Genius works as a lollipop man

Tuesday, May 1, 2012

မူလတန်းကလေးများလမ်းဖြတ်ကူးစဉ်လမ်းပြလုပ်သည့် ပါရဂူဘွဲ့ ရ ပညာရှင်ကြီး...

Dr Bruce Berry wanted to do something for the community. Pic from www.thesun.co.uk
ကျွန်တော်ကတော့ တတ်နိုင်တဲ့ နေရာ၊ ရတဲ့ နေရာကနေ ပြည်သူ့ အကျိုးပြုလုပ်ငန်း
လုပ်လိုက်တာပါပဲ...
Dr Bruce Berry wanted to do something for the community. Pic from www.thesun.co.uk

ဗြိတိန်နိုင်ငံမှ ပညာထူးချွန်သူ တက္ကသိုလ်ဘွဲ့ ၁၁ခုရပြီး ဘာသာစကား ၅ မျိုးအားကျွမ်းကျွမ်းကျင်ကျင်ပြော
ဆိုနိုင်သည့် ပါရမီရှင်ပညာတတ်တစ်ဦးဟာ ကျောင်းသားငယ်လေးများ ကားလမ်းဖြတ်ကူးရာတွင် အန္တ
ရယ်ကင်းစေရန် လမ်းပြကူညီသည့် အလုပ်သမားအဖြစ် လုပ်ကိုင်လျှက်ရှိနေပါတယ်...
ပညာပါရမီထူးချွန်သူ ဒေါက်တာဘရုစ်ဘယ်ရီ ဟာဗြိတိန်နိုင်ငံရဲ့ ထိပ်တန်း ဥာဏ်အကောင်းဆုံး၊ အထူးချွန်
ဆုံး ပညာတတ်အားလုံးရဲ့ ထိပ်ဆုံးစားရင်း ထဲကတစ်ယောက်အပါအ၀င်ဖြစ်ပါတယ်...
သို့ သော်လည်း ကမ္ဘာ့ မှတ်ဥာဏ်အကောင်းဆုံးစာရင်း ( မင်ဆာအဖွဲ့ အသိအမှတ်ပြု) ၀င်ဆရာကြီးဟာတစ်
နေ့ လျှင် လေးမိုင်ခရီးကို စက်ဘီးစီးပြီးသွားကာ ကျောင်းသားငယ်များလမ်းဖြတ်ကူးရာတွင် ကူညီပေးရန်
တစ်ပါတ်လျှင် ၄ ရက် လုပ်ဆောင်ပေးနေပါတယ်...
အသက် ၇၀ အရွယ်ရှိ ဘရုစ်ဟာ စိတ်ပညာဆိုင်ရာပါရဂူဘွဲ့ ကို ရုရှားနိုင်ငံဖွားစာရေးစရာ အင်ဒရေမာကိုင်း
နှင့် ပါတ်သက်သည့် အကြောင်းအရာအား စာမျက်နှာ ၄၂၅ မျက်နှာရှိ ပါရဂူဘွဲ့ လွန်စာတမ်းဖြင့် ရရှိခဲ့ တာ
ဖြစ်ပြီး၎င်းက " ကျွန်တော်ပညာနှင့် ပါတ်သက်တဲ့ အလုပ်တွေလုပ်ရတာလည်း နှစ်သက်ပါတယ်... ဒါပေမယ့်
ပြည်သူ့ အကျိုးအတွက်လည်း ( တိုက်ရိုက်ကျတဲ့ လုပ်ငန်းမျိုး) လုပ်ချင်ပါသေးတယ်... ကလေးသူငယ်တွေ
ကျောင်းသွားကျောင်းပြန် အန္တရယ်ကင်းကင်းသွားလာနိုင်အောင်ကူညီပေးရတာလည်း အင်မတန်ကောင်း
မွန်ပါတယ်..." လို့ ပြောကြားခဲ့ ပါတယ်...
သူဟာ ပါရဂူဒေါက်တာဘွဲ့ အပြင် ၀ိဇ္ဖာပညာဆိုင်ရာဘွဲ့ ၃ ခု၊ မဟာဝိဇ္ဖာဘွဲ့ ၇ခု ပါရရှိခဲ့ ပြီး ပြင်သစ်၊ ဂျာမန်၊
အီတလီ၊ စပိန်နှင့် ရုရှားဘာသာစကားများကိုလည်း ကျွမ်းကျင်စွာပြောဆိုနိုင်ပါတယ်...
ယော့ခ်စ်အနောက်ပိုင်း၊ ရှားစ်တန် အရပ်မှ ရိုးသားကြိုးစားသည့် အိမ်ထောင်မရှိသေးသည့် အမျိုးသားကြီး
ဟာ စာတိုက်စာရေးလေးဖြစ်စတင်အလုပ်လုပ်ခဲ့ ပြီး ဘာသာပြန်ဆရာတစ်ယောက်မဖြစ်ခင်အထိ အားလပ်
ချိန်များမှာ ပညာကိုလေ့ လာသင်ယူခဲ့တာဖြစ်ပါတယ်...
ဘရုစ်ဟာ ၀ိတ်ခ်ဖီးလ်ဒ်အရပ်မှ ခရော့ ဖ်တန်ကျောင်းရှေ့ တွင် တစ်နေ့ လျှင် မိနစ် ၉၀ မျှလမ်းဖြတ်ကူးခြင်း
အားစောင့် ကြပ်ပေးသည့် အလုပ်ဖြင့် တစ်လလျှင် ပေါင်စတာလင် ၂၀၀ ( ဒေါ်လာ ၃၀၀ ) ခန့် ရရှိနေပါ
တယ်...
ထိုကျောင်းတွင် သူ့ ရဲ့ ဖခင်ကလည်းကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့ ပါသေးတယ်...
" ကျွန်တော်က အခုတော့ ကျောင်းရဲ့ မိသားစုဝင်တစ်ယောက်လိုဖြစ်နေပြီလို့ ခံစားရပါတယ်..." လို့ သူက
ပြောကြားခဲ့ ပါတယ်... 

