Crazy Things Kids Today Are Actually Doing

Thursday, February 2, 2012

သူတို့ ဆီကခေတ်လူငယ်တွေ...

ခေတ်ကာလသားသမီးများ ပြောမကောင်း၊ ဆိုမကောင်းလေးတွေပါပဲ ဆိုပြီးလူကြီးမိဘများ
ပြောခဲ့ ကြတာကျွန်တော်တို့ ငယ်စဉ်ကလည်းခံခဲ့ ကြရတာပါပဲ...
အခုလည်း သူတို့ နိုင်ငံတွေဆီက ခေတ်လူငယ်တွေရဲ့ အဆီအငေါ်မတည့် ၊ ရူးရူးမိုက်မိုက်ပြုကြ
ဆိုကြတာတွေ ( သူတို့ ကတော့ သူတို့ ကိုယ်သူတို့ ဒီလိုဘယ်ထင်ကြလိမ့် မတုံး၊ ကိုယ်တွေငယ်
ငယ်ကလည်းဒီလိုပါပဲ...)  ကိုရှုစားကြပါစို့ ....


ကားမောင်းယင်း ဖုံးကိုယ်စီအပြိုင်သုံး...
ဒီလိုနည်းနဲ့ အသက်ဆုံးရှုံး၊ ထိခိုက်ဒါဏ်ရာရကြလို့ လူစဉ်မမှီဖြစ်ခဲ့ ကြရတာ
လည်း များလှပြီ...မမှတ်ကြသေးပါဘူး...ကိုယ်တိုင်ခံရမှပဲမှတ်ကြမှာ...



မူးယစ်ဆေးဝါး ( ဆေးလုံး၊ ဆေးပြား၊ အပ်စိုက်ထိုးသွင်း ) သုံးစွဲထားမှုကို မစစ်ဆေး၊ မတွေ့ ရှိ
နိုင်ရန် ဘလိခ်ျ လို့ ခေါ်တဲ့ ဓါတုဗေဒချွတ်ဆေးရည်တစ်မျိုးကိုသောက်ကြပါတယ်တဲ့...
တစ်ချို့ လူ့ ကျင့် ဝတ်မလေးစားမလိုက်နာတဲ့ ဝိသမလောဘသားများကတော့ 
အဆိုပါဓါတ်ပစ္စည်းဖြင့် ပင်လူငယ်များသုံးစွဲနိုင်အောင် ဆေးရည်၊ ဆေးပြား
များပြုလုပ်ကာ ကြေငြာရောင်းချကြပါတယ်...

ဘာဂါပေါင်မုန့် တစ်လုံးအတွက်နဲ့ ၁၄ နှစ်သမီးက အမျိုးသားတစ်ဦးနဲ့ အိပ်စက်ခဲ့ ပါတယ်
လို့ အစ်မဖြစ်သူကဖွင့် ဟပြောကြားခဲ့ ပါတယ်...

သြော်...သမီးက အခုမှ အသက် ၁၅ နှစ်ပဲရှိသေးတာ ကလေးလိုချင်လှပြီ...
ဘဲငတုံးက မယူနဲ့ ဦးဆိုလို့ သူနဲ့ ဖြတ်ပြီး ကူညီမယ့် သူတစ်ယောက် အမြန်ရှာတော့ မယ်...
ဘုရား!!!...ဘုရား!!!...

ငယ်ငယ်ရွယ်ရွယ်၊ ရူးရူးမိုက်မိုက်နဲ့ အဲဒီအဆိုကျော်ရဲ့ နာမည်ဆေးမှင်ကြောင်ထိုးထားတာ...
နောင် ၁၀ နှစ် ကျယင် အဲဒီကောင် ဘယ်သူမှသိတော့ မှာမဟုတ်ဘူး...
အဲဒီကျတော့ မှ နောင်တ...နောင်မှရလိမ့် မယ်...

ငယ်တုံးတော့ ဘာလုပ်လုပ်တင့် တယ်တယ်ပေါ့ ...
အသက် ၅၀၊ ၆၀ ကျတော့ တစ်ကယ့် ဘ၀နေ၀င်ချိန်ရောက်ပြီမို့ 
အရှက်ရကြလိမ့် မယ်...ဘယ်သူမှလည်းအဲဒီဆေးမှင်ကြောင်အရုပ်အတွက်
ရင်ခုန်ကြလိမ့် မှာမဟုတ်တော့ ဘူး...

သားလေးကချစ်စရာလေး...သားရဲ့ သကြားလုံးအန်တီယူလိုက်မယ်ဆိုပြီး ချစ်စနိုးနဲ့ 
စမိ၊နောက်မိတာ သေနတ်နဲ့ ထုတ်ချိန်လို့ အလန့် တကြားဖြစ်ခဲ့ ရတဲ့ အမျိုးသမီးရဲ့ 
ပြောကြားချက်ပါ....

မူးလာယင်ထင်ရာမြင်ရာစွတ်လုပ်တတ်တာလူငယ်တွေရဲ့ သဘာဝပါ...
အခုလည်း မူးကြတဲ့ သူတွေမျက်လုံးထဲ ဗော့ ဒကာ အရက်ထည့် ကြသတဲ့ ...




စာမဖတ်၊ ပညာမတတ်မယ့် ကိစ္စတော့ ကြိုက်လိုက်၊ ( like ) လိုက်ကြတာ ၀ုန်းဆန်
သွားတာပဲ...



ဒီသတင်းကတော့ ပြောပြဖို့ တောင်တော်တော်ခက်လှပါတယ်...
မိန်းကလေးတွေက မူးအောင် အရက်ကို ပါးစပ်နဲ့ မသောက်ပဲ အဲဒီလို...အဲဒီလို ဆိုင်ရာ
ဆိုင်ရာ ဒွါရထဲကို သူတို့ အမျိုးသမီးအသုံးအဆောင်ကို အရက်စွတ်ပြီးထည့် သွင်းကြ
သတဲ့ ....သကောင့် သားလေးတွေကလည်းအားကျမခံ မသောက်ပဲမူးတဲ့ လမ်း
ကြောင်းကိုလိုက်လုပ်ကြသတဲ့ ...အံ့ ရောဗျာ...အံ့ ရော...



တစ်ယောက်ကိုတစ်ယောက်သတိလစ်သွားတဲ့ အထိ လည်ပင်းညှစ်ကြ၊ ခေါင်းကိုအ၀တ်နဲ့ 
စွပ်၊ ခေါင်းအုံးနဲ့ ဖိကြ အမျိုးကိုစုံလို့ ပါပဲ...
ကိုယ့် သားသမီးကိုယ်သတိပြု၊ ဂရုစိုက်ကြပါလို့ ရဲကတောင်သတိပေးစာထုတ်ကြရတဲ့ 
အထိပါပဲ...
အင်း....ဓါတ်မှန်ထဲမြင်ရတာတော့ မရှင်းမရှင်းနဲ့ ...
သမားရိုးကျပစ္စည်းမဟုတ်တာတော့ သေချာတယ်...
သြော်...ပြောမကောင်း၊ ဆိုမကောင်းလေးတွေလို့ ပြောပြီးပါပကော....

3 comments:

မဒမ်ကိုး said...

တကယ်ကိုထူးထူးဆန်းဆန်းတွေချည်းဘဲ ကိုပီတာ ဘလော့ဆီလာလိုက်ရင်း)))

Mr.Zaw Linn Htun said...

သြော်..ဒီလိုကို...........
ကျေးဇူး ကိုပီတာရေ......

သက်တန့်ချို said...

ဖျားဖျား မထိတ်သာမလန့်သာတွေချည်းပါပဲလားကိုပီတာရယ် ဆိုးပါ့ လူငယ်တွေ :( အတုမြင်အတတ်သင် မဟုတ်မဟတ်တွေသိပ်လုပ်ကြတယ်