Rick Allen of Def Leppard

Wednesday, April 18, 2012

လက်တစ်ဖက်ပြတ်ဒရမ်သမားတစ်ယောက်...

နာမည်ကျော် Def Leppard  တီးဝိုင်းအဖွဲ့ က ဒရမ်သမား ရစ်အယ်လင် ဖြစ်ပါတယ်...
သူဟာလက်တစ်ဖက်ပြတ်နေသူတစ်ဦးပါ....
၁၉၈၅ ခုနှစ်၊ နှစ်ဦးမစခင်တစ်ရက် လမ်းပေါ်ကားမောင်းပြိုင်ယင်း ယာဉ်တိုက်မှုတစ်ခု
ဖြစ်ပြီး လက်တစ်ဖက်ဖြတ်ခဲ့ ရတာပါ...
လက်တစ်ဖက်ဖြတ်လိုက်ရတဲ့ အတွက် ဒရမ်မတီးနိုင်တော့ မှာမို့ 
လူတိုင်းက ရစ်တစ်ယောက်တော့ ဖြင့် တီးဝိုင်းမှာ မပါဝင်နိုင်တော့ ဘူးဆိုပြီး အသေအချာ
တွေးထင်ခဲ့ ကြပါတယ်...
ဒါပေမယ့် သူကတော့ အရှုံးမပေးပဲ တီးဝိုင်းမှာဆက်လက်ပါဝင်တီးခတ်ချင်တာမို့ 
ဇွဲလုံ့ လ၊ ၀ီရိယနဲ့ အပြင်းအထန်ကြိုးစားလေ့ ကျင့် ခဲ့ တာမို့ ပါဝင်တီးခတ်ခွင့် 
ရရှိခဲ့ ပါတယ်...
လက်တစ်ဖက်ထဲနဲ့ ပင် သူဟာ တေးစီးရီး ၄ ခုအပြင် ကမ္ဘာ့ အနှံ့ လှည့် လည်ဖျော်ဖြေပွဲ
များမှာ ပါဝင်ဆင်နွှဲနိုင်ခဲ့ ပါတယ်...ယခင် သူလက် ၂ ဖက်ရှိစဉ်ကတီးခတ်ခဲ့ သည့် 
၁၉၈၄ ခုနှစ်မတိုင်ခင်က သီချင်းကိုပါ ပီပြင်စွာပြန်လည်တီးခတ်နိုင်ခဲ့ ပါတယ်...
သူဟာ တစ်ကယ့် ကိုလေးစားလောက်သူပါပဲ...

  ကဲ...မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား...

သင်ရောဘာတွေများ ဆင်ခြေပေးချင်ပါသေးလည်း....

1 comments:

Aeimt Kabyar Mon said...

အတုယူစရာပါပဲ