည့် အများပြည်သူသုံး ကမ်းနားပါတ်လမ်းတစ်ခု
အား တာဝန်ရှိပုဂ္ဂိုလ်သုံးဦးမှကြည့် ရှုစစ်ဆေးကာ သဘာဝဘေးဒါဏ်အပျက်အစီးအခြေအနေအား
ဆွေးနွေးနေကြဟန် ဖြင့် ဖိုတိုရှော့ ( ဖြတ်ညှပ်ကပ်၊ ပြုပြင်မွမ်းမံထားသည့် ၊ အစစ်အမှန်မဟုတ်သော)
ဓါတ်ပုံတစ်ပုံအား တင်ပြထားခဲ့ ပါတယ်...
အဆိုပါအင်တာနက်စာမျက်နှာသို့ ဝင်ရောက်ကြည့် ရှုသူတစ်ချို့ မှ ဓါတ်ပုံအား ဖိုတိုရှော့ နည်းပညာ
ဖြင့် ပြုပြင်စီမံထားသည်ကိုသတိပြုမိခဲ့ ကြပါတယ်...
အဆိုပါကိစ္စနှင့် ပါတ်သက်၍ ဖိလစ်ပိုင်အစိုးရမှ တောင်းပန်သည့် ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ 
ရပါတယ်....

အဆိုပါအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ကွန်ပြူတာကျွမ်းကျင်သူများက အဆိုပါတာဝန်ရှိပုဂ္ဂိုလ်သုံးဦးအား
နောက်ပြောင် သရော်သောအားဖြင့်လက်စွမ်းပြသည့် ဖိုတိုရှော့ ပုံများပေါ်ထွက်ခဲ့ တာကို အောက်ပါအ
တိုင်း ရှုစားနိုင်ပါတယ်...

 အစိုးရက ဖိုတိုရှော့ နဲ့ လိမ်တော့ ဘာပုဒ်မမြောက်လေသလည်းတော့ မသိ
ကွန်ပျူတာကျွမ်းကျင်သူ ပြည်သူက အခုလိုဖိုတိုရှော့ လုပ်ယင်တော့ တာဝန်ဝတ္တရားနှောက်ယှက်မှု
အသရေပျက်မှုတွေနဲ့ များ တရားစွဲလေမလားပဲ...

 နောက်ဆုံးညစာစားပွဲတောင်ရောက်ရှိကြည့် ရှုစစ်ဆေးခဲ့ လိုက်ကြသေးတယ်...

 ပုလင်းတူ၊ ဗူးစို့ တစ်ခရီးတည်းသွား၊ လှိုင်းတစ်ခုထဲလည်းအတူတူ စီးခဲ့ ကြပါတယ်....

ဥရောပမြို့ ကလေးတစ်ခုက လူကူးမျဉ်းကျားကိုပါအရောက်သွားပြီးကြည့် ရှုစစ်ဆေးခဲ့ လိုက်ကြ
ပါသေးတယ်... ( ကဲ...ဆရာတို့ ကိုယ့် ထက်ပိုပြီးကျွမ်းကျင်တဲ့ သူနဲ့ တွေ့ တော့ ဘာတတ်နိုင်သေးလည်း)

ဖွံ့ ဖြိုးတိုးတက်လာတဲ့ နည်းပညာနဲ့ အတူ ကိုယ်ကျင့် ပျက်မှုတွေပါ များပြားလာတာမို့ အမှန်တရားဆို
တာ ရှားပါးလာခဲ့ ရတာပါပဲ...
အခုတော့ ဖြင့် seeing is believing ဆိုတာထက် seeing is deceiving ဆိုတာက ပိုမှန်နေသလား
လို့ တောင်ထင်မိလာစေပါတော့ တယ်...
ဘယ်အရာမဆိုချင့် ယုံကြဖို့ ပါပဲ...

ရွှေပြည်ကြီးက သတင်းတစ်ချို့ မှာလည်း အဲဒီလိုဖိုတိုရှော့ နဲ့ ပြန်ပြုပြင်ထားတယ်လို့ သတင်းတွေ
ပေါ်ထွက်ခဲ့ ဖူးပါတယ်...

ဒီပို့ စ်အောက်မှာတော့ ယခင် ဇွန်လကတင်ထားခဲ့ ဖူးတဲ့ တရုတ်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များလမ်း
စစ်ဆေးနေသည်ကို ဖိုတိုရှော့ လုပ်ထားသည့် သတင်းဆောင်းပါးအားထပ်မံပြန်လည်တင်ပြထား
ပါတယ်...

Summary: After last week’s Typhoon Nesat passed through the Philippines capital city of Manilla, the Philippines government posted on a social media website a photo of 3 government officials standing on the rubble of a walkway destroyed by the typhoon discussing the disaster situation. Someone noticed that the photo was Photoshopped. The Philippines government Public Ministry has already made a statement of apology regarding this matter.



2 comments:

Linn Zaw Win said...

တရုတ်နိုင်ငံမှာလဲ တစ်ခါဖြစ်ပြီးသွားလို့ internet meme တွေပွထနေတာတောင် မမှတ်ကြဘူး
http://www.2oceansvibe.com/2011/06/30/chinese-government-road-inspection-officials%E2%80%99-photoshop-fail/

layaung said...

Hi. Ko Peter,
Beatles crossing the Abbey road. John Lennon (rhythm guitar, vocals), Paul McCartney (bass guitar, vocals), George Harrison (lead guitar, vocals) and Ringo Starr (drums, vocals). Many thanks.