ပြည်ပရောက် ဒေါက်တာဘွဲ့ ၊ မာစတာဘွဲ့ ရပြီး၊ ရဆဲ၊ ရလတ္တံ့ ၊ ရဖို့ ရန်ကြိုးစားအားထုတ်လျှက်ရှိကုန်သော
ရွှေမြန်မာ ပညာတတ်ကြီးများသတိထားနိုင်ပါစေသတည်း...
ပြည်သူ့ အကျိုးပြုလုပ်ငန်းဆိုတာ ဟိုနေရာမှ၊ သည်နေရာမှမဟုတ်ပါဘူး... တတ်နိုင်သည့် နေရာ၊ ရသည့် 
နေရာကလုပ်လည်းရတယ်ဆိုတာ ဒီပုဂ္ဂိုလ်ကြီးက ပြနေတယ်လို့ ခံစားမိပါတယ်...
တစ်ဖက်က ကိုယ်တတ်ကျွမ်းသည့် ပညာဖြင့် အသက်မွေးဝမ်းကျောင်းနေစဉ် တစ်ခြားတစ်ဖက် ( အနည်း
ဆုံးတော့ အားလပ်ချိန်ပေါ့ ) မှာလည်း အများအကျိုးပြုလုပ်ငန်းတစ်ခုခုတော့ လုပ်နေနိုင်ပါသေးတယ်... 

A genius with 11 university degrees who speaks five languages fluently is working as a LOLLIPOP MAN.

Dr Bruce Berry is in the top one per cent of Britain’s brain-boxes.
Yet five days a week the Mensa boffin bikes four miles to help kids cross the road.
Bruce, 70, who became a Doctor of Philosophy with a 425-page thesis on Russian-born writer Andrei Makine, said: “I love working for degrees but wanted to do something for the community. It’s nice to get kiddies to and from school safely.”
As well as his PhD, Bruce has three BAs, seven MAs and is fluent in French, German, Italian, Spanish and Russian.
The modest bachelor from Sharlston, West Yorks, started work as a post office clerk and studied in his spare time before becoming a translator.
Bruce gets £200 a month to patrol for 90 minutes a day outside Crofton School, Wakefield, where his dad was a teacher.
He said: “I feel part of the family there.” - www.thesun.co.uk

0 comments: